Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 11, 2015

မြန်မာအလုပ်သမားတစ်ဦးကို သတ်ဖြတ်ပြီး အလောင်းဖောက်ဖျက်မှုဖြင့် ထိုင်းရဲမှုး ဆရာဝန်နှင့် သား ၂ ယောက်ကို ပြစ်ဒဏ်ချမှတ်


လွန်ခဲ့သော ငါးနှစ်က မြန်မာအလုပ်သမားကို သတ်ပြီး ခြံထဲမှာ မြုပ်ထားခဲ့မှုနှင့် ထိုင်းနိုင်ငံ ပချဘူရီ တရားရုံးက ထိုင်းရဲဆရာဝန်ကို သေဒဏ်ချမှတ်ခဲ့သည်။ သူ၏ သားတဦးကိုတော့ ထောင်ဒဏ်တ သက်တကျွန်း ချမှတ်လိုက်သည်။
နောက်ထပ်သားတဦးကိုတော့ သည်အမှုမှာ အနည်းငယ်သာ ပါဝင်ပတ်သက်ခဲ့သူအဖြစ် ထောင်ဒဏ် ၂၅နှစ်နှင့် သုံးလချမှတ်ခဲ့သည်။



သေဒဏ်ချမှတ်ခံရသောရဲဆရာဝန်က ထိုင်းရဲမှုး ဆူဖတ် လာအိုဝါတာနာဖြစ်ပြီး တကျွန်းခံရသောသူ၏ သားဖြစ်သူမှာ အာကီဖြစ်သည်။ အာမခံနှင့် လွှတ်မြောက်နေသူ ရဲဆရာဝန် ဆူဖတ်ကို တရားရုံးက ဖမ်းဝရမ်းထုတ်ထားသည်။ သူ့ကို ကမ္ဘောဒီးယားနိုင်ငံမှာ နောက်ဆုံးတွေ့ မြင်ခဲ့ရကြောင်း သိရသည်။

သူ၏ သားနှစ်ဦးဖြစ်သည့် အာကီနှင့် အာကရာမှာ တရားရုံးကိုလာပြီး တရားစီရင်ချက်ကို လာရောက်ကြားနာခဲ့ သည်။ သူတို့ သားအဖတွေကို သူတို့ အလုပ်သမား ဟောင်းတွေဖြစ်သည့် ကူုလားနှင့် ရောင်ဆိုသည့် မြန်မာလူမျိုးအလုပ်သမား နှစ်ဦးက အီတာဆိုသည့် အလုပ်သမား တဦးကို သတ်ပြီး ကန်ချနပူရီက သစ်သီးခြံထဲမှာ မြုပ်ထားမှူနှင့်ပတ်သက်ပြီး တရားစွဲဆိုခြင်းခံရခြင်းဖြစ်သည်။

သစ်သီးခြံထဲမှာ မြုပ်နှံထားသော အရိုးများကို သတ်သေအဖြစ်ဖော်ထူတ်ခဲ့ပြီး သူနှင့် အလုပ်အတူ လုပ်ခဲ့သော မြန်မာအလုပ်သမား များ၏ ထွက်ဆိုချက်အရ မြန်မာအလုပ်သမား အီတာ၏ အလောင်းဆိုသည်ကို ရဲများက ဖော်ထုတ်ခဲ့သည်။

သေဆုံးသူမြန်မာအလုပ်သမား သည် ရဲမှုးဆူဖတ်၏ တတိယဇနီးနှင့် ဖောက်ပြန်နေသည့်အတွက် ဒေါ်သအလျောက် သတ်ပြစ်ခဲ့ခြင်းဟုတရားရုံးက လူသတ်မှု၏ အကြောင်းရင်းကို ဖော်ထုတ်ခဲ့သည်။
ဆူဖတ်နှင့် သားဖြစ်သူက မြန်မာအလုပ်သမား ကို သတ်ကြောင်းဝန်ခံခဲ့ပြီး သူတို့ ၏ လူသတ်မှုကို ဖုံးကွယ်သည့်အနေဖြင့် အလောင်းကို မြှပ်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုသည်။
တရားရုံး၏ စိရင်ချက်ကိုနားထောင်ပြီးသောအခါ သားဖြစ်သူများက အာမခံ လျှောက်ပြီး အယူခံတင်ဖို့ ပြင်ဆင်နေကြသည်။

ထိုင်းရဲမှုးဆရာဝန်ဆူဖတ်သည် မြန်မာအလုပ်သမား များစွာကိုနှစ်ပေါင်းများစွာ လစာမပေးဘဲ ကျွန်ပြုခိုင်းစေခဲ့သူဖြစ်သည်။
နောက်ထပ်မြန်မာအလုပ်သမား တဦးကိုလည်းသူက သတ်ရန်ကြံစည်မှုကိုလည်း ထွက်ဆိုဝန်ခဲ့သည်။ အဆိုပါအလုပ်သမား ကို သူက ခေါင်းနှင့် ပါးစပ်ကို သေနတ်ဖြင့် ပစ်ခဲ့သော်လည်း အလုပ်သမားမှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ထိုအလုပ်သမား က တခြားအလုပ်သမား များနှင့် အတူ ရဲဆီမှာ ဆူဖတ်ကို တိုင်ကြားခဲ့သည်။

ထို့ ပြင်သူ၏ မြန်မာအလုပ်သမား ဟောင်းများက ဆူဖတ်ကို ဧက ၄၀ရှိ နာနတ်သီးခြံထဲမှာ မြန်မာအလုပ်သမား နှစ်ယောက်ကို သတ်ပြီးမြုပ်ထားမှုနှင့် တရားစွဲဆိုခဲ့သည်။

၂၀၁၃ခုနှစ်ကလည်း ရဲများက ဆူဖတ်ကို သူ၏ အိမ်မှာခိုးရာပါ ကုန်ကားတစင်းကိုတွေ့ ရှိမှုနှင့် ငါးနှစ်ထောင်ဒဏ်အပြစ်ပေးခဲ့ သည်။ ထိုကားမှာ ၂၀၀၉ ကပျောက်ဆုံးနေခဲ့သော ထိုင်းလင်မယားစုံတွဲ၏ ကားဖြစ်သည်ဟု သိရပြီး ထိုစုံတွဲ၏ မိဘများက တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဆူဖတ်၏ သစ်သီးခြံထဲကို ရဲများက ရှာဖွေတူးကြည့်သည့်အခါ လူအရိုးစု၃ခုကို တွေ့ ရပြီးတခုမှာ မြန်မာအလုပ်သမား အီတာ၏ အရိုးစုဖြစ်ကြောင်းသိရသည်။ အခြား အရိုးစု၂ခုကိုမှူကျား၊မ မည်သူမည်ဝါဆိုတာ မဖော်ထုတ်နိုင်သေးပါ။ သို့ သော် သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးခဲ့ကြောင်းကိုသာဖော်ထုတ်နိုင်ခဲ့သည်။ .

လင်းလင်း

The Ladies News Journal

No comments:

Post a Comment