Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 21, 2015

၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်သူအကုန်ယူစနစ်တမျိုးထဲ သုံးမည်

၂၀၁၅ခုနှစ် ပါတီစုံအ​ထွေ​ထွေ​ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြု (ပီအာ)စနစ်ကို အသုံးပြုမှာ မဟုတ်ဘဲလက်ရှိ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ နိုင်သူအကုန်ယူစနစ်(အက်ဖ်ပီတီပီ) စနစ်နဲ့သာ ကျင်းပသွားမယ်လို့ ​ရွေး​ကောက်ပွဲ​ကော်မရှင်ဥက္ကဋ္ဌ ဦးတင်​အေးကပြောပါတယ်။

ရွေးကောက်ပွဲမှာ ပီအာစနစ်သုံးဖို့ အမျိုးသားလွတ်တော်မှာ ဆုံးဖြတ်ထားပေမဲ့ လာမဲ့ ရွေးကောက်ပွဲမှာတော့ နိုင်သူ အကုန်ယူစနစ်ပဲ ကျင့်သုံးသွားမယ်လို့ မေလ ၁၈ ရက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ သမ္မတနဲ့ နိုင်ငံရေးပါတီတွေ့ဆုံပွဲမှာ ပြောခဲ့ တာဖြစ်ပါတယ်။

ရွေး​ကောက်ပွဲ​ကော်မရှင် ဥက္ကဋ္ဌ ဦးတင်​အေး က “ပြည်သူ့လွှတ်​တော်​ကော၊ အမျိုးသား လွှတ်​တော်​ကော၊ တိုင်း​ဒေသကြီးနဲ့ ပြည်နယ်လွှတ်​တော်​ကော၊ ကျ​နော်ရဲ့ ​ရွေး​ကောက်ပွဲ စနစ်က အက်ဖ်ပီတီပီပဲ ဖြစ်ပါမယ်။ လွှတ်​တော်မှာ အမျိုးသားလွှတ်​တော်မှာ ဥပ​ဒေကြမ်း ​ဆွေး​နွေးတဲ့ ကာလပဲဖြစ်ပါတယ်။ ဧပြီလထဲမှာ ကျ​နော်စာတစ်​စောင်​ရေးပါတယ်။ ဧပြီလကုန်မှာ မဆုံးဖြတ်ဘူးဆိုရင်​တော့ ကျ​နော် မလုပ်​ပေးနိုင်ပါဘူး။ လွှတ်​တော်ကို ၂၀၁၃ ထဲက ကျ​နော် အသိ​ပေးခဲ့ပါတယ်။ ၂၀၁၄မှာပြဌာန်းမယ် ၂၀၁၅ မှာ ကျင့်သုံးပါ လို့​ပြောတယ်။ သို့​သော်လည်း အခုဧပြီလကုန်ထိ မပြဌာန်းနိုင်ဘူး ဆိုရင်​နောင်​ရွေး​ကောက်ပွဲ​ တွေမှသာ ဖြစ်​ပေါ်လာ​သော ဥပ​ဒေနဲ့အညီ ကျင့်သုံးပါလို့​ပြောခဲ့တာ​ကြောင့် ပြည်သူ့လွှတ်​တော်​၊ အမျိုးသား လွှတ်​တော်​၊ တိုင်း​ဒေသကြီးနဲ့ ပြည်နယ်လွှတ်​တော်​ တိုင်းရင်းသား လွှတ်​တော်ကိုယ်စား လှယ်များအားလုံး ဟာ အက်ဖ်ပီတီပီ စနစ်နဲ့ပဲကျင်းပ​ပေး သွားမယ်”လို့ပြောပါတယ်။

ဒါ့အပြင် လူမျိုးစုလွှယ်တော်ကိုယ်စားလှယ်တွေ ရွေးကောက်ဖို့အတွက် မဲဆန္ဒနယ်တွေ မသတ်မှတ်နိုင်သေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးလည်း ဦးတင်​အေးက ဆက်​ပြောပါတယ်။

“ကျနော် ခေါင်းအခဲဆုံးက တိုင်းရင်းသား လူမျိုးများရဲ့ကိုယ်စားလှယ်ပဲ။ ဒီကိစ္စကို သက်ဆိုင်ရာ ဝန်ကြီးတွေနဲ့ အစိုးရအဖွဲ့က အချိန်မီ လုပ်ပေးရပါမယ်။ ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ကတော့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တိုင်းရင်းသား လူမျိုးများ ဘယ်လောက်ရှိ တယ် ဆိုတာ ထုတ်ပြန်လိုက်ရင် အဲဒီ ထုတ်ပြန်လိုက်တဲ့ဟာကို မူတည်ပြီး တော့ ဝ ဒသမ ၁ ရာနှုန်းရှိတဲ့လူမျိုး များ၊ လူမျိုးစုများကို လွှတ်တော် ကိုယ်စားလှယ်အဖြစ် မဲဆန္ဒနယ် တစ်နယ်သတ်မှတ်ပြီးတော့ ရွေးကောက်ပွဲ ကျင်းပပေးသွားမယ်။”

ဖက်ဒရယ်ပြည်​ထောင်စုပါတီက ဦး​စောသန်းမြင့်ကတော့ လာမယ့်​လွှတ်​တော်အရပ်ရပ်နဲ့ အစိုးရအဖွဲ့ အသီးသီးမှာ တိုင်းရင်းသားပါတီအသီးသီးက ကိုယ်စားလှယ်​တွေ ပါဝင်ဖို့​မျှော်လင့်​တယ်လို့ ပြောပါတယ်။

“တိုင်းရင်းသားစည်းလုံးညီညွတ်မှူမပျက်ပြား​စေလိုရင် အစိုးရအဖွဲ့အသီးသီးမှာ ပြည်မက အင်အားကြီးပါတီနဲ့ အဖွဲ့အစည်း​တွေပဲ​နေရာယူမယ့်အစား ကျ​နော်တို့ပြည်နယ်မှာရှိတဲ့ ပြည်နယ်ကို ကိုယ်စားပြုတဲ့ တိုင်းရင်းသားပါတီစစ်​စစ်​တွေကိုလည်း ကြည့်​ပေးကြပါ”

ရွေးကောက်ပွဲကို ပထမအကြိမ်လွှတ်တော် သက်တမ်းမကုန်ခင် ရက်ပေါင်း ၉၀ အတွင်း ကျင်းပပေးရမှာဖြစ်လို့ အောက်တိုဘာလနောက်ဆုံးပတ်နဲ့ နိုဝင်ဘာလပထမပတ်အတွင်း ကျင်းပ​ပေးမှာဖြစ်ပြီး အနည်းဆုံးရက်ပေါင်း ၉၀ ၊ အများဆုံးလေးလကြိုကြေညာ​ပေးမယ်၊ မကြေညာခင် ၁၅ ရက် အလိုမှာ မဲဆန္ဒနယ်တွေ ကြေညာပေးမယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ကပြောပါတယ်။

ကျော်ဇေယျာဝင်း - DVB

No comments:

Post a Comment