Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 21, 2015

တတိယမြောက် နျူကလီးယား ဓာတ်ပေါင်းဖို ပြန်လည် လည်ပတ်ရန် ဂျပန်အစိုးရ အတည်ပြု




တိုကျို ၊ ၂၁-၅-၂၀၁၅

၂ဝ၁၁ ခုနှစ်က ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေး စက်ရုံ ပေါက်ကွဲမှု ဖြစ်ပွားပြီး နောက် လေးနှစ်ကျော် အကြာတွင် ဂျပန်နိုင်ငံသည် နျူကလီးယား ဆိုင်ရာ စက်မှု လုပ်ငန်းများ ပြန်လည် စတင်ရေး ဦးတည် လုပ်ဆောင်လျက် ရှိသည့် အတွက် ဂျပန် နျူကလီးယား ဆိုင်ရာ ထိန်းချုပ်ရေး အဖွဲ့က ဂျပန်နိုင်ငံရှိ တတိယမြောက် နျူကလီးယား ဓာတ်ပေါင်းဖို အား ယေဘုယျ အားဖြင့် ဘေးကင်း လုံခြုံမှု ရှိကြောင်း မေ ၂ဝ ရက်တွင် လက်မှတ်ရေးထိုး ပေးခဲ့သည်ဟု ရိုက်တာ သတင်းဌာန က ဖော်ပြခဲ့သည်။

ထိုကဲ့သို့ ပြန်လည် လည်ပတ်ရန် ဆုံးဖြတ်မှုသည် ရှီကိုကူ လျှပ်စစ် စွမ်းအင်ဆိုင်ရာ ကုမ္ပဏီ၏ လုပ်ငန်း လည်ပတ်မှု များကို တိုးမြှင့်နိုင်မည် ဖြစ်သည်။ အဆိုပါ ကုမ္ပဏီသည် နိုင်ငံ အနောက် တောင်ပိုင်းတွင် တည်ရှိသည့် အီကာတာ နျူကလီးယား ဓာတ်အားပေး စက်ရုံ အပေါ်သာ အဓိက မှီခို နေရကြောင်း နှင့် ၄င်း ဓာတ်အားပေး စက်ရုံသည် ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေး စက်ရုံ ပေါက်ကွဲမှု မဖြစ်ပွားမီ ရှီကိုကူ ကုမ္ပဏီ ၏ လျှပ်စစ် ဓာတ်အား ၄ဝ ရာခိုင်နှုန်းကို ထုတ်လုပ် ပေးနေသော စက်ရုံ ဖြစ်ကြောင်း သိရသည်။

အဆိုပါ နျူကလီးယား စက်ရုံကို ပြန်လည် လည်ပတ် စေခြင်းဖြင့် ဂျပန်အစိုးရ အတွက် ဆယ်စုနှစ် နှစ်ခုအကြာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု နှေးကွေး နေမှုကို ဖယ်ရှားနိုင်မည့် အဓိက အချက် တစ်ချက် ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ သည် နျူကလီးယား ဓာတ်ပေါင်းဖိုများ ပိတ်သိမ်း ခဲ့ရသည့် အတွက် လောင်စာဆီ များကို ပြောင်းလဲ အသုံးပြုခဲ့ရပြီး ၂ဝ၁၄ ခုနှစ် မတ် ၃၁ ရက်တွင် အဆုံးသတ် ခဲ့သည့် ယခင် ဘဏ္ဍာနှစ် အတွင်း သဘာဝ ဓာတ်ငွေ့ တင်သွင်းမှုသည် အမေရိကန် ဒေါ်လာ ၆၅ ဘီလီယံ အထိ ရှိခဲ့ကြောင်း သိရသည်။

အီကာတာ နျူကလီးယား ဓာတ်အားပေး စက်ရုံသည် ရှီကိုကူကျွန်း ပေါ်တွင် တည်ရှိပြီး အီကာတာ အမှတ်(၃) ဓာတ်ပေါင်းဖို သည် ၁၉၉၄ ခုနှစ် ကတည်းက စတင် လည်ပတ် ခဲ့ခြင်းဖြစ်ကာ လျှပ်စစ် ဓာတ်အား ၈၉ဝ မဂ္ဂါဝပ် ထုတ်လုပ်နိုင်စွမ်း ရှိကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment