Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 7, 2015

စီးပွားဖြစ် သဇင်ပန်းစိုက်နည်းတွေ


သဇင်ပန်းကို စီးပွားဖြစ် စိုက်ပျိုးနေတဲ့ အန်တီ စိန်မမမောင်ရဲ့ သဇင်ပန်းစိုက်နည်းတွေ သဘောကျလို့ ကူးလာပါတယ်
*********************************************************************
ဖွားစိန်သဇင်စိုက်နည်းလေးပြောပြမယ်နော် ဝယ်ရတဲ့သဇင်တွေက တောဥတွေဆိုတော့ တလုံးချင်းရအောင်အရင်သန့်ရတယ် ရလာတဲ့သဇင်ဥလေးတွေကို အမြှစ်ညှပ်ပေးရတယ် တုံးတိကြီးတော့မဟုတ်ဘူးနော် ညှပ်ထားပြီးသားဥလေးတွေကို သွားထိုးတံလေးနဲ့ သဇင်ဥရဲ့ သုံးချိုးတစ်ချိုးလောက်ကနေ ထိုးပြီး ရေချထားတဲ့သဇင်တိုင်ပေါ်မှာ ခပ်ထောင်ထောင်လေးစိုက်လိုက်တယ်လေ ဖွားစိန်ကတော့ ဘိုးမောင်တီထွင်ပေးတဲ့ ပန်းစိုက်ခုံလေးနဲ့လဲပြီးထိုင်စိုက်ပါတယ် တိုင်ကအနည်းဆုံး ၁၃၀ လောက်စိုက်ရတာမို့သက်သာတယ်လေ နည်းနည်းစိုက်သူတွေကတော့မတ်တပ်ရိုက်စိုက်လို့ရပါတယ် သဇင်ဥကိုလည်းတုတ်ထိုးမထားဘဲ တခါထဲစိုက်လို့ရတယ်နော်
သဇင်တိုင်နဲ့ဆေးအသုံးပြုတာလေးလည်းသိချင်ကြတယ်ဆိုလို့ ပြောပြအုံးမယ်နော် ဖွားစိန်ကသဇင်တွေအများကြီးစိုက်ချင်တော့ တိုင်လုပ်တဲ့သူကိုလည်းအပိုင်မွေးထားရတယ်လေ ရောက်လာတဲ့တိုင်တွေမှာက အုန်းမွှေးတွေနဲ့မသပ်ရပ်ဘူးလေ ဖွားစိန်ကတော့အားတဲ့အချိန်လေး ခြံထဲဆင်းပြီးကတ်ကျေးလေးနဲ့ညှပ်လိုက်တယ် တိုင်တွေကိုမစိုက်ခင် အုန်းအညိုရေတွေကျသွားအောင်ရေနာနာလောင်းထားရတယ် ဖွားစိန်ကစီးပွားဖြစ်စိုက်တော့ အုန်းတိုင်တွေကို မှိုဆေးဖြန်းလိုက်တယ်စိုက်မဲ့နေ့ကျတော့ သန့်စင်ပြီးသဇင်တွေကို မြှစ်ပွားဆေးလေးစိမ်တယ် ရေတဂါလံကို ၅/၆ စက်လောက်ထည့်ရင်ရပါပြီ သဇင်တွေကိုတိုင်ပေါ်စိုက်ပြီးရင်တော့ ၅ ရက် တပတ်ရေမလောင်းဘဲထားလိုက်ပါ သွားထိုးတံနဲ့ထိုးထားတဲ့ဆီကရေဝင်ပြီးပုတ်တတ်လို့ပါ ထင်နေတတ်ကြတာက အခုစိုက်တဲ့မအေဥကနောက်နှစ်ပွင့်တယ်ထင်ကြတယ် စိုက်ဥက အရွက်အရင်ထွက်တယ် ပြီးမှဥလေးဖြစ်လာပြီး ဥသစ်ကမှ သဇင်ပန်းလှလှလေးတွေပွင့်တာပါရှင့် ဖွားစိန်သိသလောက်လေးတော့ပြောပြမယ်နော် ရခိုင်သဇင် ထားဝယ်သဇင် သာယာဝတီသဇင် ဘားအံ သဇင်ဆိုပြီးဈေးကွက်မှာခေါ်နေကြတာပါ ရခိုင်သဇင်ကို နတ်ပန်းလို့ဒေသခံတွေကယူဆပြီး ရခိုင်တောနက် ပလက်ဝမြို့နယ်ဘက်ကထွက်တယ် ထားဝယ်သဇင်ဆိုတာက တနင်္သာရီတိုင်း တောနက်ထဲကထွက်တာပါ ဘိတ်ဘက်ကလည်းလာတယ် သူတို့ဒေသခံတွေကတော့ ဘူပန်းလို့ခေါ်ကြတယ် သာယာဝတီဥကတော့သူ့ခရိုင်ထဲက အုတ်ဖိုမြို့နယ်ထဲကထွက်တာပါ သူက ပဲခူးရိုးမတောနက်ထဲကထွက်တာမို့ ရိုးမဥလို့လည်းခေါ်ကြတယ် ဘားအံဥကလည်းတကယ်တော့ ကရင်ပြည်နယ် ကျိုက်ဒုံဒေသကအဓိကထွက်တာပါ အားလုံးကတော့ ပူအိုက်စွတ်စိုရာသီဥတုကိုဘဲကြိုက်ကြတယ် ဈေးကတော့ ထားဝယ်ဥကလူကြိုက်များတော့ဈေးအမြင့်ဆုံးပေါ့ ပြီးရင်ရခိုင်ဥပါ ရိုးမနဲ့ကရင်ဥကတော့ ဈေးသိပ်မကွာပါဘူး သဇင်ဥကိုတုတ်ထိုးစိုက်လို့ထိခိုက်မှုမရှိဘူးနော် မျိုးဥဖြစ်တဲ့အတွက် သူကနေပြန်ပွားတဲ့အသစ်ပင်ကိုဘဲ ဖွားစိန်တို့က အပင်သန်အောင် ဥကြီးအောင် အပွင့်လှအောင်လုပ်ကြရမှာလေ .သဇင်ကအသက်ပြင်းတယ်ရှင့် သွားထိုးတံ အုန်းလက်ရိုး ဥသေးရင်ပင်အပ် စတာတွေနဲ့ထိုးပြီးစိုက်တာတောင် အပင်ပွားကလေးတွေမွေးပေးနိုင်တယ်လေ တချို့ကတော့အမြှစ်တွေမညှပ်ဘဲ အုန်းဆံကြိုးသေးသေး/ ပလပ်စတစ်ကြိုးလေးတွေနဲ့ပတ်ချည်စိုက်ရင်တော့ရပါတယ် ရေလောင်းရင်ပြုတ်မကျအောင်တော့ဂရုစိုက်ရမယ် အပြင်လိုက်ကြီးတွေရရင်တော့ သစ်တုံးမှာအပ်ချည်ကြိုးခိုင်ခိုင်နဲ့ပတ်ချည်လို့ရတာပါဘဲ အဲ့ဒါတွေကအပျော်နဲနဲစိုက်ရင်တော့ရပါတယ် ဖွားစိန်လိုများများစိုက်သူအဖို့ကတော့ ခုလိုဖွားစိန်စိုက်တဲ့နည်းကတော့အဆင်အပြေဆုံးပါ သဇင်ဥတွေကခြောက်လည်းအချိန်တန်အရွက်စို့ထွက်တာပါဘဲ ခြောက်တယ်ဆိုပြီး ရေမလောင်းမိဘို့တော့လိုပါတယ် မတ်လကုန်ထိစိုက်ချိန်ရပါတယ်ရှင့် နောက်မှထပ်ပြောမယ်နော် သဇင်ဆက်စိုက်လိုက်အုံးမယ်
credit to စိန် မမမောင်
https://www.facebook.com/seamastern/posts/10206173785040593

No comments:

Post a Comment