Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 18, 2015

ပုသိမ်က မျက်စိအခမဲ့ခွဲစိတ်ရေး အလှူ မဲဆွယ်တာလား


ဆလိုင်းသန့်စင်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သည့် ဦးစိုးဟန်လင်းက ပုသိမ်ခရိုင်အတွင်းရှိ မျက်စိဝေဒနာ ခံစားနေရသူများအား အခမဲ့မျက်စိခွဲစိတ် ကုသပေးသည့်အလှူကို ပုသိမ်မြို့တွင် ယနေ့ ပြုလုပ်ခဲ့ရာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် ညီ မညီ မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။

မျက်စိဝေဒနာရှင် ၅၀၀၀ အထိ အခမဲ့ကုသပေးရန် စီစဉ်ထားပြီး ကျပ်သိန်း ၃၀၀ ကျော် အကုန်အကျခံ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းမဟုတ်ဘဲ မျက်စိ ဝေဒနာရှင်တို့ အလင်းရစေရန်သာ ရည်ရွယ်ကြောင်း အလှူရှင် ဦးစိုးဟန်လင်းက ပြောသည်။ မျက်စိခွဲစိတ်လိုသူ မည်သူမဆို မေလ ၁၈ ရက်နေ့မှ ၂၁ ရက်အထိ ပုသိမ်ခရိုင် ကြံ့ခိုင်ရေးပါတီရုံးတွင် လာရောက်၍ စာရင်းပေးသွင်း ကုသမှုခံယူနိုင်ကြောင်း သိရသည်။

ယင်းအလှူပွဲကို ဧရာဝတီတိုင်းဒေသကြီးအစိုးရက ပါဝင်ကူညီထားပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်၊ သူနာပြုများက အခမဲ့ပြုစုကုသပေးနေကြောင်း သိရသည်။ ထို့ပြင်ပုသိမ်မြို့ပေါ်ရှိ ကြံ့ခိုင်ရေးပါတီဝင် အများအပြားလည်း လာရောက်ကူညီပေးနေသည်ကို တွေ့ရသည်။

ပုသိမ်မြို့ရှိ နိုင်ငံရေးလေ့လာသူများက ကြံ့ခိုင်ရေးပါတီမှာ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ် လာသည့်အတွက် ပြည်သူလူထုအား လိုအပ်သောအကူအညီများပေးအပ်၍ သွယ်ဝိုက်သောနည်းဖြင့် မဲဆွယ်ခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုကြသည်။ ပါတီမှ အင်အားဖြင့် လုပ်လျှင် လက်ခံနိုင်သော်လည်း ပြည်သူ၏ အခွန်ဘဏ္ဍာဖြင့် အများပြည်သူဝန်ထမ်းနေသော အစိုးရနှင့် ကျန်းမာရေးဝန်ထမ်းများ ပါဝင်နေခြင်းမှာ ရွေးကောက်ပွဲဥပဒေနှင့် ငြိစွန်းနေနိုင်သည်ဟု မေးခွန်းထုတ် နေကြသည်။
The Irrawaddy (Burmese Version)



No comments:

Post a Comment