Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 10, 2015

ပရိသတ်တွေရဲ့ အိမ်မက်နတ်သမီးလေးဖြစ်လာတဲ့ တေလာဆွစ်ဖ်


အမေရိကန် ကန်းထရီးအဆိုတော်မလေး တေလာဆွစ်ဖ်ဟာ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က သူမရဲ့ The 1989 ကမ္ဘာ့လှည့်လည် ဖျော်ဖြေရေးအစီအစဉ်ကို စတင်လိုက်ပြီပဲ ဖြစ်ပါတယ်။ သူမရဲ့ ပထမဆုံးရှိုးပွဲကို ဂျပန်နိုင်ငံက တိုကျိုမြို့မှာ စတင်ခဲ့ပြီး သူမရဲ့ နာမည်ကျော် သီချင်း ၁၈ ပုဒ်နဲ့ အားပါးတရ ဖျော်ဖြေခဲ့ပါတယ်။

တေလာဟာ တိုကျိုမြို့က ရှိုးပွဲမှာ ၁၉၈၀ ကျော်ကာလက ခပ်ဟော့ဟော့ ဖက်ရှင်မျိုးကို ၀တ်ဆင်ခဲ့ပါတယ်။ ဒီနေရာမှာ တေလာဟာ သူမရဲ့ အမာခံပရိသတ်တစ်ယောက်ကို မျက်ရည်ကျစေတဲ့ အထိ ပျော်ရွှင်မှုပေးနိုင် စွမ်းရှိတယ်ဆိုတာ ယူကျု့က ဗီဒီယိုဖိုင်တစ်ခုက သက်သေခံနေခဲ့ပါတယ်။ ဒါကတော့ လူမည်းအမျိုးသား အကသမားတစ်ယောက်က သူ့အနေနဲ့ တေလာဆွစ်ဖ်ရဲ့ ရှိုးပွဲမှာ ပါဝင်ဖျော်ဖြေခွင့်ရတာကို သူ့အမေဆီ ဖုန်းဆက်ပြောရင်း ငိုကြွေးနေခဲ့တဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။ အဲဒီ လူမည်းအမျိုးသားရဲ့မိခင်ကလည်း သူ့သား အတွက် ဂုဏ်ယူမိသလို သားဖြစ်သူ ပါဝင်တဲ့ရှိုးပွဲကိုလည်း လာအားပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၅ နှစ်သာ ရှိသေးပေမယ့် ကမ္ဘာကျော် အဆိုတော်တစ်ဦးအဖြစ် ရပ်တည်နေတဲ့ တေလာဆွစ်ဖ်ဟာ လူငယ်ပရိသတ်တွေရဲ့ အိမ်မက်နတ်သမီးလေး ဖြစ်လာတာ အသေအချာပဲ ဖြစ်ပါတယ်။ တေလာဟာ မကြာသေးခင်ကလည်း ကင်ဆာရောဂါ ခံစားနေရတဲ့ သူမရဲ့ ပရိသတ် အသက် ၁၂ နှစ်အရွယ် ကောင်မလေးတစ်ယောက်ဆီ ကို တိုက်ရိုက်ဖုန်းပြောပြီး နှစ်သိမ့်စကား ပြောကြားခဲ့ပါသေးတယ်။
http://www.planet.com.mm/detail/27727/Entertainment

No comments:

Post a Comment