Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 7, 2015

သင် လေယာဉ်ပေါ်မှာ အိပ်နေချိန် လေယာဉ်မယ်တွေ ဘယ်ရောက်နေသလဲ


ကာလရှည်ခရီးသွားရတဲ့အခါမျိုးတွေမှာ အချိန်အတော်ကြာ လေယာဉ်စီးရမှာမို့ လေယာဉ်မယ်တွေက မီးရောင်မှိန်မှိန်လေးထွန်းပြီး ထိုင်ခုံမှာ ခဏတာ အိပ်စက်ဖို့ မီးအလင်းရောင်ကို လျှော့ချပေးလေ့ ရှိပါတယ်။ ခရီးသည်တွေ အိပ်နေချိန်မှာ လေယာဉ်မယ်တွေဟာလည်း စင်္ကြန်လမ်းကနေ ပျောက်ကွယ်သွားလေ့ ရှိပါတယ်။
ဒါကို ဘိုးရင်းလေယာဉ်ကြီးတွေမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေက ကောင်းကောင်း အဖြေပေးနိုင်ပါလိမ့်မယ်။ လေယာဉ်မယ်တွေဟာ ခရီးစဉ်တွေမှာ လိုက်ပါတဲ့အခါ တစ်ပတ်လောက် တောက်လျှောက် အလုပ်လုပ်ရလေ့ ရှိပါတယ်။ ဒီလိုအခြေအနေမှာ သူတို့အတွက် အဆင်ပြေပြေ နားနေနိုင်အောင် အံဝှက်ဆိုတဲ့ ပုံစံမျိုးနဲ့ လေယာဉ် မှာ နားနေခန်းတွေ တည်ဆောက်ပေးထားပါတယ်။ လေယာဉ်မယ်တွေရဲ့ နားနေခန်းဟာ အကျယ်အားဖြင့် သိပ်မရှိပေမယ့် ကော်ဖီသောက်ပြီး ခြေညောင်းလက်ဆန့် လုပ်လို့ရနိုင်တဲ့ အခြေအနေတော့ ရှိပါတယ်။ တချို့ သော ဘိုးရင်းလေယာဉ်ကြီးတွေမှာ လေယာဉ်မယ်တွေအတွက် နားနေခန်းဟာ ခရီးသည်တွေ ထိုင်တဲ့ အခန်းရဲ့ အပေါ်ဘက်မှာ တည်ရှိပါတယ်။ တချို့သော လေယာဉ်တွေမှာကတော့ ခရီးသည်ထိုင်ခုံတွေရဲ့ အဆုံးမှာ ရှိတဲ့ တံခါးကနေ ကြောင်လိမ်လှေကားနဲ့ တက်သွားလို့ရတဲ့ နားနေခန်းတွေ တည်ဆောက် ပေးထားပါတယ်။ လေယာဉ်မယ်တွေအတွက် အိပ်ရာဟာ အနံ ခြောက်ပေ၊ အလျား ၂ ပေခွဲ ရှိတာမို့ တစ်ယောက်စာ ကောင်းကောင်းအိပ်စက်နိုင်ပါတယ်။ ဘေးမှာ ရှိတဲ့အဖော်က ဟောက်တတ်ခဲ့မယ်ဆိုရင် အသံ မကြားစေဖို့ အိပ်ရာတစ်ခုနဲ့ တစ်ခုကြားမှာ ခပ်ထူထူ လိုက်ကာတွေ တပ်ဆင်ပေးထားပါတယ်။
တခြားလေယာဉ် လိုင်းတွေဆိုရင် လေယာဉ်မယ်တွေကို အိပ်ရာဝင်ဝတ်စုံတွေနဲ့ တီဗွီကြည့်တာလို ဖျော်ဖြေမှုမျိုးတွေနဲ့ပါ အလုပ်မှာ ပျော်ရွှင်အောင် ဆွဲဆောင်လေ့ ရှိပါတယ်။ လေယာဉ်တွေမှာ လေယာဉ်မှူးတွေအတွက်လည်း ကျောမှီပြီး စာဖတ်လို့ရတဲ့ ထိုင်ခုံပါရှိတဲ့ အခန်းငယ်တွေ ပါရှိပါတယ်

PlanetMyanmar

No comments:

Post a Comment