Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 5, 2015

လယ်သမားတစ်ဦး ကြိုးဆွဲချသေဆုံးပြီးနောက် သစ်ပင်ကြီး မှန်သမျှ စောင့်ကြည့်ရန် နယူးဒေလီရဲများ တာဝန်တစ်ရပ် တိုးလာ




နယူးဒေလီ ၊ ၅-၅-၂၀၁၅

အိန္ဒိယအစိုးရ၏ မြေသိမ်း ဥပဒေ ကို ကန့်ကွက်သော အားဖြင့် လယ်သမား တစ်ဦး သစ်ပင်ပေါ် တက်၍ ကြိုးဆွဲချ သေဆုံးမှုကြီး ဖြစ်ပွားပြီး နောက် နယူးဒေလီ ရဲတပ်ဖွဲ့ကြီး အတွက် သစ်ပင်ကြီး မှန်သမျှ သတိထား စောင့်ကြည့်ရန် တာဝန်တစ်ရပ် တိုးလာကြောင်း သိရသည်။

မိမိကိုယ်ကို ကြိုးဆွဲချ သတ်သေခဲ့သူ လယ်သမား သည် အိနိယမှ Aan Aadmi Party (AAP) နိုင်ငံရေး ပါတီ၏ အစိုးရ၏ မြေယာဥပဒေ ကို ဆန့်ကျင်ကြောင်း နိုင်ငံရေး တရားပွဲ ကျင်းပနေစဉ် အနီးရှိ သစ်ပင်ပေါ် တက်၍ သက်သေ ပြခဲ့ခြင်း ဖ်ြစသည်။

အဆိုပါ ဖြစ်ရပ်ကြောင့် အိန္ဒိယ တစ်နိုင်ငံလုံး အထိတ်တလန့် ဖြစ်သွား ခဲ့ရပြီး ယခုကဲ့သို့ အဖြစ်မျိုး ထပ်မံ မဖြစ်ပွားစေရန် သစ်ပင် မှန်သမျှကို နယူးဒေလီ ရဲတပ်ဖွဲ့က စောင့်ကြပ် ကြည့်ရှု လာရခြင်း ဖြစ်သည်။

လယ်သမားသည် သစ်ပင်ပေါ်မှ ကြိုးဆွဲချပြီး သတ်သေခဲ့မှု ဖြစ်ပွား ပြီးနောက် မကြာမီ ရက်များက အသက် ၅၀ ခန့်ရှိ လူတစ်ဦးသည် ဂျန်တာမန်တာ ဆန္ဒပြကွင်းကြီး အတွင်းတွင် အိန္ဒိယ လူငယ် ကွန်ဂရက်က ကြီးမှူး၍ အစိုးရက လယ်သမားများ အပေါ် ဖိနှိပ်နေခြင်း အတွက် ကန့်ကွက်ပွဲ ကျင်းပနေစဉ် သစ်ပင်ပေါ် တက်သွားခဲ့ပြီး အိန္ဒိယရဲ များကို အကျပ်ကိုင်၍ သစ်ပင်ပေါ် မှ ပြန်ဆင်း စေခဲ့ကြောင်း အိန္ဒိယ ရဲတစ်ဦးက ပြောပြသည်။

ယနေ့ အချိန်တွင် နယူးဒေလီ ရဲများသာမက မြို့တော်ကြီး ရှိ မီးသတ်စခန်း များကပါ အိန္ဒိယ အစိုးရကို ကန့်ကွက် ဆန္ဒပြ သူများ အသုံးပြုနေသော နေရာတစ်ခု ဖြစ်သည့် ဂျန်တာမန်တာ ကွင်းကြီး အတွင်းသို့ မီးသတ် ရဲဘော်များ နှင့် မီးသတ်ကား တစ်စီး ပို့ထားရကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment