တိုကျို ၊ ၂၈-၅-၂၀၁၅
ဂျပန်နိုင်ငံ၏ ရေပိုင်နက် အတွင်း၌ သန္တာကောင် များကို ခိုးယူ ဖမ်းဆီး ခဲ့သည့် တရုတ်သင်္ဘောမှ ရေယာဉ်မှူး ကို ဂျပန် တရားရုံး တစ်ခုက မေလ ၂၇ ရက်တွင် ထောင်ဒဏ် ချမှတ် လိုက်ကြောင်း သိရသည်။
အသက် ၄၆ နှစ်အရွယ် ဖန်ဒုန်းပင် အမည်ရှိ တရုတ် ရေယာဉ်မှူး ကို ဂျပန်နိုင်ငံ တိုကျိုမြို့ တောင်ပိုင်း ကီလိုမီတာ ၆၀၀ အကွာရှိ ရေပိုင်နက် အတွင်း လွန်ခဲ့သည့် ဒီဇင်ဘာလ တွင် တရားမ၀င် သန္တာကောင် ခိုးယူ ဖမ်းဆီးမှုဖြင့် ယိုကိုဟားမား တရားရုံးက ထောင်ဒဏ် တစ်နှစ်နှင့် ငွေကြေးအဖြစ် ယန်း ၁၀ သန်း ( ဒေါ်လာ ၈၃၀၀၀) ပေးဆောင်ရန် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ဂျပန် အစိုးရက တရုတ် ရေယာဉ် တစ်စင်းအား ယခုကဲ့သို့ ဖမ်းဆီး ပြစ်ဒဏ်ချမှတ် ခဲ့ခြင်းမှာ နှစ်ပေါင်းများစွာ အတွင်း ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။
ဂျပန် ရေပိုင်နက် အတွင်း ခိုးဖမ်းသည့် တရုတ်ငါးဖမ်း သင်္ဘောများ ပမာဏမှာ ပိုမို မြင့်တက် လာခဲ့ကြောင်း ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့က လွန်ခဲ့သည့် နှစ်အတွင်း ထုတ်ဖော် ပြောကြား ထားသည်ဟု သိရသည်။
သန္တာကောင် များကို အာရှနိုင်ငံ အများအပြား တွင် ရတနာပစ္စည်း များနှင့် အခြား လက်ဝတ် လက်စား များတွင် အလှဆင်လေ့ ရှိသောကြောင့် ၄င်းတို့အား တရားမ၀င် ဖမ်းဆီးမှုမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုမြင့်တက် လာလျက် ရှိကြောင်း သိရသည်။
#PyiChitThar
No comments:
Post a Comment