Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 10, 2015

ထိုင်းတောင်ပိုင်းတွင် ဖမ်းမိသော လူကုန်ကူးခံရသူ ၁၂၃ ဦးအထဲတွင် ၉၂ ဦးမှာ ဘင်္ဂလာဒေရှ့် နိုင်ငံသားများဖြစ်

(၂၀၁၄ ခုနှစ်က ဖန်င ခရိုင်အတွင်းတွင် ဖမ်းဆီးခံ ထားရသော ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများ၊ သို့သော်လည်း သူတို့ကို ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသူများ အဖြစ် ပုံဖော်ခဲ့ကြသည်။)

ရန်ကုန်၊ မေ ၁၀

ထိုင်းနိုင်ငံ တောင်ပိုင်း ဆောင်ခလ Songkhla တွင် လွန်ခဲ့သော သောကြာနေ့က ဖမ်းဆီးမိသူ ၁၂၃ ဦးအထဲမှ  ၉၂ ဦးမှာ ဘင်္ဂလာဒေရှ့် နိုင်ငံသားများ ဖြစ်ကြောင်း ဒက္ကား အခြေစိုက် Banglanews24.com မှ ယနေ့တွင် သတင်း ထုတ်ဖော် ရေးသားလိုက်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဘင်္ဂလာဒေရှ့် သံရုံးကို ဆက်သွယ်ပြီး ယင်းသတင်းကို Banglanews24 က ရေးသားရာတွင် အဆိုပါ ဘင်္ဂလာဒေရှ့်နိုင်ငံသား ၉၂ ဦးမှာ ၎င်းတို့ကို ၎င်းတို့ ဘင်္ဂလာဒေရှ့်နိုင်ငံသားများ ဖြစ်ကြောင်း အခိုင်အမာ ထွက်ဆိုခဲ့သည်ဟု ပြောသည်။

Banglanews24 မှ ဘန်ကောက်ရှိ ဘင်္ဂလာဒေရှ့်သံရုံးကို ဆက်သွယ်မေးမြန်းစဉ် ထိုင်းရဲတပ်ဖွဲ့ကို ကိုးကားပြီး သံရုံးက ထိုသို့ ပြောဆိုခဲ့သည်ဟု ဆိုသည်။

ယခုအခါ အဆိုပါ ဖမ်းမိသူများကို ထိုင်းနိုင်ငံ ဆောင်ခလ ခရိုင် Rathaphum ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

ဘင်္ဂလာဒေခ်ျ့ သံရုံးတာဝန်ရှိသူများ အနေဖြင့်လည်း များမကြာမီ ဆောင်ခလ ခရိုင်သို့သွားရောက်ပြီး သူ့နိုင်ငံသားများနှင့် တွေ့ဆုံမည်ဟု ပြောဆိုကြောင်း သတင်းတွင် ရေးသား ဖော်ပြသည်။

သူတို့အား လူမှောင်ခိုသမားများမှ ထိုင်းတောင်ပိုင်းတောနက်ထဲတွင် ပစ်ထားခဲ့ရာမှ ထိုင်းရဲတပ်ဖွဲ့က ကယ်တင်ခဲ့ရသည်ဟု သိရသည်။

ယခုအခါ မြန်မာအိမ်နီးချင်းနိုင်ငံ ဘင်္ဂလာဒေရှ့်မှာ လူဦးအရေအလွန်ထူထပ်ပြီး နိုင်ငံရေး မတည်ငြိမ်မှုများနှင့် အတူ  အလုပ်အကိုင်ရှားပါးမှုကြောင့် နေ့စဉ်လိုလို ထိုင်းနှင့် မလေးရှားသို့ ရေလမ်းကြောင်းမှ တဆင့်မော်တော်ဘုတ်များဖြင့် ထွက်ခွာနေကြပြီး ဖမ်းဆီးမှုများနှင့် အတူ သေဆုံးမှုများလည်း ရှိနေကြောင်း သိရှိရသည်။

သို့သော်လည်း ရိုဟင်ဂျာဆိုသူများ အရေးကို လှုပ်ရှားသူများမှ သူတို့၏ အရေးကို ကမ္ဘာမှ ပိုမိုအာရုံ စူးစိုက်လာစေရန် ရည်ရွယ်ချက်ဖြင့် သတင်းအမှားများ ထုတ်ပြန်ကာ သူတို့မှာ မြန်မာ အစိုးရနှင့် ရခိုင်လူမျိုးတို့၏ ခွဲခြားဆက်ဆံမှုနှင့် ဖိနှိပ်မှုများကြောင့် ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသူများ အဖြစ် ပုံဖော်ရေးသားကာ သတင်းများ ထုတ်ပြန်နေကြသည်ဟု သိရသည်။

နိရဉ္စရာ
http://www.narinjara.com/burmese

No comments:

Post a Comment