Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 28, 2015

တောင်တရုတ်ပင်လယ် အတွင်း တင်းမာမှုများ မြင့်တက်စေရန် တရုတ်က လုပ်ဆောင်လျက် ရှိသည်ဟု အမေရိကန်စွပ်စွဲ



အငြင်းပွား ရေပြင်အတွင်း တရုတ်နိုင်ငံ ဆောက်လုပ်လျက် ရှိသော ကျွန်းတုတစ်ခု

ဝါရှင်တန် ၊ ၂၈-၅-၂၀၁၅

တောင်တရုတ် ပင်လယ် အတွင်း၌ ကျွန်းအတုများ ဖန်တီး တည်ဆောက် နေသည့် တရုတ်နိုင်ငံ ၏ လုပ်ဆောင်ချက် များသည် အာရှ - ပစိဖိတ် ဒေသအတွင်း တင်းမာမှုများကို ပိုမို မြင့်တက် လာစေလျက် ရှိကြောင်း အမေရိကန် ပြည်ထောင်စု က စွပ်စွဲ ပြောကြား လိုက်ကြောင်း သိရသည်။

တောင်တရုတ် ပင်လယ်အတွင်းရှိ အငြင်းပွား ရေပိုင်နက်များ အတွင်း ကျွန်းတုများ တည်ဆောက်၍ နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းနေသည့် တရုတ်အစိုးရ၏ လုပ်ဆောင်ချက် များသည် အိမ်နီးချင်း နိုင်ငံများနှင့် ဖြစ်ပွားနေသည့် တင်းမာမှုများကို ပိုမိုမြင့်တက် စေနိုင်ပြီး အမေရိကန်အစိုးရ အနေဖြင့်လည်း တရုတ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှု များကို လေ့လာ စောင့်ကြည့်လျက် ရှိကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန မှ ပြောရေးဆိုခွင့် ရှိသူ ဂျက်ရက်ကီ က မေ ၂၆ ရက်တွင် ပြုလုပ်သည့် တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် ပြောကြား ထားသည်။

ထို့အပြင် တောင်တရုတ် ပင်လယ်အတွင်း တည်ငြိမ်မှု ရှိရေးသည် အမေရိကန် အစိုးရ၏ အကျိုးစီးပွား တစ်ရပ် ဖြစ်ကြောင်း၊ ဒေသတွင်း တည်ငြိမ် အေးချမ်းမှုကို ထိန်းသိမ်းရန် တရုတ်နိုင်ငံအား မိမိတို့ အစိုးရအဖွဲ့က တိုက်တွန်း သွားမည် ဖြစ်ကြောင်းနှင့် တောင်တရုတ် ပင်လယ်အတွင်းရှိ အငြင်းပွား လေပိုင်နက် များအတွင်း တရုတ် လေယာဉ်များ ပျံသန်း နေခြင်းကိုလည်း ဆန့်ကျင်ကြောင်း ရက်ကီက ထပ်လောင်း ပြောကြား ခဲ့သည်ဟု သိရသည်။

#PyiChitThar

No comments:

Post a Comment