Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 5, 2015

မေ၀ယ်သာနဲ့ ပက်ကွီအိုတို့ပွဲ သံသယဖြစ်စရာတစ်ခု ထွက်ပေါ်



မေ ၅၊ ၂၀၁၅
- ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ရာစုနှစ်ရဲ့ အကောင်းဆုံးပွဲလို့ သတ်မှတ်ကြတဲ့ အမေရိကန် လက်ဝှေ့ကျော် မေ၀ယ်သာနဲ့ ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုတို့ရဲ့ပွဲမှာ ၁၂ ချီအပြည့်ထိုးသတ်ပြီးတဲ့နောက် အမှတ်နဲ့ ဆုံးဖြတ်တဲ့အခါ ဒိုင်လူကြီး ၃ ဦးစလုံးက မေ၀ယ်သာကို အနိုင်ပေးလိုက်ပါတယ်။
ဒါပေမယ့် လက်ဝှေ့ပရိသတ်တွေကတော့ ဒီလိုအနိုင်ပေးလိုက်တာကို မကျေနပ်ကြပါဘူး။ ပက်ကွီအိုကသာ အနိုင်ရသင့်တယ်လို့ ပြောခဲ့ကြပြီး တိုက်စစ်အားသန်တဲ့ ပက်ကွီအိုက တစ်ပွဲလုံး လိုက်ထိုး၊ မေ၀ယ်သာက ပတ်ပြေးနေရတာကို ထောက်ပြခဲ့ကြပါတယ်။တာဝန်ရှိသူတွေကတော့ ထိုးတာထက် ထိချက်ပေါ်မှာ အမှတ်ပေးတာဆိုပြီး ပြန်လည်ဖြေရှင်းခဲ့ကြပေမယ့် လက်ဝှေ့ဆိုင်ရာ ကျွမ်းကျင်သူတွေတစ်ချို့က ထိချက်အရလည်း ပက်ကွီအိုကသာ နိုင်သင့်တယ်လို့ အထောက်အထားတွေနဲ့ ဆိုခဲ့ကြပါတယ်။ဒါနဲ့ပတ်သက်လို့ သံသဖြစ်စရာ၊ အငြင်းပွားစရာ ကိစ္စတစ်ခုကလည်း အခုရက်ပိုင်းမှာ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ ဒါကတော့ ပြိုင်ပွဲရဲ့ တရားဝင်အမှတ်ပေးဇယားမှာ ဒိုင်လူကြီး ၃ ယောက်စလုံးဟာ မေ၀ယ်သာနဲ့ ပက်ကွီအိုတို့ရဲ့ ကြိုးဝိုင်းထောင့် အရောင်တွေကို မှားယွင်းရေးသားထားတာပဲ ဖြစ်ပါတယ်။အဲဒီအမှတ်ပေးဇယားမှာ ဒိုင်လူကြီး ဂလင်း ဖဲလ်ဒ်မန်၊ ဘာ့တ် ကလီးမန့်နဲ့ ဒေ့ဗ် မိုရက်တီတို့ကို အဖြူရောင် (White)၊ အပြာရောင် (Blue)နဲ့ ပန်းရောင် (Pink) လို့ သတ်မှတ်ထားပါတယ်။ မေ၀ယ်သာကို အမှတ်ပေးထားတဲ့ ကော်လံမှာ ကြိုးဝိုင်းထောင့် အနီရောင် သင်္ကေတ (R) ကို ရေးသားထားပြီး ပက်ကွီအိုကို အမှတ်ပေးတဲ့ ကော်လံမှာတော့ ကြိုးဝိုင်းထောင့် အပြာရောင်သင်္ကေတ (B) ကို ရေးသားထားပါတယ်။တကယ်တော့ မေ၀ယ်သာက အပြာထောင့်ကနေ ထိုးတာဖြစ်ပြီး ပက်ကွီအိုက အနီထောင့်ကနေ ထိုးတာဖြစ်ပါတယ်။ ဒီလိုမှားယွင်းမှုကြောင့် ဒိုင်လူကြီးတွေက မှားယွင်းပြီး မေ၀ယ်သာကို အနိုင်ပေးလိုက်တာလားဆိုပြီး စောဒကတက်တာတွေ ရှိလာပါတယ်။ဒီလိုမှားယွင်းမှုမျိုးဟာ မတော်တဆ မှားယွင်းမှုမျိုး ပိုဖြစ်နိုင်ပြီး ဒိုင်လူကြီးတွေဘက်ကလည်း ရည်ရွယ်ချက်ရှိရှိ မှားယွင်းတာမျိုး မဖြစ်နိုင်လောက်ပါဘူး။ ဒိုင်လူကြီး မိုရက်တီရဲ့ အမှတ်ပေး ဇယားကွက်အောက်မှာ “ဒိုင်လူကြီးအားလုံးရဲ့ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက်နဲ့ မေ၀ယ်သာ နိုင်သည်” လို့ လက်ရေးနဲ့ ရေးထားပါတယ်။ဒီမှားယွင်းမှုကို မေးခွန်းထုတ်ခဲ့သူတွေထဲက တစ်ဦးကတော့ နာမည်ကျော် လက်ဝှေ့သမားဟောင်း ဟိုလီဖီးဖြစ်ပြီး “သိပ်မကောင်းတဲ့ ဒီပွဲမှာ ပက်ကွီအို နိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။လက်ဝှေ့ပရိတ်သတ် တော်တော်များများကလည်း ဒီအမှတ်ပေးဇယားက မှားယွင်းမှုအတွက် ဆိုရှယ်မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းထုတ်ခဲ့ကြပါတယ်။ပက်ကွီအို အနိုင်မရခဲ့လို့ မကျေနပ်တဲ့ ပရိတ်သတ်တွေအတွက် ဒါက ထောက်ကွက်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ ကြိုးဝိုင်းအတွင်းမှာ မနိုင်မရခဲ့တဲ့ ပက်ကွီအို ပရိတ်သတ်တွေရဲ့ နှလုံးသားကို သိမ်းကြုံးယူသွားနိုင်တာကတော့ သေချာပါတယ်။Ref: Dailymailcredit - M Media

No comments:

Post a Comment