Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 10, 2015

မြန်မာ ၄၆ ဦးထပ်မိ၊ ရုပ်ရည်ချောမော လှပသည့် အမျိုးသမီး သားအမိကို လူကုန်ကူးသူများ ခေါ်ဆောင်သွား



၂၀၁၅  မေလ ၁၀

အစာရေစာ ငတ်ပြတ်နေသော မြန်မာ ၄၆ ဦးအား ခြုံဖွန်အနီး တောင်ကြားတွင် ထိုင်းစစ် တပ်က ယမန် နေ့က ကယ်ထုတ်လာနိုင်ခဲ့ပြီး ၇လ အရွယ်မိန်း ကလေးငယ် သားအမိတို့အား လူကုန်ကူးသူများက ဆောင်သွားကြောင်း မန်နေဂျာ အွန်လိုင်းသတင်းမှာ ရေးသားထားသည်။

အစာရေစာ ငတ်ပြတ်နေကြသော  အမျိုးသား ၄၁ ဦးနှင့် အမျိုးသမီး ၅ ဦးတို့အား  အာဏာပိုင်များက   တောထဲမှ ခေါ်ဆောင်လာခဲ့ကြသည်။ အသက် ၇နှစ်အရွယ် မိန်းကလေးငယ်၏ မိခင်ဖြစ်သူ အသက် ၃၁နှစ်အရွယ် ခင်မူဆာ ဆိုသူမှာ ရုပ်ရည် လွန်စွာချောမောလှပသဖြင့် လူကုန်ကူးသူများက  ကလေးနှင့် အတူ ခေါ်ဆောင်သွားခဲ့သည်။ အလွန်စိုးရိမ်နေကြောင်း ခင်ပွန်းဖြစ်သူက ပြောဆိုသည်။

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အလုပ်လုပ်ရန် အတွက် အလုပ်သမားတစ်ဦးလျှင်  ဘတ်ငွေ ၇,၀၀၀   ပေးရပြီး မလေးရှားသို့ သွားလိုသူများကိုလည်း ပို့ဆောင်ပေးနိုင်ကြောင်း ပွဲစားများက ပြောဆိုခဲ့ကြောင်း အလုပ်သမားများက ထုတ်ဖေါ်ပြောဆိုကြသည်။

 မေလ ၈ရက်နေ့က အဆိုပါ စခန်းနေရာတွင်ပင် မြန်မာ၂၈ဦးတို့ အား လူကုန်ကူးသူများက စွန့်ပစ်ခဲ့ သဖြင့် အစာရေစာ ငတ်ပြတ်နေစဉ် ထိုင်းအာဏာပိုင်များက ကယ်ဆယ်   နိုင်ခဲ့ကြသည်။ အမျိုးသမီး ၄ဦးတို့ အား လူကုန်ကူးသူများက အဓမ္မပြု ကျင့်ခဲ့ကြသည်။

ထိုင်းအာဏာ ပိုင်များက ဆက်လက် စုံစမ်းရာ ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်၊ မရမ်းကျေးရွာအနီး ၀န်ကျင် တွင် ထိုင်းဘက်သို့ လာရန် လူတစ်ရာကျော် ခန့် ရှိနေသေးကြောင်း၊ မြန်မာအစိုးရ ဘက်က ပူးပေါင်း ကူညီ ဖြေရှင်းပေးရန် အကြောင်း ကြားသွား မည်ဖြစ်ကြောင်း ပြောဆိုသည်။

မောင်သန့် (ဘာသာပြန်)
 Golden Worker
http://www.goldenworkers.asia

No comments:

Post a Comment