Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 7, 2015

မန္တလေး နန်းတော်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ ကင်းကောင်


Thursday, May 7, 2015
ပြင်ဦးလွင်မှာ ဇာတ်ကား သွားရိုက်တဲ့ ဟာသ သရုပ်ဆောင် ကင်းကောင်က အခုလက်ရှိမှာမန္တလေးနန်းတော်ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြောင်း သိရပါတယ်။ ဆေးကုသမှုခံယူနေရတဲ့ ကင်းကောင်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ပတ်သက်ပြီး ဒါရိုက်တာဇေပါက
" ဦးကင်း၃ရက်နေ့ညမှာ ဆိုင်ကယ်လဲတယ်။ လဲတုန်းကဒူးပဲနည်းနည်း ပွန်းခဲ့တာပါ။ ၄ရက်နေ့မှာ လည်းခေါင်းနာတယ် မပြောဘူး။ ၅ရက်နေ့မနက် ရူတင် သွားဖို့ဦးကင်း အခန်းကိုသွားခေါ်တော့ ရေချိုးခန်း ထဲမှာလဲနေတာ။ ဦးကင်းအခြေနေ သိရအောင်ပြင်ဦးလွင် မှာ ဓာတ်မှန်ရိုက်ကြည့်တော့ ဦးခေါင်းခွံအောက် အလွာမှာသွေးခဲတယ်။ အပေါ်အလွှာမှာ နဲနဲကြေသလိုဖြစ်နေတာ။ဒါနဲ့ပြင်ဦးလွင်ကနေမန္တလေးနန်းတော်ဆေးရုံကိုမနေ့ကညကပို့လိုက်ပါတယ်။
ကိုခန့်ငြိမ်းချမ်းနဲ့ချစ်လူလူတို့လိုက်ပို့တာပါ။မန္တလေးမှာ၁ရက်၂ရက်ခဏထားပြီးသက်သာတာနဲ့ရန်ကုန်ပြန်မှာပါ။ ဦးကင်းအတွက်လိုအပ်တာတွေအကုန်လုပ်ဖို့ပြင်ထားကြပါတယ် ဦးကင်းကကျွန်တော်ရိုက်တဲ့ခင်လေးစိမ်းတယ်ဗီဒီယိုကို ကိုခန့် အိချောပိုတို့နဲ့ရိုက်နေတာပါ "လိုပြောပါတယ်။
Popular Journal

No comments:

Post a Comment