
၅၀၀၀ တန်အသစ်ကို စစ်ဆေးကြည့်ရှုနေသည့် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦးကို မေ ၁၉ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-စိုးသန်းလင်း)
“မနေ့ က ၁၂နာရီမှာ ကျွန်တော် ငွေသွားလွှဲတော့ အများကြီးတော့ မဟုတ်ပါဘူး၊ ငွေနှစ်သိန်းကျော် မှာပါတဲ့ ငါးထောင်တန် အသစ် ငါးရွက် ကိုငွေလွှဲကောင် တာက ဝန်ထမ်းက ရွေးထုတ်ပြတယ်၊ လက်မခံဘူး” ဟု ဒေသခံ လုပ်ငန်းရှင်တစ်ဦးက မဇ္ဈိမကို ပြောသည်။
ငါးထောင်တန် အသစ်၏ ရေစာ ဆင်ရုပ်အငယ်သည် ယခင်ကကဲ့သို့ ငါးထောင်တန် သင်္ကေတ ဆင်ရုပ် အကြီးနှင့် မျက်နှာချင်းဆိုင်မနေဘဲ (ပုံပါအတိုင်း)ကျော ခိုင်းလျက်ရှိခြင်း၊ ရေစာဆင်ရုပ် အငယ်၏ အပေါ်တွင် အကွက်စိပ်ဖော်ထားသည့် ကမ္ဘာလုံး ထိပ်ပိုင်းပုံပါနေခြင်း၊ အချို့က မပါရှိခြင်း၊ ထောင်လိုက် ထည့်ထား သည့် ငွေကြိုးသည် အပြားကြီးပြီး အပြာရောင်ဖြစ်နေခြင်း စသည့် ကွဲလွဲချက်များရှိနေခြင်းကြောင့် အချို့က အတုဟု ယူဆနေကြောင်း၊ပြည်သူနှင့်ငွေကြေး ဆိုင်ရာ အဖွဲ့အစည်းများအား ယခုထက်ပိုပြီး ပညာပေးရှင်းလင်းမှုများ ပြုလုပ်ပေးသင့်ကြောင်းနှင့် ယခင်ထွက်ရှိထားသည့် မို (mold) နှင့် ဒီဇိုင်းအတိုင်း မပြောင်းလဲဘဲ ဆက်လက်အသုံးပြုမည်ဆိုပါက ထုတ်လိုက်ခြင်းကြောင့် ယခုကဲ့သို့  အခက်ကြုံကြရမှာ မဟုတ်ကြောင်းလည်း နေပြည်တော်နှင့် မန္တလေးဈေး ကွက်များတွင် ဝေဖန်ပြောဆိုနေကြသည်။
ငွေရေးကြေးရေးအဖွဲ့ အစည်းများ၏ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော် ဘဏ်များနှင့် ငွေကြေးကော်မတီနှင့် လာရောက်ဆွေးနွေးလျက်ရှိသည့် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦးကို ယနေ့ နေ့လယ်ပိုင်း ပြည်သူ့ လွှတ်တော်၌ တွေ့ စဉ် မဇ္ဈိမက မေးမြန်းရာ “ဒီကိစ္စကို ကျွန်မသေသေချာချာ မသိသေးတဲ့ အတွက်ကြောင့်မို့  ကမ္ဘောဇဘဏ်ကို ကျွန်မ မေးရဦးမယ်။ မေးပြီးမှပဲ ဒီကိစ္စကို ကျွန်မ ရှင်းလင်းချက် ပေးလို့ ရမယ်” ဟု ပြန်ဖြေခဲ့သည်။
ယခုကဲ့သို့ ငါးထောင်တန်ငွေစက္ကူအသစ် ထုတ်လုပ်ထားမှုကို ပြည်သူများ၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ အဖွဲ့ အစည်းများအား အသိပေး ရှင်းလင်းထားပါ သလားဟု ထပ်မေးရာတွင် သူမက “ဘာလို့ မရှင်းရမလဲ၊ သတင်းစာထဲမှာ ပါတယ်လေ၊ အခု နောက်ထပ်တစ်ခါတောင် ဘဏ်တွေအားလုံးကို ထပ်ဆင့် ပြီးတော့ ရှင်းသေးတယ်။ ငွေစက္ကူမှာပါတဲ့ security track တွေ ဘယ်လို ပြောင်းလဲလာတယ်က အစ အကုန် ပြောပြီးသားပါ” ဟုပြန်ဖြေကြားခဲ့ပြီး အသစ်ထွက် ရှိသော ငါးထောင်တန် ငွေစက္ကူတစ်ရွက်ကို သတင်းထောက်တစ်ဦးထံမှ တောင်းယူကြည့်ရှု စစ်ဆေးခဲ့သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/44837-2015-05-19-13-53-29
No comments:
Post a Comment