Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 2, 2015

လူတိုင်းတွေ့ဖူး မြင်ဖူးမှု နည်းပါးသော ပူးများ မြန်မာနိုင်ငံတွင် တဖြည်းဖြည်း ရှားပါးလာ




ကသာ ၊ ၂-၅-၂၀၁၅

မြန်မာနိုင်ငံတွင် ပူးကို မြင်တွေ့ဖူးသူ နည်းပါးပြီး တဖြည်းဖြည်း ရှားပါးလာသည့် အခြေအနေ ရှိနေကြောင်း သိရသည်။ ပူးကို အမေရိက တိုက်တွင် အများဆုံး တွေ့ရပြီး မြန်မာနိုင်ငံတွင် အတွေ့ရ နည်းသည်။ ရှေးအခါက ဥရောပတိုက်တွင် အသားစားရန်၊ ဆေးပညာနှင့် ဇီဝဗေဒပညာ ဆိုင်ရာ စမ်းသပ်မှုအတွက် အသုံးပြု မွေးမြူကြသည်။

ပူး ၏ သဘာဝမှာ အသီးအရွက် စားသုံးခြင်း ဖြစ်ပြီး အရွယ်အစား ၁ဝ လက်မခန့်ရှိကာ ဖို၊ မ ပုံသဏ္ဌာန် တူညီသဖြင့် ခွဲခြားရန် ခက်သည်။ အရောင်မှာ အဖြူ၊ အမည်း၊ အညို၊ အနီရောင် စသည်ဖြင့် ကွဲပြားစွာ တွေ့ရှိရသည်။

သဘာဝ အတိုင်း ဆိုပါက တစ်နှစ်လျှင် တစ်ကြိမ် နှစ်ကောင်မှ သုံးကောင်အထိ သားပေါက်သည်။ မွေးမြူထားလျှင် တစ်နှစ်လျှင် နှစ်ကြိမ်မှ သုံးကြိမ် သားပေါက်သည်။ နှစ်ကောင်မှ ရှစ်ကောင်ထိ ရှိသည်။

သက်တမ်းတိုသော သတ္တဝါဖြစ်ပြီး ခြောက်နှစ်မှ ခုနစ်နှစ်ထိသာ ရှိသည်။ အသီးအရွက် စားသော သတ္တဝါမျိုး ဖြစ်ပြီး အကောင်ရေ တိုးပွားမှု နည်းနေသဖြင့် မျိုးသုဉ်းမှု အန္တရာယ်မှ ကာကွယ်နိုင်ရန် မွေးမြူ သင့်သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

မွေးမြူနည်းမှာ ယခုအခါ အလှမွေးလျက် ရှိသော ကြွက်၊ ယုန် စသည်တို့ ကဲ့သို့ လုပ်ဆောင် မွေးမြူနိုင်သည်။ ကသာမြို့နယ် ငါးလူးတုံး ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ပူးများကို မွေးမြူ ထိန်းသိမ်း ထားကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment