Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 10, 2015

သားကို လွမ်းစိတ်နဲ့ မျက်ရည်မဆည်နိုင်တဲ့ မေသန်းနု



သားဖြစ်သူနှင့် ခေတ္တခွဲ ခွာရခြင်းဖြစ်သောကြောင့် စိတ်ခံ စားမှုမဖြစ်နိုင်ဟု ထင်ခဲ့သော် လည်း အမှန်တကယ်ခွဲခွာရချိန် တွင် အတူနေခဲ့ရသည့်အချိန်များ ကို စဉ်းစား၍ သတိရစိတ်ဖြင့်စိတ် မကောင်းဖြစ်မိကြောင်းမေသန်းနု ကပြောသည်။

‘‘အတူတူနေတုန်းကတော့ သိပ်မသိသာဘူး။ ခွဲရချိန်ကျတော့ စိတ်ထဲမှာ အလိုလိုဖီလင်တွေဖြစ် လာတာပေါ့။ ကျောင်းသွားတက် တာပဲ။အချိန်တန်ရင် ပြန်လာမယ် ဆိုတဲ့ အသိကတော့ရှိတယ်။ တစ် နေကုန်စိတ်မကောင်းဘူး။ ဘယ် လိုဖြစ်မှန်းလည်းမသိပါဘူး။ ကိုယ့်ဟာကိုယ်ဘာမှမဖြစ်ဘူးပဲ ထင်တာ။ ဒါပေမဲ့ အိမ်မှာသူ့အ ခန်းလေးတွေ၊ သူ့ပစ္စည်းလေးတွေ ကြည့်ပြီး စိတ်မကောင်းဘူး။မျက် ရည်တောင်ကျလာတယ်’’ဟု ၎င်း ၏ ခံစားမှုကိုပြောသည်။

မင်းသန့်မောင်မောင်သည် အမေရိကန်နိုင်ငံလော့စ်အန်ဂျ လိစ်မြို့ရှိ New York Flim School တွင်ဒါရိုက်တာပညာရပ်ကို တက် ရောက်မည်ဖြစ်ပြီး ၂နှစ်ခန့် ကြာမည်ဟု မေသန်းနုကပြောသည်။

‘‘ငါ့စိတ်တွေမာကျောတယ် ထင်ထားတာ သားသွားတာ တစ် ရက်တောင်မပြည့်သေးဘူး။ ငါ့ ပါးပေါ်မှာ မျက်ရည်စတွေနဲ့’’ ဟု သားဖြစ်သူနှင့်ပတ်သက်၍ခံစား ချက်ကို မေသန်းနုအသုံးပြုသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်မေလ ၈ရက်နေ့လယ်က တင်ထားသည်ကိုတွေ့ရသည်။

မင်းသန့်မောင်မောင်သည် မေလ ၈ရက် နံနက်က အမေရိ ကန်နိုင်ငံလော့စ်အန်ဂျလိစ်မြို့ တွင် ကျောင်းတက်ရန် ဖခင်စင် ရော်မောင်မောင်နှင့်အတူ ထွက် ခွာသွားပြီဖြစ်ပြီး မေသန်းနုလည်း လေဆိပ်သို့လိုက်ပါပို့ဆောင်ပေး ခဲ့သည်။

စင်ရော်မောင်မောင်က၎င်း၏သားအမေရိကန်နိုင်ငံတွင်အခြေကျစေရေး၊ ကောင်းမွန်စွာပညာသင်ကြားနိုင်ရေး အတွက် သားဖြစ်သူနှင့်တစ်လခန့် နေထိုင်ပေးမည်ဖြစ်ကြောင်းပြောသည်။
http://7daydaily.com/story/36926#.VU9TcpOIXap

No comments:

Post a Comment