Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 4, 2015

နေ့လယ်ဘက် (၄၅) မိနစ်လောက် တရေး အိပ်ပါက မှတ်ဉဏ်ငါးဆ ပိုကောင်းလာ



ဟိန်းထက်
ဘာလင်၊ ဧပြီ ၁၆
                ကျောင်းမှာ၊ ရုံးမှာ နေ့လယ် ထမင်းစားပြီး (၄၅) မိနစ်လောက် ဖြစ်ဖြစ် တရေးအိပ်ခြင်းသည် ဦးနှောက် အတွက် ပိုကောင်း၏။ ဂျာမနီနိုင်ငံ ဆားလန်း တက္ကသိုလ် သုတေသန အဖွဲ့၏ လေ့လာမှု အရ (၄၅) မိနစ်မှသည် တစ်နာရီဝန်း ကျင်လောက်ထိ တစ်ရေးအိပ်လိုက် သူများသည် မှတ်ဉဏ် ငါးဆပို ကောင်းလာကြောင်း တွေ့ခဲ့ရသည်။ ကျေင်းသား (၄၁) ဦး၏ အကူအညီ ဖြင့် လက်တွေ့ စမ်းသပ်ထားခြင်း ဖြစ်သည်။ သုတေသန အဆင့်ဆင့် ကို Neurobiology of Learning and Memory  ဂျာနယ်တွင်  ထည့်သွင်း ဖော်ပြ ထားသည်။
                ကျောင်းသား (၄၁) ဦးကို စာလုံးသစ် (၉၀)၊ အဆက်အစပ် မရှိ သောစာလုံးတွဲ (၁၂၀) ပေးကာ မှတ်သား စေသည်။ ထို့နောက် နှစ်စု ခွဲလိုက် သည်။ တစ်စုကို (၄၅) မိနစ် ခန့် တရေးအိပ်ခိုင်းသည်။ နောက် တစ်စုကို ရုပ်ရှင်ထိုင်ကြည့် စေသည်။ နောက် တစ်နာရီခန့်ကြာသော အခါ  နှစ်စုလုံး၏ စကားလုံးများ မှတ်မိနိုင်စွမ်းကို စစ်ဆေးသည်။ တရေးအိပ်သော အစုသည်  စကားလုံး မှတ်မိစွမ်းငါးဆလောက်ထိ သိသိ သာသာမြင့်မားကြောင်း တွေ့ခဲ့ရသည်။  ကျောင်းမှာဖြစ်ဖြစ်၊ ရုံးမှာ ဖြစ်ဖြစ်နေ့လယ်ဘက် တစ်ရေး လောက် အိပ်ခွင့်ရခြင်းဟာ သင်ယူမှု ဖြစ်စဉ် အတွက်ရော၊ လုပ်ကိုင်နိုင် စွမ်းကိုပါ တက်စေပါတယ်”” ဟု သုတေသနအဖွဲ့ကို ဦးဆောင်သည့် ပါမောက်္ခ အိပ်ဇဲမက်လင်ဂါက ပြောသည်။        
Source: BBC
http://www.messengernewsjournal.com/news/Health/detail.php?id=35198

No comments:

Post a Comment