Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 7, 2015

မိခင်နဲ့ ဝမ်းထဲက ကလေးပါ သေဆုံးခဲ့ရတဲ့ ရင်နင့်ဖွယ် ဖြစ်ရပ်




မေလ ၅ ရက်နေ့က ချင်းမိုင်မြို့ ဆမ်စိုင်းအရပ်ရှိ မယ်ခါ ရေမြောင်းထဲ၌ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။
သေဆုံးသူမှာ မြန်မာနိုင်ငံ ကယားပြည်နယ် မဲ့စယ်မြို့နေထိုင်သူ အသက် ၂၃ နှစ် မဒါးဒါအေး ဖြစ်ပြီး သေဆုံးစဉ်မှာ ကိုယ်ဝန် ၈ လကျော်ရှိနေပြီး မီးဖွားရန် ရက်ပိုင်းသာ လိုတော့သည်ဟု သိရသည်။
ဖြစ်စဉ်မှာ သေဆုံးသူ၏ အသိမိတ်ဆွေများ ပြောကြားချက်အရ မဒါးဒါအေးသည် မေလ ၄ ရက် ညနေပိုင်းတွင် ဟင်းစာရှာထွက်ရန် ထွက်သွားသည်ဟု ပြောသည်။ မဒါးဒါ၏ ခင်ပွန်းဖြစ်သူ ဒေးဗစ်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ အပြန် ဇနီးဖြစ်သူကို မတွေ့တော့၍ ဖုန်းဆက်ရာတွင်လည်း ဆက်သွယ်မရကြောင်း နောက်နေ့ မေလ ၅ ရက် နံနက်ပိုင်းတွင် အနီးအနားရှိ ဆောက်လုပ်ဆဲတိုက်၏ ဒုတိယအထပ်ပေါ်မှ အလုပ်သမားတဦးက ရေမြောင်းရှိ ပိန်းပင်တွေကြား လဲနေသည့် မဒါးဒါအေးကို လှမ်းမြင်လိုက်သည်ဟု သိရသည်။
ရဲတွေ၏ ထွက်ဆိုချက်အရ သေဆုံးသူမှာ မည်သည့်ဒဏ်ယာ ဒဏ်ချက်မှ မတွေ့ရဘဲ လဲနေသည့် နေရာအနီးတွင် ပြတ်ကြနေသည့် ဓာတ်ကြိုးနှစ်ကြိုးရှိနေကြောင်း တကြိုးမှာ ပေါက်ပြဲနေသည့်အတွက် မဒါးဒါအေးသည် ကိုယ်ဝန်ဖြင့် ဓာတ်လိုက်သေဆုံးတာဖြစ်ကြောင်း ချင်းမိုင်ထုတ် နေ့စဉ်သတင်းတွေက ဖော်ပြထားသည်။
သေဆုံးသူ မဒါးဒါကို မဟာရတ် နခွန်ချင်းမိုင် ဆေးရုံက ဝမ်းဗိုက်ခွဲရာတွင် သားယောကျာင်္လေး ဖြစ်ပြီး သေဆုံးနေပြီ ဖြစ်သည်။ သားအမိ နှစ်ယောက်၏ ကြွင်းကျန်ရုပ်အလောင်းကို ဝပ်ဆိုင်းမွန်း မြန်မာဘုန်းကြီး ကျောင်းဝင်း၌ တရက်ထားရှိပြီး မေလ ၇ ရက် မွန်းလွဲပိုင်းတွင် ဝပ်ဆိုင်းမွန်း စေတနာ နာရေးကူညီမှု အသင်းမှ တာဝန်ယူ မီးသင်္ဂြိုလ်ပေးခဲ့သည်။
(ငြိမ်းဇော် - ဧရာဝတီ)

No comments:

Post a Comment