Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 10, 2015

ထိုင်းနိုင်ငံ ကားတိုက်မှု မြန်မာ အလုပ်သမား ၁၀ ဦးကျော် ဒဏ်ရာရ


 မေ ၉ ရက် ထိုင်းနိုင်ငံ ဖုတ်ဖရ မြို့နယ် အုန်းဖန် ၃၁ ကီလိုမီတာ လမ်းပေါ်မှာ ကားတိုက်မှု ဖြစ်ပွားပြီး မြန်မာ အလုပ်သမား ၁၀ ယောက်ကျော် ဒဏ်ရာရခဲ့ပါတယ်။

မြန်မာ အလုပ်သမား ၁၃ ဦးကို တင်တာလာတဲ့ ဟိုင်းလတ်ကား အပြာရောင်ဟာ ခြံထဲကနေထွက်လမ်းဖြတ်အကူးမှာ တဖက်က အီဆူဆူးပစ်ကပ် ကားနဲ့ ၀င်တိုက်မိတာ ဖြစ်ပါတယ်။

“ကျနော်ကားကထွက်လာပြီ လမ်းကလည်းရှင်းနေတယ်၊ စိတ်ထဲကနေ ကားမလာဘူးဆိုပြီး ထွက်လာတာ၊ လမ်းအလယ်လဲရောက်တော့ ဟိုဘက်မှာလာနေတာကို လှမ်းမြင်လိုက်တယ်။ သူဘရိုတ်နင်းလိုက်တယ်။ ဒါပေမယ့်မထင်မှတ်ဘဲ ဒီလိုဖြစ်ပါတယ်” လို့ ကားမောင်း သမား တဦးက ပြောပါတယ်။

အီဆူဆူး ပစ်ကပ် ကားက အဝေးကနေ အရှိန်နဲ့ ဖြတ်တိုက်လိုက်တာကြောင့် လိုက်ပါလာတဲ့ အလုပ်သမား ၁၃ ဦးစလုံး လွင့်စင့်ကြခဲ့ပြီး တချို့ အလုပ်သမားတွေ ဒဏ်ရာ ပြင်းထန်ခဲ့ပါတယ်။

ချက်ချင်းပဲ ကယ်ဆယ်ရေး ယာဉ်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရောက်လာပြီး လူနာတွေကို ဆေးရုံပို့နိုင်အောင် အမြန်ဆုံး ဆောင်ရွက်ခဲ့ကြပါတယ်။

ကားမောင်းသမား ၂ ဦးကိုတော့ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေက ဖုတ်ဖရ ရဲစခန်းကို ခေါ်ဆောင်သွားပြီး ဥပဒေနဲ့အညီ ဆက်လက် စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no

No comments:

Post a Comment