Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 18, 2015

တစ်နေ့ကို ၈ နာရီ အိပ်သင့်တဲ့ အကြောင်း

ဗြိတိန်နိုင်ငံရှိ တက္ကသိုလ်တစ်ခုမှ အိပ်စက်ခြင်းနဲ့ ပက်သက်လို့ သုတေသန ပြုလုပ်ခဲ့ပါတယ်။ ယင်း သုတေသန ကတော့ အသက် ၄၆ နှစ်အရွယ် ရှိတဲ့ အမျိုးသမီး တစ်ဦးကို တစ်ပတ်တာမှာ တစ်ရက် ၈ နာရီ အိပ်စေပြီး နောက်တစ်ပတ်တာမှာ တစ်ရက် ၆ နာရီသာ အိပ်စေခြင်း ဖြစ်ပါတယ်။ ယင်း စမ်းသပ်မှုကို ပြုလုပ်ဖို့အတွက် အမျိုးသမီးရဲ့ ကျန်းမာရေးကိုလည်း သေချာ စစ်ဆေးပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
ရလဒ်ကတော့ ပုံမှာ မြင်တွေ့ရသလိုပဲ တစ်ရက်ကို ၆ နာရီပဲ အိပ်စက်ရတဲ့ ရုပ်ဟာ သူမရဲ့ ရှိရင်းစွဲ အသက်ထက် ပိုပြီးတော့ ရင့်အိုသွားပါတယ်။ ဗြိတိန်နိုင်ငံတင်မကပဲ အခြားသော နိုင်ငံကြီးများမှ အမျိုးသမီး၊ အမျိုးသားများဟာ အိပ်ချိန်တွေ တဖြည်းဖြည်း နည်းပါလာကြောင့် စစ်ဆေးတွေ့ရှိခဲ့ကြ ပါတယ်။ တစ်ရက်ကို ၆ နာရီအောက်တဲ့အထိ ရောက်လာပြီး ယင်းဟာ မိမိကို အိုမင်းစေခြင်း အပြင် အခြားသော ကျန်းမာရေးကိုလည်း ထိခိုက်စေတာကို တွေ့ရှိခဲ့ပါတယ်။ အစားအသောက် စားချင်စိတ် ပျောက်ခြင်း၊ ခေါင်းမူး၊ အားနည်းခြင်းတို့ ဖြစ်တတ်ပါတယ်။
တစ်ရက်ကို ပျမ်းမျှ ၇ နာရိဆိုပေမယ့် ၈ နာရီ ပတ်ဝန်းကျင် အိပ်စက်ခြင်း ကျန်းမာရေးအတွက် ပိုလို ကောင်းမွန်စေကြောင်း ဆိုပါတယ်။ ယင်းအိပ်ချိန်ထပ် ပိုအိပ်လို့လည်း ကျန်းမာရေး ကောင်းကျိုး မပေး ပါဘူး။ ဒါကြောင့်မို့ မိမိတို့ရဲ့ အိပ်ချိန်မှန်မှ ကျန်းမာရေးအတွက်ကော၊ ရုပ် အသွင်အပြင် အတွက်ကော ကောင်းစေမှာ ဖြစ်ကြောင်း ဆိုထား ပါတယ်။
yoyarlay

No comments:

Post a Comment