Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 13, 2015

ကလေးတွေကျောင်းနောက်ကျရင် မိဘတွေကိုအပြစ်ပေးမယ့် ဥပဒေ



ကလေးတွေကျောင်းနောက်ကျရင် မိဘတွေကိုအပြစ်ပေးမယ့် ဥပဒေ

ကျောင်းနေအရွယ်ကလေးငယ်တွေ မကြာခဏ ကျောင်းနောက်ကျမယ်ဆိုရင် မိဘတွေကို အပြစ်ပေးဖို့ အင်္ဂလန်အရှေ့တောင်ပိုင်းကဟမ့်ရှိုင်းယားပြည်နယ်မှာ ဥပဒေထုတ်လိုက်ပါတယ်။ ကလေးငယ်တစ်ယောက်က မကြာခဏ ကျောင်းနောက်ကျခဲ့မယ်ဆိုရင် မိဘတွေက စတာလင်ပေါင် ၆၀ လောက်ဒဏ်ငွေဆောင်ရမှာ ဖြစ်ပါတယ်။


ကျောင်းကပထမဆုံးအကြိမ်ချမှတ်လိုက်တဲ့ ဒဏ်ငွေကို ၂၁ ရက်အတွင်း မပေးဆောင်ဘူးဆိုရင် ဒဏ်ငွေက နှစ်ဆ မြင့်တက်သွားမှာဖြစ်ပါတယ်။ ဒါကိုမှ လုံးဝဒဏ်ငွေမဆောင်ပဲ ကျောင်းသားမိဘတွေက ပျက်ကွက်နေမယ်ဆိုရင်တော့ ထောင်ဒဏ်အထိအရေးယူခြင်း ခံရနိုင်ပါတယ်။ ကျောင်းတက်နှစ်တစ်နှစ်အတွင်းမှာ ကလေးငယ်တစ်ဦးက ဆယ်ကြိမ်ထက်ကျော်လွန်ပြီး ကျောင်းနောက်ကျခဲ့မယ်ဆိုရင် ကလေးငယ်ရဲ့မိဘက ဒီဒဏ်ငွေကို ပေးဆောင်စေဖို့ ပြည်နယ်ကောင်စီ တာဝန်ရှိသူတွေက ဥပဒေထုတ်ထားတာဖြစ်ပါတယ်။


ငွေကြေးဒဏ်ငွေချမှတ်တဲ့ကိစ္စဟာ တစ်ချို့မိဘတွေအတွက် အခက်အခဲဖြစ်စေနိုင်တဲ့ အရာဖြစ်လို့ ဒီဥပဒေကို ဝေဖန်တဲ့ကျောင်းသားမိဘတွေလည်းရှိနေပါတယ်။ ပြည်နယ်အတွင်းက ကျောင်းတွေမှာ ကလေးငယ်တွေ ကျောင်းပျက်ကွက်မှုနဲ့ နောက်ကျမှု များလာတဲ့အတွက် ဒီလိုဥပဒေထွက်လာခဲ့တာဖြစ်ပါတယ်။ ဟမ့်ရှိုင်းယား ပြည်နယ်အတွင်းမှာ အခြေခံပညာစာသင်ကျောင်းပေါင်း ၅၀၀ လောက်ရှိပါတယ်။
Ref - dailymail
http://www.planet.com.mm/detail/27760/World

No comments:

Post a Comment