လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း မြင့်တက်လာတဲ့ ပင်လယ်ရေ မျက်နှာပြင်ဟာ အရင် နှစ် ၁၀၀ က မြင့်တက်တဲ့ ပယ်လယ် ရေမျက်နှာပြင်ထက် ပိုမြင့်နေတယ်လို့ သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။
Nature Climate Change ဆိုတဲ့ သဘာဝ သိပ္ပံ ဂျာနယ်မှာ ဖော်ပြတဲ့ အစီရင်ခံစာ တစ်ခုက ဆက်တလိုက်ကနေ ရရှိတဲ့ အရင်က အချက်အလက်တွေနဲ့ အခုရှိနေတဲ့ အချက်အလက်တွေကို စုပေါင်း တိုက်ကြည့်ရာက ထွက်လာတဲ့ အဖြေကို ဖော်ပြထားတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာတာကို တွေ့ခဲ့ရပြီး နောက်လာမယ့် ၈၅ နှစ်ကျရင် ပင်လယ်ရေမျက်နှာပြင်က ၉၈ စင်တီမီတာလောက် မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။
ပင်လယ်ရေ မျက်နှာပြင် ၉၈ စင်တီမီတာလောက် မြင့်တက်လာရင် ကမ်းရိုးတမ်းဒေသက လူသန်းပေါင်း ၁၅၀ က အဲဒီ ဒဏ်ကို ခံစားရမှာ ဖြစ်ပြီး တချို့ မြေနိမ့်ကျွန်းတွေ ရေအောက်ရောက်ပြီး ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။
အဲဒီလို ပင်လယ်ရေ မြင့်တက်မှုကို လျှော့ချဖို့ကတော့ ကမ္ဘာကြီး ပူနွေးမှု ကျဆင်းအောင် လုပ်ဆောင်ဖို့သာ ရှိပြီး ညစ်ညမ်းကာဗွန်ဓာတ်ငွေ့ ထုတ်လွှင့်မှုတွေ၊ လောင်စာဆီ အသုံးပြုမှုတွေကို သိသိသာသာ လျှော့ချ အသုံးပြုမှသာ ရနိုင်မယ်လို့ ဖော်ပြထားပါတယ်။
အဲဒီလို လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ ပင်လယ်ရေ မျက်နှာပြင် ၃၀ မီလီမီတာကနေ ၆၀ ကြားမှာပဲ တက်လာမှာ ဖြစ်တဲ့အတွက် ဒုက္ခရောက်သူ ဦးရေ ပိုနည်းပါးနိုင်တယ်လို့ ဖော်ပြထားပါတယ်။
By Selina Ross
ABC Radio Australia
http://www.radioaustralia.net.au/burmese
No comments:
Post a Comment