ယန်းကီးမြေပေါ်ကကျနော့်ရဲ့အချို့သောဘ၀အတွေ့ ကြုံကလေးတွေ(၅)
==============================================
မောင်မောင်ကျော် ၊
၂၀၀၄ ကနေ ၂၀၀၉ ခုနှစ် ပညာသင်အထိ၅နှစ်တာလုံးကျနော့်ဘ၀ရဲ့အစိတ်အပိုင်းတခုဖြစ်ခဲ့ တဲ့ Kapiolani Community College, University of Hawaii ကောလိပ်နယ်မြေကလေး။ကျနော်ရောက်ခဲ့ အချိန်မှာ နွေရာသီ အချိန်ဆိုတော့တချို့ ကောလိပ်အတန်းတွေမဖွင့်ဘူး၊တချို့ ဆရာတွေလည်းနွေရာသီမှာနားကြတယ်
၊နောက် ပြန်ဖွင့်ပညာသင်နှစ်ရာသီအတွက်ပြင်ဆင်ကြ၊တချို့ လည်းအားလပ်ရက်ခရီးထွက်ကြစသည်အားဖြင့် လုပ်လေ့ရှိကြတယ်။ဒါကြောင့်နွေရာသီအတန်းတွေကအရေအတွက်နည်းပြီး၊ကျောင်းလခလည်းဈေးပိုကြီးကြ တယ်။
ထူးထူးခြားခြားပါဘဲ၊နွေရာသီအတန်းတွေသင်လေ့မရှိတဲ့ကျနော်ဆရာဒေါက်တာဟက်ဖ်နာကိုသူ့ ရုံးခန်း မှာတွေ့ လို့ ဝင်ပြီးနုတ်ဆက်ခဲ့သေးတယ်။အာရှလေ့လာရေးအတန်းနဲ့ မနုသဗေဒအတန်းတွေယူခဲ့စဉ်တုန်း ကကျနော်ရဲ့ဆရာ။သူကမြန်မာပြည်နဲ့ မြန်မာ့ယဉ်ကျေးမှုကိုအရမ်းလေးစားတဲ့အမေရိကန်ပညာရှင်တဦးပါ။ ဗီယက်နမ်စစ်ပြန်တဦးလည်းဖြစ်ပါတယ်။ဟာဝိုင်ယီတက္ကသိုလ်East West Center မှာမြန်မာလူမျိုးသမိုင်း ပညာရှင်ဆရာကြီး ဒေါက်တာမိုက်ကယ်အောင်သွင်နဲ့ ရင်းနှီးခဲ့ကြရာကနေမြန်မာပြည်ကိုအထူးပြုလေ့လာ သူဖြစ်ခဲ့တယ်။ဒေါက်တာမိုက်ကယ်အောင်သွင်နဲ့အတူMaking Modern Myanmarကိုပူးတွဲပြုစုခဲ့တယ်။သူရဲ့အထူးစိတ်ဝင်စားမှု ကမြန်မာ့ခြင်းလုံးဖြစ်ပါတယ်။မြန်မာပြည်ကို၇နှစ်ဆက်တိုက်လေ့လာရေးခရီးတွေလာခဲ့စဉ်အတွင်းအမရပူရ ဘက်မှာခြင်းလုံးပညာရှင်တွေကိုသွားရောက်တွေ့ ဆုံခဲ့ပြီးသုတေသနစာတမ်းပြုစုခဲ့တယ်။မြန်မာ့ပန်း၁၀မျိုး သုတေသနစာတမ်းအပါအ၀င်မြန်မာပြည်လေ့လာရေးတွေအများအပြားလုပ်ခဲ့တဲ့အမေရိကန်ပညာရှင်တဦးပါ။ ကျနော်သူ့ ရဲ့ကြီးကြပ်မှုနဲ့ ၂၀၀၇Kapiolani Community Collegeနိုင်ငံတကာပွဲတော်မှာမြန်မာ့ခြင်းလုံးကိုသ ရုပ်ပြခဲ့ တယ်။ ဆရာကမြန်မာ့ခြင်းလုံးကိုပါထည့်သွင်းပြချင်ပါတယ်ကူညီနိုင်မလားဆိုပြီးမေးလာတဲ့ အခါ၊ကိုယ့်မြန်မာ့ ယဉ်ကျေး မှုဆိုတော့ငြင်းဖိုခက်တောတ့တ်သလောက်မှတ်သလောက်နဲ့ ခြင်းလုံးဝိုင်းကလေးဖြစ်အောင်ဖန်တီးရတာပေါ့။့ခြင်းလုံးခတ်တတ်တဲ့ဗမာနှစ်ယောက်ကိုသွားရှာနောက်ထပ်နဲနဲပါးပါးခတ်တတ်တဲ့သူ၎ဦးနဲ့ ပေါင်းပြီးခြင်းဝိုင်းဖြစ်အောင်ဖန်တီးလိုက်ရတယ်။ဟာဝိုင်ယီမှာအခြေချနေထိုင်နေတဲ့ ABSDFအဖွဲ့ ဝင်ဟောင်းကိုဂျူးဂျူးကိုသွားခေါ်ပြီးပင်မခြင်းသမားနေရာမှာထားဟာဝိုင်ယီမှာကျောင်းလာတက်နေတဲ့ အင်းသားလူမျိုးမောင်စိုင်းနန္ဒနဲ့ နောက်ထပ်ကျနော့်အတန်းဖော်၃ယောက်ကျနော်ပါအပါ၆ယောက်ဝိုင်းကလေးဖြစ်ခဲ့ပြီး၆ယောက်တ၀ိုင်းအပို၁အပို၂စသည့်အားဖြင့်သရုပ်ပြပြီးကိုဂျူးဂျူးကတခါတရံမှာခြင်းကြီးတလုံးနှစ်လုံးနဲ့ ခြင်းလတ်တလုံးနှစ်လုံးပြနိုင်ပြီးမြန်မာ့ခြင်းလုံးကိုကောလိပ်ရဲ့ နိုင်ငံတကာပွဲတော်မှတ်တမ်းမှာသရုပ်ပြနိုင်ခဲ့တယ်။ပွဲပြီးမှသက်ပြင်းချနိုင်တယ်။
ကျနော်အမေရိကန်ပြည်မကြီးကိုပြောင်းမှာမို့ လို့ ကျောင်းကိုအမှတ်တရပြန်လာကြည့်ရင်းဆရာ့ကိုဝင် နုတ်ဆက်တာပါလို့ ပြောတော့သူကအခြေအနေပေးတာနဲ့ ကျောင်းပြီးအောင်ဆက်တက်ဖို့ တိုက်တွန်းတယ်။ ဆရာ့ဆီမှာမနုဿဗေဒအတန်းတက်ပြီးတခြားSocial Scienceအတန်း တွေတက်တော့အရမ်း လွယ်သွားပါတယ်ဆရာ လို့ ပြောတော့၊သူကမနုသဗေဒဟာSocial Science ဘာသာရပ်တွေရဲ့မိခင်ဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီ ကောလိပ်နယ်မြေကလေးမှာတက်ဖူးခဲ့ သမျှအတန်းတွေ ထဲမှာကျနော်အပျော်ဆုံးအတန်းကဆရာဟက်ဖ်နာရဲ့မနုသဗေဒအတန်းပါ။ကျနော်ဆယ်ကျော်သက်ဘ၀အချိန် ကတည်းကစိတ်ဝင်စားခဲ့ တဲ့ ဘာသာရပ်ဆိုရင်မမှားပါဘူး။အဲဒီဘာသာရပ်ရဲ့ အကျိုးကျေးဇူးကြောင့်လူ့ အဖွဲ့  အစည်းတခုကိုယဉ်ကျေးမှုမနုသဗေဒနည်းနဲ့ ချဉ်းကပ်လေ့လာတဲ့ အလေ့အထရခဲ့တယ်။လူမျိုးစုတွေရဲ့ပဋိ ပက္ခကိုလေ့လာဖြေရှင်းခြင်းနဲ့ ပါတ်သက်တဲ့ အယူအဆမှာလည်းဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ အဆင့်ကိုမသွား ခင်၊ပြသနာဘယ်ကစခဲ့တယ်ဆိုတာကိုအရင်လေ့လာဆန်းစစ်တဲ့ အလေ့အထလည်းရခဲ့တယ်။ဆရာ့ ဟက်ဖ်နာရုံးခန်းကထွက်လာခဲ့ပြီးကျောင်းကင်န်တင်န်းမှာကော်ဖီဝင်သောက်ရင်းကျောင်းတက်ခဲ့ တဲ့အချိန် ကလေးတွေပြန်စဉ်းစားမိရင်းကျနော့်ရဲ့အလုပ်လုပ်ရင်းကျောင်းတက်ကိုယ်ပိုင်စီမံကိန်းကိုပြန်ပြီး အတွေးရောက်မိတယ်။ကျနော်တို့ မြန်မာပြည်ကအထက်တန်းစကားပြေလက်ရွေးစင်မှာသင်ခဲ့ရတဲ့ ဆရာကြီးဦးဖိုးကျားရဲ့မောင်ဘစီအကြောင်းကကျနော့်ခေါင်းထဲမှာစွဲနေတော့အမေရိကန်မှာအခြေချပြီး မကြာခင်မှာအသက်မွေးဝမ်းကြောင်းအလုပ်တခုခိုင်ခိုင်မာမာရှိပြီးတဲ့အခါအလုပ်လုပ်ရင်းကျောင်းတက် လုပ်ဖို့ စိတ်ကူးခဲ့ ပြီးအကြမ်းဖျဉ်း၅နှစ်စီမံကိန်းတခုကိုစိတ်ကူးနဲ့ အကောင်အထည်ဖော်ခဲ့  တယ်။မောင်ဘစီကိုအားကျတယ်ဆိုပေမယ့်ကျနော့်ရဲ့ပညာသင်အလုပ်လုပ်စီမံကိန်းကလူသားတွေမှာ လူမှုဝိဇ္ဇာပညာနဲ့ ကုန်ထုတ်လုပ်မှုပညာနှစ်မျိးဘဲရှိတယ်ဆိုတ့ဲမော်စီတုန်းအတွေးအခေါ်ကိုမှီးပြီးလိုက်ခဲ့  တာပါ။ကျနော့်ရဲ့စီမံကိန်းအကြမ်းဖျဉ်းက၅နှစ်အတွင်းတက္ကသိုလ်မှဘွဲ့ တခုရရမည်၊ကုန်ထုတ်လုပ်ငန်းနှင့် သက်ဆိုင်သောအသက်မွေးဝမ်းကြောင်းပညာရပ်ကိုတတ်ကျွမ်းပြီးပို၍ကောင်းမွန်သောလူနေမှုအဆင့် အဆန်းတွင်နေထိုင်နိုင်ရမည်။ကျနော်ကလေအေးစက်နဲ့ ရေခဲသေတ္တာ၊အအေးခန်းTechnicianတယောက် ပါ၊အဲဒီသင်တန်းကိုစက်မှုလက်မှုကျောင်းမှာတနှစ်တက်ခဲ့ပြီး၊ဟိုနိုလူလူမျြိ့လည်ကအဆောက်အဦးတချို့ မှာပြုပြင်ထိန်းသိမ်းရေးမက္ကင်းနစ်လုပ်ရင်းနောက်ထပ်အလားတူသင်တန်းလက်မှတ်တခုကိုစာပေးစာယူ နည်းနဲ့ ထပ်တက်ခဲ့တယ်။လက်မှတ်၂ခုရပြီးနောက်ပိုင်းပေါင်မုန့် စက်ရုံမှာပျြပြင်ထိန်းသိမ်းရေးမက္ကင်းနစ် အဖြစ်အလုပ်ဝင်ရင်းတခြားသောကုန်ထုတ်လုပ်ငန်းခွင်ကစက်ပြင်သင်တန်းတွေကိုအလုပ်လုပ်ရင်းလေ့ လာခဲ့တယ်။ကျနော့်မူရင်းအသက်မွေးဝမ်းကြောင်းအလုပ်ကလေအေးစက်၊အအေးခန်းနည်းပညာဖြစ်ပေမယ့်၊ စက်ရုံမှာလုပ်သက်ရလာတဲ့ အခါတခြားဘာသာရပ်တွေဖြစ်တဲ့ တွင်ခုံ၊လျှပ်စစ်ဂဟေ၊ဘျွိင်လာ၊ဟိုက်ဒရော လစ်စနစ်။မုန့် ဖုတ်မီးဖိုအကြီးစားတ်ေလုပ်ငန်းသုံးကရိယာတွေကိုလေ့လာသင်ယူပြီးဖြစ်သွားတယ်။ အမေရိကန်တွေရဲ့အခေါ်အရဆိုရင်တော့ကျနော်ကကော်လံပြာအလုပ်သမား၊ကျွမ်းကြင်အလုပ်သမား၊ အသက်မွေးဝမ်းကြောင်းအတွက်သိပ်ပြီးစိတ်ပူစရာမလိုတော့ဘဲ၊လူတန်းစေ့နေနိုင်တဲ့ အလုပ်သမား မျိုးဖြစ်လာတယ်။စက်ရုံမှာလုပ်သက်၂နှစ်လောက်ရလာတဲ့ အခါကောလိပ်ကိုအချိန်ပိုင်းစတက်ခဲ့ တယ်။ ကျနော်ကအမေရိကန်မှာကြီးပြင်းခဲ့သူမဟုတ်တဲ့အတွက်အခြေခံပညာရေးတွေမတက်ခဲ့ဘူးဘဲတခြားနိုင်ငံ ကနေဆယ်တန်းအောင်ခဲ့ တဲ့ အုပ်စုအမျိုးအစားဆိုတော့သူတို့ ရဲ့ကောလိပ်အတန်းတွေမှာအရမ်းကိုကြိုး စားပြီးလိုက်ယူခဲ့ ရတယ်။ကောလိပ်ကအချိန်ပိုင်းတက်ရင်တော့ဘွဲ့ တခုရဖို့ ၈နှစ်လောက်တက်ရတတ် တယ်၊အချိန်ပြည့်ဆိုရင်တော့၎နှစ်နဲ့ ၅နှစ်အကြားကြာတတ်တယ်။အဲဒီအထဲမှာမှB.Aသို့ မဟုတ်B.Sတွေကို မသွားသေးဘဲ၂နှစ်ကျော်လောက်မှာA.A(Associate inArts) ဆိုတဲ့ ဘွ့ဲအသေးကိုအရင်ယူကြတာလည်းရှိတယ်။အဲဒီဘွဲ့ အသေးကအချိန်ပြည့်တက်ရင် ၂နှစ်ကျော်ကျော်လောက်ကြာပေမယ့်ကျနော်ကအချိန်ပိုင်းတက်ရင်း၅နှစ်အကြာမှာအဲဒီဘွဲ့ အသေးကလေး တခုရတယ်။အဲဒီ၅နှစ်တာအချိန်အတွင်းမှာကောလိပ်မှာစာလိုက်နိုင်ဖို့ အတွက်တနေ့ တနေ့  အိပ်ချိန်တွေလျှော့ပြီးစာဖတ်တဲ့ အချိန်တွေပိုပေးခဲ့ရတယ်။ညဖက်အလုပ်ပြီးနေ့ ဖက်အလုပ်ပြီးနေ့ ဖက်မှာကျောင်းတက်ရတော့ကျနော့်ရဲ့အိပ်ချိန်တွေကတခါတခါမှာတနေ့ ကို၅နာရီလောက်သာအိပ် ရပြီးတခါတခါမှာ၎နာရီလောက်သာအိပ်ရတဲ့ရက်တွေအများကြီးပေါ့။အနာခံမှအသာစံရမယ်မဟုတ်လား။ အဲဒီလိုပင်ပန်းတဲ့ ဘ၀မှာရှင်သန်ရလို့ ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေပိုများလာခဲ့ တယ်။တချိန်ထည်းမှာ ဘဲကျွမ်းကျင်လုပ်သားတယောက်ဖြစ်လာဖို့ ဘယ်လိုစံနစ်တကျလေ့ကျင့်ရတယ်ဆိုတာကိုကိုယ်တိုင်ကိုယ် ကျပါဝင်လေ့ကျင့်သင်ယူပြီးသားဖြစ်သွားတယ်။အဲဒီအတွေ့ အကြုံန့ဲပညာဟာကျနော်မြန်မာပြည်အတွက် အကျိုးပြုလုပ်ငန်းတခုခုလုပ်ပေးဖို့ သဘောထားကိုပိုပြီးခိုင်မာလာစေတယ်။
အလုပ်လုပ်ရင်းကျောင်းတက်စီမံကိန်းကြောင့်ပိုပြီးပင်ပန်းခဲ့ ပေမယ့်ကျောင်းတက်တဲ့ အတွက်စာပိုတတ်လာ တယ်၊တနည်းအားဖြင့်လူမှုဝိဇ္ဇာပညာတွေပိုပြီးတိုးလာတယ်၊ဆင်ခြင်တုံတရားတွေပိုပြီးတိုးလာတယ်၊ လူ့ အဖွဲ့ အစည်းအတွင်းလူအမျိုးမျိုးအကြားမှာရှင်သန်နေထိုင်ဖို့ အတွက်အထောက်အကူပြုဗဟုသုတွေပိုပြီး တိုးလာတယ်၊ တဖက်ကလည်းအလုပ်လုပ်ရင်းကုန်ထုတ်လုပ်မှုအတတ်ပညာကိုဆည်းပူးနေခဲ့ တဲ့အတွက်အသက်မွေးဝမ်း ကြောင်းမှုအတွက်ပိုပြီးစိတ်ချရတဲ့အခြေအနေကိုရောက်လာခဲ့ တယ်။ကျနော်တို့ မြန်မာပြည်ကလုပ်သား များ ကောလိပ်ဆိုတဲ့ သဘောကလည်းအဲဒီလိုသဘောမျိုးခပ်ဆင်ဆင်ဖြစ်မှာပါ။ဒါကြောင့်လုပ်သား များကောလိပ်က ကျောင်းသားတွေမှာတခြားကျောင်းတက်ဘွဲ့ ရလုပ်ငန်းခွင်ဝင်သူတွေနဲ့ မတူတဲ့  စရိုက်လက္ခဏာတွေရှိကြတယ် လို့ ထင်ပါတယ်။အလုပ်လုပ်ရင်းပညာသင်ပေါ်လစီကြောင့်ကျနော့်ရဲ့တွေးခေါ်ပုံတွေကမှအစ၊စကားပြောဟန်၊ စာရေးတဲ့ ဟန်တွေပါပြောင်းလဲခဲ့ တယ်။ကောလိပ်က Culinary Arts ဌာနကဖွင့်ထားတဲ့ 2nd Cup Café မှာ နောက်ထပ်ဘလက်ကော်ဖီတခွက်သောက်ရင်းကျနော့်ရဲ့၅နှစ်စီမံကိန်းအကြောင်းဆက်ပြီးတွေးနေမိခဲ့ တယ်။ကျနော့်ရဲ့မူရင်း၅နှစ်စီမံကိန်းအရ B.A (Anthropology) မရသေးဘဲA. A (Liberal Arts)ရခဲ့ပြီးဖြစ်တဲ့အတွက်လမ်း တ၀က်အထိကျောင်းတက်ခဲ့ ပြီ၊အသက်မွေးဝမ်းကြောင်းပညာရပ်ကိုလေ့လာခဲ့ပြီ၊ကျနော့်စီမံကိန်း ၇၅%အောင်မြင်ခဲ့ တယ်လို့ ကောက်ချက်ချရင်း၊ခွက်ထဲကလက်ကျန်ကော်ဖီကိုအပြီးသတ်လိုက်တယ်။ ဟာဝိုင်ယီမှာကျနော်ကောင်းမွန်စွာရှင်သန်နေထိုင်ခဲ့ပြီ။အမေရိကန်ပြည်မကြီးမှာကောင်းမွန်စာရှင်သန်နိုင်ရေး အတွက်နောက်ထပ်ဘ၀တိုက်ပွဲကြီးတခုကိုရင်ဆိုင်ရဦးမည်။နယူးယောက်ကိုပြောင်းတဲ့အခါမှာတော့လွန်ခဲ့  တဲ့ ဆယ်စုနှစ်တခုကျော်အချိန်ကဟာဝိုင်ယီကိုစတင်အခြေချစဉ်ကလိုမဟုတ်တော့၊နယူးယောက်မှာ ဘယ်လိုအလုပ်တွေရှာနိုင်မည်၊ဘယ်လိုရှင်သန်မည်ဆိုတာတွေကိုစီမံချက်အကြမ်းဖျဉ်းချပြီးပြောင်းရွှေ့ခဲ့နိုင်ပြီး၊ မကြာမီအသွင်ကူးပြောင်းရေးလုပ်နေပြီဖြစ်တဲ့ မြန်မာပြည်ကိုသွားသွားလာလာလုပ်ရင်း၊မိမိတတ်နိုင်တဲ့  ဖက်ကအကျိုးပြုတခုခုလုပ်နိုင်ဖို့ အထိပါအစီအစဉ်အကြမ်းဖျဉ်းချပြီးပြောင်းခဲ့တယ်။နယူးယောက်၊ တကဲ့ယန်းကီးမြေစစ်စစ်၊နိုင်ငံတကာကသန်းပေါင်းများစွာသောပြည်သူများအရူးအမူးဖြစ်ကြတဲ့  နယူးယောက်၊ကမ္ဘာ့ငွေကြေးဈေးကွက်ကြီးရဲ့ဗဟိုချက်မ၊လူမျိုးစုံတဲ့ ဧရာမမျြိ့ကြီး။။။ စသည်အားဖြင့်ရေးမကုန်လောက်အောင်ညွန်းဆိုရမယ့်နယူးယောက်၊တကဲ့ယန်းကီးမြေကိုကျနော် ဦးတည်ချီတက်ခဲ့ပြီ။
https://www.facebook.com/110828129057491/photos/pcb.542558972551069/542558852551081/?type=1&theater

No comments:
Post a Comment