Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 9, 2015

မြန်မာ အမျိုးသမီး (၄)ဦးအား ထိုင်းလူကုန်ကူး ဂိုဏ်းသားများက အဓမ္မပြုကျင့်


၂၀၁၅ မေလ ၈ ရက်

 ယနေ့ ညနေပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း ခြုံဖွန်နယ်မြေ တောစပ်တစ်နေရာမှာ လူကုန်ကူးသူ တွေနဲ့ ၀င်ရောက်လာခဲ့ကြတဲ့ မြန်မာအလုပ်သမား၂၈ဦးကို ထိုင်းစစ်တပ်နဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း မန်နေဂျာအွန်လိုင်း သတင်းတွင် ဖေါ်ပြထားသည်။

 စူရတ်ဌာနီနယ်မှ မြန်မာပွဲစားများ အဆက်အသွယ်ဖြင့် ရောက်ရှိ လာကြသူများ ဖြစ်ကြသည်။ လူကုန် ကူးသူများက တောထဲတွင် ထားပစ်ခဲ့သဖြင့် အစာရေစာ မစားရသဖြင့် အမျိုးသား ဖြစ်သူများက နီးစပ်ရာ ရွာသို့ အစားအစာများ လာရောက် တောင်းခံကြရာ ရွာသူကြီးက ထိုင်းလုံခြုံရေး တပ်ဖွဲ့သို့ သတင်းပို့ခဲ့သည် ဟုဆိုသည်။

 တာဝန်ရှိသူများ စစ်ဆေးချက်အရ မြန်မာအမျိုးသမီး  ၄ဦးစလုံးတို့မှာ ထိုင်းလူကုန်ကူးဂိုဏ်းသား များ၏ အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ကြရသည်ဟု သတင်းတွင် ဖေါ်ပြထားသည်။

 အလုပ်သမား ၂၈ ယောက်တို့ အား တင်ဆောင်လာသည့် ကား၂စီးနှင့် ထိုင်းလူကုန်ကူးဂိုဏ်းကို မဖမ်းဆီး မိလိုက်ချေ။

မောင်သန့်
 Golden Worker
http://www.goldenworkers.asia

No comments:

Post a Comment