Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 15, 2015

ခဏတွင်းချင်း သွေးတိတ်စေမယ့် ငရုတ်ကောင်းမှုန့်


အနာအမြန်ပျောက်ဖို့ သွေးတိတ်စေတဲ့ အရာတစ်ခုခု လိုအပ်ပါတယ်။ အနာပျောက်ကင်းစေဖို့ ရွံ့စေးမှုန့်က အကောင်းဆုံး သွေးတိတ်စေတဲ့ အရာဖြစ်ပါတယ်။ ဒါပေမယ့် လက်တစ်ကမ်းမှာ မရှိဘူးဆိုရင် အရောင်တင် ပန်းငရုတ်မုန့် (Paprika powder) ကို အသုံးပြုနိုင်ပါတယ်။ အရမ်းကြီးလည်း မစပ်ပါဘူး။

အတွင်းထိပြင်းထန်တဲ့ ရှရာတွေ၊ နာခေါင်းသွေးယိုခြင်းနဲ့ တစ်ခုခုနဲ့ ထိမိလို သွေးထွက်တာတွေဟာ ငရုတ်ကောင်းမုန့်နဲ့ဆို ခဏလေးအတွင်း သွေးတိတ်နိုင်ပါတယ်။

သဘာဝငရုတ်ကောင်းမုန့် အစစ်ဆိုရင် အကောင်းဆုံးဖြစ်ပါတယ်။ အဲဒါကို အနာပေါ် ဖြူးပြီး တစ်ရှူးတစ်ခုခုနဲ့ ဖိပေးလိုက်ရုံပါပဲ။ နောက်ပြီး အဲဒါကို ခြောက်အောင်ထားပါ။

ငရုတ်ကောင်းမုန့်က ခန္ဓာကိုယ်တွင်း သွေးယိုမှုအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ အဲသလို ဖြစ်လာတဲ့အခါ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာကို ရေနွေးနဲ့ရောပြီး သောက်ပေးပါ။

TrendMyanmar

No comments:

Post a Comment