Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 20, 2015

ကြက်ဥ အလုံး ၁၀၀၀ ကျော်ခိုးယူခဲ့တဲ့ လုံခြုံရေးဝန်ထမ်း ကို ဖမ်းမိ


အမျိုသားတစ်ယောက်ဟာ သူ့ရဲ့ အလုပ်ထဲက ခိုးယူထားတဲ့ ကြက်ဥ အလုံး ၁၀၀၀ ကျော်ကို သူ့ရဲ့နေအိမ် ရေခဲသေတ္တာအတွင်း သိုလှောင်ထားတာကို ဖမ်းမိခဲ့ပါတယ်။

တရုတ်နိုင်ငံ ၊ Pinghu မြို့တော်မှာ ရှိတဲ့ စားသောက်ကုန် စက်ရုံမှာ လုံခြုံရေး ၀န်ထမ်း အဖြစ်လုပ်ကိုင်တဲ့ Gu ဆိုသူဟာ သူ့ရဲ့ အလုပ်ထဲကနေ သေတ္တာကြီး၂ လုံး နဲ့ အပြည့် စားသောက်ကုန်တွေကို ခိုးယူခဲ့ပါတယ်။

ဒါကို သတင်းရရှိသွားတဲ့ ရဲ တပ်ဖွဲ့ဝင်တွေက Gu ရဲ့ နေအိမ်အတွင်း ၀င်ရောက်ရှာဖွေခဲ့ရာမှာတော့ ကြက်ဥ အလုံး ၁၀၀၀ ကျော်ကို သူရဲ့နေအိမ်ရေခဲ သေတ္တာအတွင်း သိုလှောင်ထားတာကိုတွေ့ရှိခဲ့ပြီး အသုံးပြုမယ့် နေ့စွဲတွေပါ ကပ်ထားသေးတယ်လို့ သိရပါတယ်။

ကြက်ဥတွေ အပြင် အသားတွေ ၊ ဆပ်ပြာတွေ ၊ တစ်ရှုးဘူးတွေ နဲ့ ဆပ်ပြာမှုန့် ပုလင်းတွေကိုလည်း ခိုးယူထားတာ ကို ဖမ်းမိခဲ့ပါသေးတယ်။

ရဲတပ်ဖွဲ့ဝင်တွေက Gu ကိုမေးမြန်းခဲ့ရာမှာတော့ သူခိုးခဲ့ကြောင်းကို Gu က ၀န်ခံထားပြီး ခိုးရတဲ့ အကြောင်းကတော့ ကြက်ဥတွေကို သူအရမ်းကြိုက်တဲ့အတွက် ဖြစ်တယ်လို့ ပြန်လည် ဖြေဆိုခဲ့ပါတယ်။

"ကျွန်တော် ဘယ်နှစ်ကြိမ်ခိုးခဲ့မှန်းလည်း မမှတ်မိတော့ပါဘူး။ သေချာတာကတော့ အကြိမ်အရေအတွက် ရာချီပြီးရှိပါတယ်။ ကျွန်တော့် တစ်အိမ်လုံးခိုးရာပါ ပစ္စည်းတွေချည်းပါပဲ" လို့ Gu က ၀န်ခံခဲ့ပါတယ်။

"ကျွန်တော်တို့ က သူဟာ အလုပ်ကြိုးစားပြီး တာဝန်ကျေပွန်တဲ့ လုံခြုံရေး ၀န်ထမ်းလို့ထင်ခဲ့တာပါ။ သူဟာ မိသားစု ၀င်တွေလည်း မရှိတော့တဲ့အတွက် ဘယ်သူမှ မလုပ်နိုင်တဲ့ ညစောင့်တာဝန်ကိုလည်း ယူပေးခဲ့ပါတယ်။" လို့ စက်ရုံက တာဝန်ရှိသူတစ်ဦးက Gu နဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

စက်ရုံ တာဝန်ရှိသူတွေအနေနဲ့လည်း ခိုးယူသူဟာ သူတို့ရဲ့ လုံခြုံရေးဝန်ထမ်းဖြစ်နေတဲ့အတွက် အံ့အားသင့်ခဲ့ ကြရပါတယ်။



( Mario )

Ref : Mirror
http://knowledge.thithtoolwin.com/2015/05/blog-post_34.html

No comments:

Post a Comment