Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 20, 2015

ငါးမန်းများကို အထိန်းအကွပ်မရှိ ဖမ်းဆီးနေ၍ တစ်နေ့တခြား ရှားပါးလာ




လော့စ်အိန်ဂျလိစ် ၊ ၂၀-၅-၂၀၁၅

ငါးမန်းများကို စည်းမဲ့ကမ်းမဲ့ ဖမ်းဆီးနေခြင်း၊ ဥပဒေဖြင့် ထိန်းချုပ်မှု အားနည်းခြင်း တို့ကြောင့် ယနေ့ ကမ္ဘာပေါ် ရှိသမျှသော ငါးမန်းများတွင် ၂ဝ ရာခိုင်နှုန်းကျော် လျော့နည်း လာကြောင်း ဆိုင်မွန်ဖရက်ဆာ တက္ကသိုလ် မှ သုတေသီ များက ထုတ်ဖော် ပြောဆို လိုက်သည်။

ကမ္ဘာပေါ်ရှိ နိုင်ငံများ အနက် နိုင်ငံပေါင်း ၁၂၆ နိုင်ငံတို့မှ ပင်လယ်ကမ်းဝေး ဝေလငါးဖမ်း သင်္ဘောအုပ်စု များဖြင့် ကမ္ဘာ တစ်ဝန်းရှိ ငါးမန်းများ ဖမ်းဆီးသတ်ဖြတ် နေကြောင်း သိရသည်။ သို့ဖြစ်၍ ငါးမန်း အများဆုံး ရှိခဲ့သော ၂ဝဝ၃ ခုနှစ်ကို စံထား၍ ယနေ့ ကမ္ဘာပေါ်တွင် ငါးမန်း အရေအတွက် သည် ၂ဝ ရာခိုင်နှုန်းခန့် လျော့နည်း လာကြောင်း တွေ့ရှိရသည်။

ကုလသမဂ္ဂ အဖွဲ့ကြီး ၏ ကမ္ဘာ့ စားနပ်ရိက္ခာ နှင့် လယ်ယာ စိုက်ပျိုးရေး အဖွဲ့ကြီး (FAO) ကလည်း ငါးမန်းများ သတ်ဖြတ် နေခြင်းသည် ဥပဒေကို မျက်ကွယ်ပြု၍ ထင်သလို လုပ်နေကြခြင်း ဟု ထောက်ပြ ပြောဆို လိုက်သည်။

ကမ္ဘာတစ်ဝန်းရှိ ပင်လယ် ကမ်းရိုးတန်း ဒေသများဖြင့် ဖွဲ့စည်းထားသော နိုင်ငံများတွင် ကမ်းရိုးတန်း ဒေသများ၌ လူဦးရေ ထူထပ်နေပြီး ပင်လယ်ပြင်ကို အမှီပြု၍ အသက်မွေး ဝမ်းကျောင်း နေကြခြင်းသည် ငါးမန်းကြီး များနှင့် ငါးလိပ်ကျောက် ကြီးများ အရေအတွက်ကို လျော့ပါး လာစေကြောင်း FAO အဖွဲ့ကြီး က ရှင်းပြသည်။

သီရိလင်္ကာ နိုင်ငံ၊ ပါကစ္စတန် နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့တွင် ကမ်းရိုးတန်း ဒေသ အများအပြားဖြင့် ပါဝင် ဖွဲ့စည်းထားသော နိုင်ငံများတွင် ပါဝင်ကြောင်း သိရသည်။ ငါးမန်းသားနှင့် ငါးလိပ်ကျောက် ကြီးမှာ တန်ဖိုးကြီးသော ပင်လယ် ထွက်ကုန်များ ဖြစ်နေ၍ ငွေကြေးရယူ လိုမှု တစ်ခုတည်း ကိုသာကြည့်၍ တရားမဝင် မှောင်ခို လုပ်ကိုင် နေခြင်းများ ကြောင့်လည်း ယခုကဲ့သို့ ငါးကြီးများ၏ အရေအတွက် လျော့ပါး လာရခြင်း ဖြစ်သည်။ ကနေဒါနိုင်ငံ၊  အမေရိကန်နိုင်ငံ နှင့် သြစတြေးလျ နိုင်ငံ အစိုးရများ ကမူ ငါးဖမ်းခြင်းကို စည်းကမ်းတကျ ဖြင့် လုပ်ကိုင် ဆောင်ရွက် နေကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment