Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 5, 2015

ရည်းစားဟောင်း၏ နာရေးတွင် အလောင်းအား ဓားဖြင့် ခုတ်ထစ်သူ အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီး


အမေရိကန်နိုင်ငံ အိုကလာဟားမားပြည်နယ်ရှိ အမျိုးသမီးတစ်ဦးကို အလောင်းဖျက်ဆီးမှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
အဖမ်းခံရသူအမျိုးသမီးမှာ အသက် (၂၆)နှစ်အရွယ် ရှန်နာဆင်းမ်စ်ဆိုသူ ဖြစ်ပြီး သူမ၏ ရည်းစားဟောင်းဖြစ်သူ၏ နာရေး၌ အလောင်းအား ခုတ်ထစ်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

Moore နာရေးဝန်ဆောင်မှု လုပ်ငန်း၏ မန်နေဂျာ ဖြစ်သူက ရဲတပ်ဖွဲ့ထံ ဖုန်းဆက်ပြီး အလောင်းဖျက်ဆီးခံရကြောင်း အလောင်းပိုင်ရှင် မိသားစုထံ အကြောင်းကြားပေးရန် ပန်ကြားခဲ့သည်။ အလောင်းကို ခေါင်းတလားတစ်ခုအတွင်း ထည့်ထားစဉ် ရှန်နာဆင်းမ်စ်က အခေါင်းဖုံးကို ဖျက်ဆီးပြီး အလောင်းအား ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များက သူမထံမှ သက်သေခံပစ္စည်းများဖြစ်သော ဓား၊ ကတ်ကြေးနှင့် သေတ္တာဖျက်ကိရိယာတို့ကို သိမ်းဆည်းရမိခဲ့သည်။
နာရေးဝန်ဆောင်မှုမှ ဒါရိုက်တာဖြစ်သူ ဂျွန်ဝီလ်ဆင်က သူ၏စီးပွားရေးလုပ်ငန်းတစ်လျှောက် ယခုကဲ့သို့ အဖြစ်မျိုး ယခင်က တစ်ကြိမ်တစ်ခါမျှ ကြုံဖူးခဲ့ခြင်းမရှိဟု ပြောကြားသွားသည်။
_Ref: Metro
http://7daydaily.com/story/36571#.VUkG3pOIXap

No comments:

Post a Comment