Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 7, 2015

လာမည့်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝန်ကြီးချုပ်ဦးမြင့်ဆွေ ဝင်အရွေးခံဦးမည်

ကျော်စိုးဦး ရန်ကုန်၊
လာမည့် ၂ဝ၁၅ ခုနှစ် အထွေ ထွေ ရွေးကောက်ပွဲတွင် လက်ရှိ ရန် ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့် ဆွေသည် ရန်ကုန်တိုင်းဒေသကြီး အ တွင်းရှိ မဲဆန္ဒနယ်တစ်ခုမှ ဝင်ရောက် ယှဉ်ပြိုင်ရန်ရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ သိရ သည်။
ရန်ကုန်တိုင်းဒေသကြီး၏ မြို့ နယ် ၄၅ ခုမှ မြို့နယ်တိုင်းတွင် ပြည် ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်များ ဝင် ရောက်ယှဉ်ပြိုင်သွားရန်ရှိနေပြီး ထို အထဲတွင် လက်ရှိ တိုင်းဒေသကြီးဝန် ကြီး ဦးမြင့်ဆွေလည်း ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်း ရေးမှူး ဦးသာဝင်းက ရန်ကုန်တိုင်းမ် ဂျာနယ်သို့ ပြောသည်။
ယခင်ဗိုလ်ချုပ်ကြီးဟောင်း တစ် ဦးဖြစ်သူ ဦးမြင့်ဆွေသည် လက်ရှိရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဝန်ကြီးချုပ်အနေဖြင့် ဦးဆောင်နေသူ ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ မြေ ယာသိမ်းဆည်းမှုပြဿနာများ၊ လျှပ် စစ်မီးပြဿနာများ၊ ရေပြဿနာများ၊ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ၊ ရေ မြောင်းပြဿနာ စသဖြင့် ပြဿနာ ပေါင်းများစွာကို ကိုင်တွယ်ဖြေရှင်းနေ သော်လည်း သူ၏ ငါးနှစ်တာသက် တမ်းအတွင်း ထိရောက်စွာ ဖြေရှင်း နိုင်မှုကို မမြင်တွေ့ရသေးပါ။
ထို့ပြင် သူ၏ ခေါင်းဆောင်မှု အောက်တွင် ရန်ကုန်မြို့သစ်စီမံကိန်း ကိစ္စနှင့် ကျောင်းသားသပိတ်အား လက်ပတ်နီပတ်ထားသော လူအုပ်စု များ၏ အကြမ်းဖက်ဖြိုခွင်းသည့် ဖြစ် စဉ်များအား နိုင်ငံတကာနှင့် ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံ ရေး အင်အားစုများက ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။
အဆိုပါကိစ္စရပ်များနှင့် ပတ်သက် ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ထဲတွင်လည်း အရေးကြီးအဆိုများ၊ မေးခွန်းများကို လွှတ်တော်ကိုယ်စား လှယ်အချို့က မေးခွန်းထုတ်ခဲ့ကြသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ရန်ကုန်မြစ် တစ် ဖက်ကမ်းရှိ ဆိပ်ကြီးခနောင်တို မြို့ နယ်မှ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။
Yangon Media Group

No comments:

Post a Comment