Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 10, 2015

မိစ္ဆာ ဆရာဝန်


ဆရာဝန်တစ်ဦးဖြစ်ပေမယ့် အ ကြင်နာကင်းမဲ့တဲ့ နှလုံးသားပိုင် ရှင် ဒေါက်တာအန်ထော်နီမိုရှက်တိုဟာ အရင်သူနဲ့ တွဲဖက်လုပ်ဖော်ကိုင်ဖက်တစ် ဦးဖြစ်တဲ့ ဒေါက်တာမာတင်ဟန်ဒလာကို သတ်ဖြတ်ဖို့ အမျိုးသားတစ်ဦးကို ငှားရမ်း ခဲ့ပြီး မစ္စတာဟန်ဒလာကိုသတ်ပြီး သူ၏ ရုံးခန်းကိုပါ မီးရှို့လိုက်ဖို့ ညွှန်ကြားခဲ့တယ် လို့ နယူးယောက်မြို့ရဲအဖွဲ့က ပြောကြား သွားခဲ့ပါ တယ်။

မစ္စတာမိုရှက်တိုကို ဒီရာဇဝတ် မှုတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးအရေးယူခဲ့တဲ့ အချိန်မှာ နောက်ထပ်တရားမဝင်ဆေးဝါး တွေ ဆေးပေးရောင်းချမှုနဲ့ အသက်အန္တ ရာယ်ပေးနိုင်တဲ့ လက်နက်တွေကို နယူး ယောက်စီရင်စု လောင်းအိုင်လင်းအရပ် မှာရှိတဲ့ သူ့နေအိမ်မြေတိုက်ခန်းထဲမှာ သို လှောင်ထားမှုတွေနဲ့ပါ ထပ်ပြီးအရေးယူခဲ့ ရပါတယ်။

ဒေါက်တာမိုရှက်တိုကို လော လောဆယ်မှာ ဒေါ်လာ နှစ်သန်းနဲ့ တရားရုံးက အာမခံပေးထားပါတယ်။ သူ့ကိုစွဲဆိုထားတဲ့ အမှု တွေထဲမှာ ကြေးစားလူ သတ်သမား ငှားရမ်းလုပ် ဆောင်မှု၊ မကောင်းမှုကျူး လွန်ဖို့ လျှို့ဝှက်ကြံစည်မှု၊ ဖောက်ထွင်းမှု၊ တမင်သက်သက်မီးရှို့မှု၊ တရားမဝင်ဆေး ဝါးရောင်းဝယ်မှုနဲ့ လက်နက်စုဆောင်းထား မှုတွေ ပါဝင်နေပါတယ်။ ဒါပေမဲ့ မိုရှက်တို ကတော့ ဒီအမှုတွေနဲ့ပတ်သက်ပြီး သူ ဘာ မှ မသိကြောင်းနဲ့ သူ့မှာအပြစ်မရှိကြောင်း အကြောက်အကန် ငြင်းဆိုနေပါတယ်။ အစိုးရရှေ့နေတွေကတော့ မိစ္ဆာမိုရှက်တို ဟာ သူ့ရဲ့ပြိုင်ဘက် လက်စပျောက်သွား စေဖို့ ဆေးဝါးတွေနဲ့ ထိခိုက်ဒဏ်ရာရအောင် လုပ်ဖို့ ဒေါ်လာ၂၅ဝဝဝ ပေးကမ်းလှမ်း အဆိုပြုခဲ့တယ်လို့ ပြောပါတယ်။

အစိုးရရှေ့နေတစ်ဦးဖြစ်တဲ့ အန် နီဒွန်နယ်လီက ”မိုရှက်တိုအနေနဲ့ ပထမ ဟန်ဒလာကိုရိုက်နှက်ပြီး ဆေးရုံပေါ်မှာ လ အတော်ကြာ တက်နေရအောင် ဒေါ်လာ ၅ဝဝဝ နဲ့ လုပ်ပေးစေဖို့ ဆန္ဒရှိခဲ့ပါတယ်။ နောက်မှ ဒေါ်လာ၂ဝဝဝဝ ပေးမယ်ဆိုပြီး သတ်ခိုင်းခဲ့တာဖြစ်ပါတယ်”လို့ ပြောကြား လိုက်ပါတယ်။
နက်ဆောကောင်တီစီရင် စုရဲ့ လက်ရှိယာယီပုလိပ်ကော်မရှင် နာမင်းကြီးအဖြစ် တာဝန်ယူနေတဲ့ သောမတ်စ်ခရမ်တာကလည်း မိုရှက် တိုဟာ တိရစ္ဆာန်စိတ်ဓာတ်ကို ရင်ထဲမှာဖုံး ကွယ်ထားသူ၊ တရားဥပဒေနဲ့ လူတစ်ဦး တစ်ယောက်ရဲ့ဘဝကို နားလည်စာနာရ ကောင်းမှန်းသိသူတစ်ယောက် မဟုတ် ကြောင်း ပြောပါတယ်။

မိုရှက်တိုအနေနဲ့ သူငှားရမ်း ထားသူက အဲဒီအချိန်မှာ ဟန်ဒလာရဲ့ဇနီး ရှိနေခဲ့ရင် သူမကိုပါ အသံမထွက်နိုင်အောင် ရိုက်နှက်လိုက်ဖို့လည်း လိုလားခဲ့တယ်လို့ သက်ဆိုင်ရာရဲတွေက ပြောခဲ့ပါတယ်။
မိုရှက်တိုအနေနဲ့ ပြီးခဲ့တဲ့နိုဝင် ဘာလအတွင်းမှာ နှလုံးခွဲစိတ်မှုနှစ်ရပ် မအောင်မမြင်ဖြစ်ခဲ့တဲ့အချိန်ကစပြီး ဟန် ဒလာအပေါ်မှာ ရန်ငြိုးစတင်သိုဖွဲ့လာခဲ့ တာဖြစ်တယ်လို့ ¤င်းရဲတွေက ဆက်လက် ပြောပါတယ်။ ဒါ့အပြင် မိုရှက်တိုဟာ သူ
တို့ရဲ့ အယောင်ဆောင်ဖုံးကွယ်
ထားတဲ့ စုံထောက်ဆီကနေ ဘိန်းဖြူနဲ့ အောက်စီကိုဒုံးဆေးပြားတွေကို ဝယ်ယူခဲ့ တဲ့အပြင် တားမြစ်ပိတ်ပင်ထားတဲ့ တရား မဝင် ဆေးဝါးတွေကိုလည်း ရောင်းချသွား ခဲ့တယ်လို့ ရဲက ပြောခဲ့ပါတယ်။

ရဲစုံထောက်တွေက ဆက်လက် အယောင်ဆောင်စစ်ဆေးမှုတွေ ထပ်ပြု လုပ်ခဲ့တဲ့အချိန်မှာ မိုရှက်တိုက ရဲတွေကို ဆီမီးအော်တိုမက်တစ် ချေမှုန်းရေးရိုင်ဖယ် နှစ်လက်ကို ကျည်တွေနဲ့အတူ ရောင်းချခဲ့ တဲ့အပြင် သူအိမ်တစ်လုံးကို ဖောက်ခွဲချင် လို့ ဒိုင်းနမိုက်လိုချင်နေတယ်လို့ ပြောခဲ့ တယ်လို့ သိရပါတယ်။

နောက်ပိုင်းမှာ မိုရှက်တိုက ဒိုင်း နမိုက်ခွဲဖို့အကြံကို လက်လျှော့လိုက်ပြီး ဟန်ဒလာရဲ့နေအိမ်ကို မီးတိုက်ဖို့ အသက်
၄၃နှစ်အရွယ် ဂျိမ်းစ်ခရီလာနဲ့ အသက် ၄၁နှစ်အရွယ် ဂျိမ်းစ်ကာလာမာရက်စ် တို့ကို ငှားရမ်းခဲ့ပါတယ်။ ဖေဖော် ဝါရီ ၂၅ရက်မှာစတင်ပြီး ဟန်ဒလာရဲ့အိမ် ကို ဓာတ်ဆီလောင်းမီးရှို့ဖို့ ကြိုးစားခဲ့ပေ မယ့် အိမ်တွင်းမှာရှိနေတဲ့ အလိုအလျောက် မီးငြှိမ်းသတ်မှုစနစ်ကြောင့် မအောင်မမြင် ဖြစ်သွားခဲ့ရပါတယ်။

နောက်မေလအတွင်းမှာ ဟန် ဒလာကို သူ့ရဲ့နေအိမ်အတွင်းမှာပဲ ရိုက် နှက်ဖို့ ဒါမှမဟုတ် သတ်ဖြတ်ဖို့ ရဲအယောင် ဆောင်တစ်ဦးကို မိုရှက်တိုက ဒေါ်လာ ၅ဝဝနဲ့ တရားမဝင်ဆေးသုံးဒါဇင်ပေး ကမ်း လှမ်းခဲ့တာကို ဗီဒီယိုသက်သေမှတ်တမ်း အခိုင်အမာ ရိုက်ကူးရယူနိုင်ခဲ့ပါတယ်။ ဒီ့ နောက် ဧပြီ၁၄ရက်မှာ မိုရှက်တိုကို သူ့နေ အိမ်မှာ ဖမ်းဆီးလိုက်ပြီး မြေတိုက်ထဲမှာ လှောင်ထားတဲ့ လက်နက်တွေပါ တွေ့ရှိ သိမ်းဆည်းနိုင်လိုက်တာပဲဖြစ်ပါတယ်။
Ref :: Globe

Yangon Media Group

No comments:

Post a Comment