Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 2, 2015

ချိုင်းမွေးတွေကို ပန်းရောင်ဆိုးခဲ့တဲ့ မိုင်လေဆိုင်းရပ်စ်


အမေရိကန် အဆိုတော် မိုင်လေဆိုင်းရပ်စ် သည် တစ်ကိုယ်ရေသန့်ရှင်းရေး နှင့်ဆိုင်သော ၎င်း၏ ချိုင်းမွေးများ ကို မရိတ်သည့်အပြင် ယင်းချိုင်း မွေးများကို ပန်းရောင်ဆိုးခဲ့သည်။
အသက် (၂၂)နှစ်အရွယ်ရှိ မိုင်လေဆိုင်းရပ်စ်သည် ယောက်ျားလေးမိတ်ဆွေတစ်ဦးနှင့်အတူ ချိုင်းမွေးများကို ပန်းရောင်ဆိုး နေကြောင်း ဓာတ်ပုံများ မေလ ၁ ရက် နေ့လယ်ပိုင်းတွင် ၎င်း၏ Instagram စာမျက်နှာ၌ ဖော်ပြခဲ့သည်။ ထို့နောက်တွင် မိုင်လေဆိုင်းရပ်စ်သည် ပန်းရောင်ချိုင်း မွေးနှင့် ဓာတ်ပုံကိုလည်း ဖော်လိုဝါ ၁၈ ဒသမ ၆ သန်းရှိသော ၎င်း၏ Instagram စာမျက်နှာ၌ ဖော်ပြခဲ့ရာ အငြင်းပွားမှုများကို ဖြစ်စေခဲ့သည်။

မိုင်လေဆိုင်းရပ်စ်သည် ဟောလိဝုဒ်မင်းသားကြီး အာနိုး၏ သားဖြစ်သူနှင့် မတ်လက လမ်းခွဲ ခဲ့ပြီးနောက် ရည်းစားဟောင်းဖြစ် သူ The Hunger Games သရုပ်ဆောင်မင်းသားလီယမ်ဟမ်းစ် ဝေါ့သ်နှင့် ဆုံတွေ့မှုရှိခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
7 Day Daily

No comments:

Post a Comment