Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 12, 2015

အမေရိကန် ကင်တပ်ကီကြက်ကြော်ဆိုင်ခွဲများ မြန်မာပြည်မှာ ဖွင့်တော့မည်

အမေရိကန် ပြည်ထောင်စုမှ နာမည်ကျော် KFC ကင်တပ်ကီကြက်ကြော်ဆိုင်သည် မြန်မာနိုင်ငံတွင် ဆိုင်ခွဲများ ဖွင့်လှစ်တော့မည် ဖြစ်ပါသည်။ ပထမဆုံးဆိုင်ခွဲကို ရန်ကုန်မြို့လယ်တွင် ဖွင့်မည် ဖြစ်၍ ရက်အတိအကျ မကြေညာသေးချေ။
 ဒုတိယအကြီးဆုံး ဖြစ်သည့် မန္တလေးတွင် ဆိုင်ခွဲ တစ်ဆိုင်နှင့် အခြားဆိုင်ခွဲများကို ရန်ကုန်တွင် ဖွင့်လှစ် လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။ KFC သည် စင်ကာပူအခြေစိုက် ရိုးမ စထရက်တဂျစ်ကို မြန်မာနိုင်ငံဆိုင်ရာ လုပ်ပိုင်ခွင့် ပေးအပ်ထားပါသည်။ ကမ္ဘာ့အကြီးဆုံး အစားအသောက်ဆိုင်ခွဲ ကုမ္ပဏီများအနက် တစ်ခု ဖြစ်သော၊ KFC သည် အမြန်ရ စားသောက်ဆိုင်ခွဲလုပ်ငန်းကို မြန်မာနိုင်ငံတွင် ပထမဆုံး ခြေလှမ်းစတင်သည့် မြောက်အမေရိကတိုက်မှ ကုမ္ပဏီ ဖြစ်လာပါမည်။ အခြား အမေရိကန်ကုမ္ပဏီများ ဖြစ်သော ကိုကာကိုလာ၊ ပက်စီ၊ မော်တော်ယာဉ်ထုတ်လုပ်သော ရှက်ဗလီနှင့် ဖို့ဒ်တို့သည် မြန်မာနိုင်ငံတွင် လုပ်ငန်း စတင် လုပ်ကိုင်နေပြီ ဖြစ်၏။
အမြန်ရ စားသောက်ဆိုင်လုပ်ငန်းတွင် တောင်ကိုရီးယားမှ လော့တဲရီးယား ဟမ်ဘာဂါဆိုင်သည် မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်မှ လုပ်ငန်းစတင်ခဲ့ပြီး၊ ယခုအခါ ဆိုင်ခွဲ ၇ ခု ရှိနေပါသည်။
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ပထမဆုံး KFC ကြက်ကြော်ဆိုင် ဖွင့်လှစ်လိုက်ပါက အရှေ့တောင်အာရှတွင် KFC ဆိုင်ခွဲမရှိသော နိုင်ငံမှာ လာအိုတစ်ခုသာ ကျန်တော့မည်။ ကမ္ဘာ့ နိုင်ငံများစွာတွင် ကင်တပ်ကီကြက်ကြော်ဆိုင်ခွဲပေါင်း ၁၅,၀၀၀ ကျော် ရှိ၍ တရုတ်နိုင်ငံ တစ်ခုတည်းမှာပင် ၄,၈၀၀ ကျော် ရှိသည်။
တရုတ်နိုင်ငံတွင် ဖွင့်လှစ်လုပ်ကိုင်နေသော KFC ဆိုင်ခွဲများသို့ အသားတင်သွင်းသော ဟွာဆီကုမ္ပဏီသည် ရက်လွန်အသားများ ရောင်းချခဲ့ကြောင်း သတင်းသမားများက ဖော်ထုတ်ခဲ့ခြင်းကြောင့် ယမန်နှစ်က ရောင်းအား ကျဆင်းခဲ့သည်။ ၎င်းပြဿနာ မတိုင်မီက လုပ်ငန်းတစ်ရှိန်ထိုး အောင်မြင်နေခဲ့ပြီး ၃ ဆအထိ ချဲ့ထွင်ရန် စီစဉ်ထားခဲ့ပါသည်။
KFC ၏ မိခင်ကုမ္ပဏီ ဖြစ်သော ယမ်အမှတ်တံဆိပ်အောက်တွင် ကင်တပ်ကီ ကြက်ကြော်ဆိုင်၊ တာကိုဘဲလ် မက္ကဆီကန် အမြန်ရ စားသောက်ဆိုင်၊ ပီဇာဟတ် နှင့် ပက်စီတို့ ရှိကြသဖြင့် KFC အောင်မြင်လျှင် အခြားဆိုင်များလည်း မြန်မာနိုင်ငံသို့ ဝင်လာဖွယ် အလားအလာ ရှိပါသည်။
“မြန်မာနိုင်ငံရဲ့ အစားအသောက်နဲ့ အဖျော်ယမကာ လုပ်ငန်းကဏ္ဍမှာ အဓိက ပါဝင်လုပ်ဆောင်သူ ဖြစ်လာဖို့ ရိုးမရဲ့ ရည်မှန်းချက်ပန်းတိုင် ပေါက်မြောက်အောင်မြင်ရေးအတွက် KFC ကို မြန်မာနိုင်ငံထဲ ခေါ်ဆောင်လာခြင်းဟာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်” ဟု ရိုးမကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိမ်းဝေ ခေါ် ဆာ့ဂ်ျ ပန်းက စင်ကာပူစတော့ဈေးကွက်တွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် မွေးဖွားသူ ဆာ့ဂ်ျ ပန်းသည် ၂၀၁၃ ခုနှစ် စာရင်းအရ စင်ကာပူနိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ် ၅၀ စာရင်းတွင် နံပါတ် ၃၈ ဖြစ်၍ အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန် ပိုင်ဆိုင်မှုများ ရှိသည်။
KFC အမေရိကန်ရုံးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံအဖြစ် တရားဝင်လွှဲအပ်ခံရသော ရိုးမသည် KFC ဆိုင်ခွဲများ ဖွင့်လှစ်မည့် နေ့ရက်၊ ရောင်းချမည့် ဈေးနှုန်းများကို ထုတ်ဖော်ကြေညာခြင်း မရှိသေးပေ။

http://kabarthit.com/index.php?option=com_content&view=article&id=651:2015-05-08-05-05-30&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment