Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 17, 2015

အွန်လိုင်းတင်ရောင်းမယ့် မျိုးကြီးရဲ့သီချင်းတစ်ပုဒ်


မကြာမီထွက်ရှိမည့် အ ဆိုတော်မျိုးကြီး၏ ပြောင်းလဲခြင်း များ တေးစီးရီးတွင်ပါဝင်သော သီချင်းတစ်ပုဒ်ကို မေလ ၂၀ ရက် ၌ Myanmar Music Store မှ ဖြန့်ချိမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

မေလ ၂၀ ရက်တွင် စတင် ဖြန့်ချိမည့်သီချင်းမှာ တေးရေးစံပီး ရေးစပ်ထားသည့် မင်းမရှိတဲ့မြို့ သီချင်းဖြစ်ပြီး တစ်မိနစ်စာနမူနာ ကို https://www.myanmar musicstore.com တွင် ၀င်ရောက် နားဆင်၍ ကြိုတင်မှာယူနိုင် ကြောင်း Myanmar Music Store ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ကြေညာထားသည်။

ယင်းသီချင်းခွေတွင် သီချင်း စုစုပေါင်း ၁၂ ပုဒ်ပါဝင်မည်ဖြစ်ပြီး တေးရေးများအနေဖြင့် ကိုမိုး၊ ရယ်ဂျီ၊ စံပီး၊ စနို၊ အောင်းလာ၊ သွန်းပူ၊ ရှိန်း၊ ရှီမုန်နှင့် မျိုးကြီး ကိုယ်တိုင်ရေးစပ်ထားသည့် သီ ချင်းများပါဝင်သည်။

ပြောင်းလဲခြင်းများဟု အ မည်ပေးထားသော်လည်းယင်းအ ခွေတွင်ထိုအမည်နှင့် သီချင်းပါ ၀င်မည်မဟုတ်ဘဲ သီချင်းတစ်ပုဒ် မှ စာသားကိုကြိုက်၍ စီးရီးခေါင်း စဉ်ပေးခဲ့ခြင်းဖြစ်သည်ဟု မျိုး ကြီးက ပြောသည်။

မျိုးကြီးအနေဖြင့် တစ်ကိုယ် တော်အခွေမထွက်ဖြစ်သည်မှာ ငါးနှစ်ခန့်ရှိပြီဖြစ်ပြီး ယခင်သီဆိုနေသည့် သီချင်းပုံစံများနှင့် အများ ကြီးပြောင်းလဲမှုရှိမည်မဟုတ်ဟု ၎င်းက ဆိုသည်။

ယင်းအခွေကို ဇွန်လ ၇ရက် တွင် စတင်ဖြန့်ချိပေးမည်ဖြစ်ပြီး ဇူလိုင်၌ ပြုလုပ်မည့် Live 90 ဖျော်ဖြေပွဲတွင် ယင်းအခွေအသစ် မှ သီချင်းများဖြင့် ဖျော်ဖြေပေးရန် အစီအစဉ်ရှိသည်ဟု ၎င်းကဆို သည်။

7daydaily

No comments:

Post a Comment