Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 21, 2015

ရွေးကောက်ပွဲ လုံခြုံရေးအတွက် အထူးရဲများ ရွေးခြယ်တာဝန်ပေးမည်

 ရွေးကောက်ပွဲကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် လုံခြုံရေး ဆောင်ရွက်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ အထူးရဲများရွေးထုတ်ပြီး အထူးရဲ များနှင့် အထူးအရန်ရဲများ ခန့်အပ် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

ယင်းကဲ့သို့ ခန့်အပ်ရခြင်းမှာ ရန်ကုန်တိုင်းဒေသကြီးတွင် လုံခြုံရေး ဆောင်ရွက်ရန် ရဲတပ်ဖွဲ့အင်အား လုံ လောက်မှု မရှိခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
”အထူးရဲနဲ့ အထူးအရန်ရဲတပ် ဖွဲ့တွေကို ခေါ်မယ့်အရေအတွက်နဲ့ လစာကို လက်ရှိမှာ ဆွေးနွေးနေတုန်း ရှိပါသေးတယ်”ဟု ရန်ကုန်တိုင်းဒေ သကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

မဲရုံအရေအတွက်နှင့် ရဲတပ်ဖွဲ့ အင်အားမမျှတပါက အထူးရဲနှင့် အ ထူးအရန်ရဲများ ခန့်အပ်ခွင့်ရှိကြောင်း သိရသည်။

”ရဲအက်ဥပဒေ ၂၇ ကနေ ၃ဝ အထိ လိုအပ်ချက်အရ ရဲအင်အား မလုံလောက်ရင် အထူးရဲ ခန့်အပ်ခွင့် ရှိပါတယ်”ဟုရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးတစ်ဦးက ပြောသည်။

ယင်းအထူးရဲနှင့် အထူးအရန်ရဲ တပ်ဖွဲ့များအား ရွေးကောက်ပွဲကာလ အတွင်းသာ ခန့်အပ်သွားမည်ဖြစ် ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိတွင် ဖွဲ့စည်းပုံအရ ရဲတပ်ဖွဲ့ ဝင် ခြောက်ထောင်ခန့်သာရှိကြောင်း သိရသည်။

‪TheYangonTimes‬

No comments:

Post a Comment