Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 12, 2015

မြေးလေးအား သေဆုံးသည်အထိ ပြေးစေခဲ့တဲ့ အဖွား တစ်သက်တစ်ကျွန်းထောင်ဒဏ်ချမှတ်ခံရ


Joyce Hardin Garrard က သူ့ရဲ့ မြေးမလေး Savannah ကို စာသင်ခန်းထဲမှာ သကြားလုံး လိမ်ယူတာနဲ့ ပတ်သက်ပြီး အပြစ်ဒဏ်ပေးချင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအပြစ်ပေးမှုကြောင့် Savannah သေဆုံးတဲ့အထိ ဖြစ်စေခဲ့လို့  Garrard ကို တစ်သက်တစ်ကျွန်းထောင်ဒဏ် အထိ ကျရောက်စေခဲ့တယ်လို့ The Washington Post က သတင်းဖော်ပြထားပါတယ်။
သူမက ၉ နှစ်အရွယ် Savannah ကို မရပ်မနား ၃နာရီကြာ ပြေးလွှားစေခဲ့ကြောင်း Garrard ရဲ့ အိမ်နီးချင်းတွေက တရားရုံးမှာ သက်သေထွက်ဆိုခဲ့ပါတယ်။ တခါတလေ ထင်းတွေသယ်ခိုင်းတယ်လို့ လည်း ဆိုတယ်။ Savannah အသက်ရှူဖို့ ရပ်နားတိုင်း သို့မဟုတ် အန်နေရင်တောင် အဖွားက ဆက်ပြေးဖို့ အော်ဟစ်ပြောဆိုခဲ့ပါတယ်တဲ့။
ရုတ်တရက်ဦးနှောက်ထိခိုက်မှုတစ်ခုဖြစ်ပြီးနောက် ဆေးရုံကိုပို့ပြီး ရက်အနည်းငယ်အကြာမှာ ဆုံးသွားခဲ့တယ်။ အချိန်အကြာကြီး ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ ကျွမ်းကျင်သူများက ပြောဆိုခဲ့တယ်။
တရားရုံးက Garrard အသက် ၅၀ ကို မတ်လက လူသတ်မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး သူမကို အဲဒီဂျူလီဖွဲ့ကပဲ ကတိဝန်ခံချက်မရှိ တစ်သက်တစ်ကျွန်းထောင်ဒဏ် ချမှတ်ခဲ့တယ်။ သူမ သေဒဏ်အထိပါ ချမှတ်ခံရနိုင်တယ်လိုဆိုပါတယ်။
 Ref: Cosmopolitan
http://www.trend.com.mm/2015/05/12/lifestyle-6579

No comments:

Post a Comment