Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 16, 2015

ရွှေမန်းသူ အား နောက်ကနေ မတ်တူး တိုက်မိ သေဆုံး


 အရှိန်မထိန်းနိုင်သောယာဉ်မှ ခရီးသည်တင်ယာဉ်အား ဝင်ရောက်တိုက်မိ၍ သေဆုံး

နေပြည်တော်၊ မေ ၁၆

၂ဝ၁၅ ခုနှစ်၊ မေလ ၁၃ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၃၃/၂-၃)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းရ စကားအင်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ် တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက် အရ မန္တလေးမှ နေပြည်တော်ဘက်သို့ မန္တလေးတိုင်း ဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာနေ အောင်သူရ(၃၃)နှစ်မောင်းနှင်လာသော ၅ဃ/***** မတ်တူးအဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၁ဝ)ရပ်ကွက်နေ ဦးဝင်းနိုင်(၄၅)နှစ် မောင်းနှင်နေသည့် 2D/**** ''ရွှေမန်းသူ''ခရီးသည်တင်မှန်လုံယာဉ်၏ နောက်ပိုင်းဝဲဘက်ခြမ်းအား ဝင်ရောက်တိုက်မိပြီး ယာဉ်(၂)စီးလုံး လမ်းပေါ်၌ရပ်တန့်သွားခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိုက်မိမှုကြောင့် ''ရွှေမန်းသူ'' ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ မတ်တူးယာဉ်မောင်း အောင်သူရတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သောကြောင့် အောင်သူရအား စကားအင်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၇/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၄-က ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

No comments:

Post a Comment