Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 16, 2015

လူခုနစ်ဦးကိုတူဖြင့် ရိုက်နှက်ခဲ့သူ အမျိုးသားအား ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး




နယူးယောက် ၊ ၁၅-၅-၂ဝ၁၅

အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့တွင် လူခုနစ်ဦးကို တူဖြင့် ရိုက်နှက် တိုက်ခိုက်ခဲ့သူ ဟု ယူဆရသည့် အမျိုးသား တစ်ဦးအား ရဲတပ်ဖွဲ့က မေ ၁၃ ရက်တွင် ပစ်ခတ် ဖမ်းဆီး ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင် များသည် အဆိုပါ အမျိုးသားအား လူသွားလူလာ များပြားသည့် Penn ဘူတာရုံ အနီးတွင် တူတစ်လက် ကိုင်ဆောင် ထားသည်ကို တွေ့ရှိ ခဲ့ပြီးနောက် ၄င်းအား ဖမ်းဆီးရန် ကြိုးပမ်းရာမှ ယင်း အမျိုးသားက ရဲတပ်ဖွဲ့ဝင် နှစ်ဦးအနက် တစ်ဦးကို ပြန်လည်ခုခံ တိုက်ခိုက် ခဲ့ကြောင်း နယူးယောက် မြို့တော် ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူက ပြောကြား ထားသည်။

ယင်းနောက်တွင် အခြား ရဲတပ်ဖွဲ့ဝင် တစ်ဦးက အဆိုပါ တူကိုင်ဆောင် ထားသော အမျိုးသားကို ပစ်ခတ်ဖမ်းဆီး ခဲ့ရာ ၄င်း အမျိုးသားမှာ ရဲအရာရှိ၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း၊ ထို့နောက် ၄င်းအား ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

အသက် ၃ဝ နှစ်အရွယ် အမည်ဖော်ပြ ထားခြင်း မရှိသည့် အဆိုပါ အမျိုးသားသည် ယူနီယံ ရင်ပြင်တွင် မေ ၁၁ ရက်က လူခုနစ်ဦးကို တူဖြင့် ရိုက်နှက် တိုက်ခိုက်ခဲ့ရာ ယင်း၏ တိုက်ခိုက်မှု ကြောင့် အမျိုးသမီး သုံးဦးနှင့် အမျိုးသား တစ်ဦး စုစုပေါင်း လေးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ထားသည်။

#PyiChitThar

No comments:

Post a Comment