Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 9, 2015

ကားမှောက်ပြီး သေမလိုဖြစ်နေတာတောင် ဓါတ်ပုံတင်နိုင်သူ


ဂျပန်မှာ ကားမှောက်သွားတာတောင် Selfie နဲ့ သမီး အသက်ရှင်နေသေးတယ် လို့ Twitter ကိုတင်နိုင်သော စံပြမိန်းကလေးအကြောင်းပါ။

တိုကျိုမြို့ကနေအခြားနယ်မြို့တစ်ခုကို အလည်သွားနေတဲ့ကားထဲမှာ ယောင်္ကျားလေးနဲ့မိန်းကလေး အားလုံး ၄ ယောက်စီးလာတဲ့ကားပါ။

လမ်းမှာ ကားတိုက်မိပြီး ကားထဲမှာပါတဲ့ မိန်းကလေးတစ်ယောက်က ကားအပြင်ကို လွင့်ထွက်သွားပါတယ်။
လွင့်ထွက်သွားချိန်မှာ သတိလဲမေ့သွားပြီး သတိပြန်ရချိန်မှာ ကားအပြင်မှာ ရောက်နေတယ်ဆိုတာကို သူသိလိုက်ရပါပြီ။
တချိန်ထဲမှာပဲ ချက်ချင်းဆိုသလို Twitter မှာဒီလိုရေးလိုက်ပါတယ်။

"သမီး၊ အသက်ရှင်နေသေးတယ်။ သမီးကို အားပေးကြပါ (ရယ်နေ) ကားထဲကလွင့်ထွက်သွားပင်မဲ့ လုံးဝ ဘာမှကို မမှတ်မိဘူး"

သူတင်ထားတဲ့ ဓါတ်ပုံကိုကြည့်လိုက်ရင်တော့ အောက်ပါအတိုင်း ကြောက်စရာကြီးပါ။ ခြေထောက်မှာလည်း ဒါဏ်ရာတွေရနေတာရယ်၊ သူစီးလာတဲ့ကားက ရစရာမရှိအောင် ကြေမွနေတာပါပဲ။

ကဲ ဒီပွဲမှာ နံမည်ကြီးသွားတာက ဒီသမီးလေးတင်မကပါ၊ Selfie ရိုက်တဲ့အခါအထူးကောင်းမွန်သော App ဖြစ်တဲ့ "B612" ကလည်း အစွမ်းပြသွားကြောင့် သတင်းရရှိပါတယ်။

ဘာလိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့အခြေအနေကို သူငယ်ချင်းတွေကို ချက်ချင်းသိစေချင်တာပဲလား။ ဖုန်းကိုလက်ထဲကမချနိုင်လောက်အောင် ဖုန်းကိုစွဲလမ်းကြီးတာပဲလား။
ဘာပဲဖြစ်ဖြစ် ဆေးရုံကိုအမြန်သွားပြီး မြန်မြန်နေကောင်းပါစေလို့ ဆုတောင်းလိုက်ပါတယ်။ သမီးတို့လည်း မရိုက်မမှားစေနဲ့ သတိထားကြနော်။

မှတ်ချက်။ ။ အပေါ်ဆုံးမှမိန်းကလေးပုံမှာ ကားမှောက်သော မိန်းကလေးပုံနှင့် မသက်ဆိုင်ပါ။

Chelmo Team
http://chelmo.tips/news/world-news/395-201505070002.html

No comments:

Post a Comment