ပညာရေး ပြုပြင်မှု ဆန္ဒပြပွဲတွေ ဖြိုခွဲခံရ |
အမျိုးသား ပညာရေး ဥပဒေ အတည်မပြု နိုင်ခင်မှာ အဆင့်မြင့် ပညာရေး ဥပဒေ ရေးဆွဲ ပြဋ္ဌဌာန်း နိုင်ဖို့ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဌာန တာဝန်ရှိသူ တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကျောင်းသား ကိုယ်စားလှယ် တွေ ဆွေးနွေး ခဲ့တာပါ ။
အမျိုးသား ပညာရေး ဥပဒေ ကို ၂ ပတ် လောက် အတွင်း အပြတ်ဖြတ် ဆွေးနွေး နိုင်မှာမို့ ဒီလို နောက်ဆက်တွဲ ဥပဒေတွေ ပြဋ္ဌဌာန်းဖို့ ဆွေးနွေး တာလို့ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ကျော်မြင့် က ပြောပြပါတယ် ။
ဒီအဆင့်မြင့် ပညာရေး ဥပဒေ မှာ လဲ အမျိုးသား ပညာရေး ဥပဒေ တုန်း ကလိုပဲ ထိပ်တိုက် ဆွေးနွေးစရာတွေ ရှိ တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ မြေလတ် ဗကသများ အဖွဲ့ချုပ် က ကိုချစ်ဝင်းမောင်က ရှင်းပြ ပါတယ် ။
ဆွေးနွေးပွဲ မှာ တော့ အဆင့်မြင့် ပညာရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် နဲ့ အဆင်မြင့် ပညာနဲ့ အသက်မွေး ဝမ်းကျောင်း နည်းပညာ ကို ဘယ်လို ချိတ်ဆက် ဆောင်ရွက် ကြမလဲ ဆိုတာကို အဓိက ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ် ။
ဆွေးနွေးပွဲ ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဌ ဒေါ်အောင်ဆန်း စုကြည် နဲ့ ကျောင်းသား ခေါင်း ဆောင်တွေ တက်ရောက် ဆွေးနွေး ခဲ့ပါတယ် ။
BBC Burmese
http://www.bbc.com/burmese
No comments:
Post a Comment