Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 3, 2015

မေ၀ယ်သာနှင့် ပတ်ကွီရိုပွဲ ထိုးခဲ့သည့် လက်သီးချက် အရေအတွက်


 မေ ၂ ရက်က ထိုးသတ်ခဲ့တဲ့ အမေရိကန် လက်ဝှေ့သမား မေ၀ယ်သာနဲ့ ဖိလစ်ပိုင် လက်ဝှေ့သမား ပတ်ကွီရိုတို့ပွဲမှာ ထိုးခဲ့တဲ့ လက်သီးချက်တွေကို မှတ်တမ်းတင်ထားပါတယ်။

မေ၀ယ်သာက လက်သီးချက် ၄၃၅ ချက်ထိုးခဲ့ရာမှာ ၁၄၈ ချက် ပတ်ကွီရိုကို ထိပြီး ပတ်ကွီရိုက ၄၂၉ ချက် ထိုးရာမှာ ၈၁ ချက် ထိခဲ့ပါတယ်လို့ ဆိုပါတယ်။

မေ၀ယ်သာက ဆတ်ထိုးချက်ပေါင်း ၂၆၇ ချက်မှာ ၆၇ ချက်ပဲ ထိမှန်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ပတ်ကွီရိုကတော့ ဆတ်ထိုးချက်၁၉၃ ချက်ထိုးခဲ့ပြီး ၁၃ ချက်ပဲ ထိမှန်ခဲ့ပါတယ်။

အားပြင်းတဲ့ လက်သီးချက် ၁၆၈ ချက်ကို မေ၀ယ်သာက ထိုးခဲ့ပြီး ၈၁ ချက် ထိမှန်ခဲ့ပါတယ်။ ပတ်ကွီရိုကတော့ ၂၃၆ ချက်ထိုးခဲ့ပြီး ၆၃ ချက်ထိမှန်ခဲ့ပါတယ်။

မေ၀ယ်သာက ပတ်ကွီရိုရဲ့ ထိုးချက်တွေကို ဆတ်ခနဲ့ ပုန်းရှောင်ခဲ့သလို ပြိုင်ဘက်က ကြိုးစားပြီး ထောင့်ထဲကို သိပ်ဖို့ကြိုးစားတိုင်း ရှောင်ထွက်နိုင်ခဲ့တယ်လို့ နယူးယောက်တိုင်း (မ်) သတင်းမှာ ရေးပါတယ်။

မေ၀ယ်သာရော ပတ်ကွီရိုနဲ့ပါ ထိုးခဲ့တဲ့ အော်စကာ ဒီလာဟိုယကတော့ မေ၀ယ်သာကို ထိုးသမျှ လွဲနေတာဟာ ဒေါသထွက်စေတယ်လို့ဆိုပါတယ်။

မေ၀ယ်သာက ဒီလိုရှောင်ထွက်နိုင်တိုင်း ပတ်ကွီရိုက ဒေါသထွက်သွားတာကို တွေ့မြင်ရတယ်လို့လည်း သူက ပြောပါတယ်။

fight-scorecard_3289928bပွဲစတဲ့ အချီတွေက အရေးကြီးသလို တကယ်လို့ ကနဦး အချီတွေမှာ ပတ်ကွီရိုက ကြိုက်သလို ဖိအားပေးလုပ်ဆောင်နိုင်ရင် အနိုင်ရမှာ ဖြစ်သလို မေ၀ယ်သာကို ပိုပြီး ထိုးစစ်ဆင်စေမှာ ဖြစ်ပြီး နာမည်ကြီး ခံစစ်ကို ပွင့်သွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း တဦးတယောက်ကမှ မေ၀ယ်သာကို ထိရောက်တဲ့ လက်သီးချက်တွေ မထိုးနိုင်ခဲ့ပါဘူးလို့ ဆိုပါတယ်။

ဒီပွဲဟာ ရန်ဖြစ်သလို စိတ်လှုပ်ရှားစရာဖြစ်ဖို့ မျှော်လင့်ထားတဲ့ ပရိသတ်တွေအတွက် ငြီးငွေ့စရာကောင်းပေမယ့် မေ၀ယ်သာ လိုချင်တဲ့ အတိုင်း ဖြစ်သွားတယ်လို့လည်း သတင်းက ရေးပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no

No comments:

Post a Comment