Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 7, 2015

မောင်တော ဒုချီးရားတန်း ကျေးရွာ ကြီးကြပ်ရေးမှူး အသတ်ခံရမှု ရဲမှူးက အတည်ပြုပြောကြား


 မောင်တော မေ ၇

 ရခိုင်ပြည်နယ်မှ ပြသနာများ မကြာခဏ ဖြစ်ပွားလေ့ရှိရာ  မောင်တောမြို့နယ် ဒုချီးရားတန်းတွင် ဘင်္ဂလီ လူမျိုးများ အကြား အချင်းချင်း သတ်ဖြတ်မှု တစ်ခု ယခုလ နှစ်ရက်နေ့က  ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်တွင် ကျေးရွာကြီးကြပ်ရေးမှူး တစ်ဦး အသတ်ခံခဲ့ရကြောင်း မောင်တောခရိုင် ရဲမှူးက အတည်ပြု ပြောကြားသည်။

“ ဖြစ်စဉ် မှန်ပါတယ်။ သူတို့အချင်းချင်း သတ်ဖြတ်ကြတာပါ။ ကျေးရွာကြီးကြပ်ရေးမှူး တာဝန်ခံ အသတ်ခံလိုက်ရပါတယ်” ဟု မောင်တောခရိုင် ရဲမှူးမှ နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

သတ်ဖြတ်ခံရသူမှာ ဒူချီးရားတန်း ကြီးကြပ်ရေးမှူး မာမတ်ဆုတန် ဖြစ်ပြီး သူ့အား သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ရာတွင် သဲလွန်စ ရှာဖွေရာ ကေအက်ဖ် ၇ ဒသမ ၆၅ စာတန်းပါ အရှည် ၇ ဒသမ ၇ စင်တီမီတာခန့် ကျည်ခွံလေးခု၊ လေးစင်တီမီတာခန့် ကျည်ထိပ်ဖူးတစ်ခု၊ ၁ဝ စင်တီမီတာ ခန့် ကျည်တစ်တောင့်တို့ကို တွေ့ရှိ ရကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့က ပြောသည်။

“ ဒီဖြစ်စဉ်က နယ်ခြားစောင့်ရဲအပိုင်မှာဖြစ်တဲ့ အတွက် အသေးစိတ်ကို ပြောဖို့ကျတော့ ခက်တယ်။ တရားခံတွေ ဖမ်းမိသလား၊ မဖမ်းမိဘူးလား။ သူတို့က ဘယ်သူတွေဆိုတာလဲ နယ်ခြားစောင့်တပ်ကို မေးရင် ရနိုင်ပါလိမ့်မယ်” ဟု ရဲမှူးက ပြောဆိုသည်။

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်တွင် နစကတပ်ဖွဲ့ကို ဖျက်သိမ်းပြီးနောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဖြင့် အစားထိုးခဲ့ရာ ယင်းဒေသတွင် သာမန် ရိုးရိုးရဲတပ်ဖွဲ့မှာ ရဲလုပ်ငန်းနှင့် ပတ်သက်ပြီး လုပ်ပိုင်ခွင့်များ မရှိသလောက် နည်းပါးသွားခဲ့ပြီး ရဲလုပ်ငန်းများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က တာဝန်ယူ ဆောင်ရွက်နေသည်ဟု သိရသည်။

နယ်စပ် တစ်လျှောက်ရှိ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်တို့တွင် ရာဇ၀တ်မှု အပါအ၀င် ပြစ်မှု မှန်သမျှကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က တာဝန် ယူဆောင်ရွက်နေကြောင်း သိရသည်။

ယခု လူသတ်မှု ဖြစ်စဉ်အားလည်း မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် နယ်ခြားစောင် တပ်ဖွဲ့ နခခ(၄)မှ ဌာနခွဲမှူး ယာယီရဲမှူး ငြိမ်းချမ်းအေး ဦးစီးအဖွဲ့က ကိုင်တွယ် ဆောင်ရွက်နေကြောင်း သိရသည်။

နိရဉ္စရာ
http://www.narinjara.com/burmese

No comments:

Post a Comment