
ရုံးချိန်စစ်ဆေးမေးမြန်းမှုတွင် ၄င်း၏အစ်မဖြစ်သူ ထွက်ဆိုချက် များမှာ အမှုဖြစ်ပွားပြီးချိန်တွင် တယ်လီဖုန်းဖြင့်ဆက်သွယ်သဖြင့် ခင်ပွန်းဖြစ်သူ မိသားစုဆရာဝန်နှင့် အတူ သွားရောက်ကြည်ရှုခဲ့ရာ သေဆုံးသူ မတေးနုယဉ်မှာ သတိ မေ့မြောနေ၍ ခင်ပွန်းဖြစ်သူ မိသား စုဆရာဝန်က စစ်ဆေးခဲ့သည့်အချိန် တွင် သေဆုံးသွားပြီဟု ယူဆရပြီး သက်ဆိုင်ရာမြို့နယ်မြို့မရဲစခန်းသို့ သွားရောက် အကြောင်းကြားခဲ့ ကြောင်း၊ အခင်းဖြစ်ပွားချိန်တွင် အဆိုပါနေရာ၌ရှိနေခြင်းမရှိ၍ မည် ကဲ့သို့သေဆုံးသည်ကို သိရှိခြင်းမရှိ ကြောင်း ယနေ့တရားခွင်၌ ထွက် ဆိုခဲ့သည်။
အဆိုပါအမှုကို ယခုလ ၁၃ ရက်တွင်ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် ဆက်လက်စစ်ဆေး မည်ဖြစ်ပြီး လာမည့်ရုံးချိန်းတွင် တရားလိုပြသက်သေတစ်ဦးအား ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာခရိုင်တရားသူကြီးက တရားခွင်တွင် ပြောကြားခဲ့သည်။
၂ဝ၁၄ခုနှစ် ဒီဇင်ဘာ ၂၅ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်း မြို့နယ် ဖိုးစိန်လမ်းရှိ သရပါမဂ္ဂ ဇင်းမှ တာဝန်ခံအယ်ဒီတာမတေး နုယဉ်သေဆုံးမှုနှင့် ပတ်သက်၍ ယင်းမဂ္ဂဇင်းထုတ်ဝေသူ သရုပ် ဆောင် မင်းအုပ်စိုးအား ဗဟန်းမြို့ နယ် မြို့မရဲစခန်းက ပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ် သည်။
မျိုးမင်းပိုင်
The Union Daily
http://uniondaily.net
No comments:
Post a Comment