Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 19, 2015

ရွေးကောက်ပွဲအပြီး ပြည်ပရင်းနှီး မြှုပ်နှံမှုပေါ် မူတည်၍ အိမ်ခြံမြေ ဈေးကွက်ပြောင်းလဲဖွယ်ရှိ



 ရန်ကုန် မေ ၁၈

 ပြည်တွင်းရှိ အိမ်ခြံမြေ ဈေးကွက်တွင် အရောင်းအဝယ်နှင့် ငှားရမ်းမှုကျဆင်းနေ သော်လည်း လာမည့် ၂ဝ၁၅ ခုနှစ်ရွေး ကောက်ပွဲအပြီး ကာလတွင် ဖြစ်ပေါ်လာမည့် ပြည်ပရင်းနှီးမြှုပ်နှံမှု အခြေအနေအပေါ် မူတည်၍ ဈေးကွက် အပြောင်း အလဲရှိလာ နိုင်ကြောင်း မြို့တွင်း အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်း အချို့ထံမှ သိရသည်။

အိမ်ခြံမြေဈေးကွက်၌ လက်ရှိအချိန် တွင် ဝယ်ရောင်းနှင့် အငှားကျဆင်းနေပြီး ဈေးကွက်အနေအထား ပြောင်းလဲမှု မရှိသေး သော်လည်း လာမည့် ရွေးကောက်ပွဲ အပြီး၌ ပြည်ပရင်းနှီးမြှုပ်နှံမှု အပြောင်း အလဲဖြစ်မှု ပေါ် မူတည်၍ အခြားစီးပွားရေးကဏ္ဍ များနှင့် ထပ်တူ အိမ်ခြံမြေဈေး ကွက်တွင် အပြောင်းအလဲများရှိလာနိုင်ကြောင်း သိရ သည်။

''လက်ရှိမှာ ဈေးကွက်အနေအထား က တအားမြင့်နေတော့ အရောင်းအဝယ် တွေအေးနေသလို လာမယ့်ရွေးကောက်ပွဲရဲ့ အခြေအနေကို စောင့်ကြည့်နေတာတွေလဲ များနေတော့ ဒီနှစ်ကုန်ပိုင်းလောက်မှာ ဈေးကွက်အခြေအနေပြောင်းလဲလာနိုင်ပါ တယ်။ ပြည်ပကရင်းနှီးမြှုပ်နှံမှုများလာ ရင်တော့ အရောင်းရောအငှားပါတက်လာ နိုင်ပါတယ်။ ဒါပေမယ့် လက်ရှိမှာဝင်ငွေ ခွန်အပြောင်းအလဲပေါ်မူတည်ပြီး ဈေးကွက် က နည်းနည်းတော့ကောင်းလာမယ်လို့ တော့ယူဆနေကြပါတယ်''ဟု အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတစ်ခုမှ ဒါရိုက်တာ ဦးနေဇော်အောင်ကပြောသည်။

အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းရှင် အသင်း ဒုဥက္ကဋ္ဌဦးသန်းဦးက ''အခုအချိန် မှာ ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲကို စောင့် ကြည့်နေကြတဲ့အတွက်အိမ်ခြံမြေဈေးကွက် ကအေးနေပါတယ်။ အဲဒီအပေါ်မှုတည်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ခြင်း၊ မဝင်ခြင်း နဲ့အတူ ပြည်တွင်းကလုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုအခြေအနေတွေပေါ်မူတည် ပြီးဈေးကွက်က အပြောင်းအလဲရှိလာနိုင် ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ်ကုန်ပိုင်း ကနေ ၂ဝ၁၅ နှစ်အထိ ဈေးကွက်လေးနေ တဲ့အကြောင်းက လာမယ့်ရွေးကောက်ပွဲ အခြေအနေကို စောင့်ကြည့်နေတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအပေါ်မှာ မူတည်ပြီး အိမ်ခြံမြေဈေးကွက်ထဲကို လှည့်ပတ်ငွေတွေ၊ ထည့်ဝင်ငွေတွေ၊ ဝယ် ရောင်းငွေတွေ ပြန်ဝင်လာမလား၊ပြန်ထွက် သွားမလားဆိုတဲ့အနေအထားကို ခန့်မှန်း ရမှာပါ''ဟုပြောသည်။

ယခုနှစ်ဧပြီလမှစတင်၍ အိမ်ခြံမြေ အရောင်းအဝယ်ဝင်ငွေခွန်များနှင့်ပတ်သက် ၍ လျှော့ချမှုများပြုလုပ်ခဲ့ရာတွင် ၁ကျပ်မှ သိန်း ၁ဝဝဝ အထိ ၃ရာခိုင်နှုန်း၊ သိန်း ၁ဝဝဝမှသိန်း ၅ဝဝဝ အထိ ၅ ရာခိုင်နှုန်း၊ သိန်း ၅ဝဝဝ မှ ၁ဝဝဝဝသိန်းအထိ ၁ဝ ရာခိုင်နှုန်းကောက်ခံရန်ရှိကြောင်းသိရသည်။

မင်းလွင်သစ်
The Union Daily
http://uniondaily.net

No comments:

Post a Comment