Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 18, 2015

ရွှေတိဂုံနှင့်ဒဂုံစီးတီး(၃)

ဒဂုံစီးတီးတည်ဆောက်တဲ့ အခါမှာရွှေတိဂုံကုန်းတော်ဟာ settlement ဖြစ်ပြီးပြိုနိုင်သလားလို့မေးကြတယ်။ ရေဘုယျအားဖြင့်တော့ နှစ်ပေါင်း ၂၅၀၀ ကျော်တည်ရှိနေတဲ့ အဆောက်အဦး ၊ ကျောက်သားပေါ်မှာချထားတဲ့ footing ဖြစ်နေလို့ settlement ကြောင့်ပြို မဲ့ အခြေအနေနည်းပါးပါတယ်။ ဒါပေမဲ့ ပြိုနိုင်တဲ့ အကြောင်းအရာတွေကလည်းအများကြီးစဉ်းစားဖို့ရှိနေပါတယ် ။ ပထမဆုံး settlement ဆိုတာဘာလဲဆိုတာမိတ်ဆက်ပေးပါ့မယ် ။ အပေါ်က structure သို့မဟုတ် ဖိအားတစ်ခုခုကြောင့်မြေကြီးနိမ့်ဆင်းသွားခြင်းလို့အကြမ်းဖျင်းမှတ်ရအောင် ။ တချို့  terms တွေကိုဘာသာပြန်ပြရတာ နည်းနည်းတော့အခက်အခဲရှိပါတယ်။ settlement 2 မျိုး ရှိပါတယ် long term settlement and short term settlement ပါ ။ long term settlement ကိုတော့ consolidation settlement လို့ခေါ်ပါတယ် ။ ရွှံ့စေးလို clayey and silty soil တွေမှာဖြစ်တတ်ပါတယ် ။ clay or silt တွေမှာ ခိုအောင်းနေတဲ့ရေဟာ အပြင်ကို ဖိအားကြောင့်ထွက်သွားပြီး မြေကြီး ကျစ်လစ်သွားပါမယ် ။ မြေသားထုထည်ကျုံသွားပါမယ် ။ အဲ့ဒါကို consolidation settlement လို့ခေါ်ပါတယ်။ short term settlement ကိုတော့ immediate settlement လို့ခေါ်ပြီး ဖိအားကြောင့် မြေသားထုထည်ချက်ခြင်းပြောင်းလဲသွားတာကိုခေါ်ပါတယ်။ သဲဆန်တဲ့မြေတွေကျောက်ပျော့တွေမှာတွေ့ရပါတယ် ။ ရွှေတိဂုံရဲ့အောက်ခံမြေသားဟာ clayey sand ဖြစ်လို့ immediate settlement ဖြစ်ဖို့များပါတယ်။ အဲ့ဒိ immediate settlement ကမှ differential settlement ဟာစိတ်ဝင်စားဖို့ကောင်းပါတယ် ။ differential settlement ကတော့ အောက်ခံမြေသား အပျော့အမာကွာတဲ့နေရာတွေမှာဖိအားကြောင့် ထုထည်ကွဲပြားစွာပြောင်းလဲသွားခြင်းပါ ။ သတ်မှတ်အတိုင်းအတာထက်ကျော်လွန်သွားရင်တော့ အန္တရာယ်ရှိပါတယ် ။ ပုံ (၁)မှာပြထားပါတယ်။ 
-
ရွှေတိဂုံမှာ differential settlement ဖြစ်နိုင်တာလေးတွေကိုခန့်မှန်းပြချင်ပါတယ်။ differential settlement ကိုတွက်ချက်တဲ့ အခါမှာမြေအောက်ရေကတော့ အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်ပါတယ်။ နှစ်ပေါင်း ၂၅၀၀ ကျော်ရှိတဲ့ အဆောက်အဦးဟာ settlement ကြောင့်မပြိုနိုင်ပါဘူးထင်ရင်မှားပါလိမ့်မယ် ။ အီတလီက ပီစာမျော်စင်ဟာ နှစ်ပေါင်း ၈၀၀ ကျော်တည်ရှိနေခဲ့ပေမဲ့ ပြီးခဲ့တဲ့ နှစ်တွေမှာဘဲ မပြိုကျအောင် မနည်းထိန်းသိမ်းခဲ့ရပါတယ် ။ differential settlement ကြောင့်ပါ ။ ပီစာမျော်စင်ဟာ သဲမြေပေါ်တည်ထားတာပါ။ ရွှေတိဂုံဟာလည်း သဲဆန်တဲ့မြေပေါ်မှာတည်ထားတာပါ။ မြေအောက်ရေအနိမ့်အမြင့်ဟာလည်း သဲဆန်တဲ့မြေပေါ်မှာအလွန်ထူးခြားပြောင်းလဲတတ်ပါတယ်။ ပီစာမျော်စင်ရဲ့အကျယ်အ၀န်းဟာရွှေတိဂုံထက်များစွာသေးပါတယ်။ အောက်ခံမြေသားဟာလည်းတသမတ်တည်းရှိနေတယ်လို့ယူဆရပါတယ် ။ ဒါပေမဲ့ မြေအောက်ရေအနိမ့်အမြင့်ဟာ တောင်ဘက်နဲ့မြောက်ဘက်မတူပါဘူး၊ မြောက်ဘက်ကပိုမြင့်နေတဲ့ အတွက် တောင်ဘက်ကိုစောင်းသွားတယ်လို့တွက်ဆလို့ရပါတယ်။ ပုံ (၂ )မှာဖေါ်ပြထားပါတယ်။ Geotechnical engineering ဘာသာရပ်ဟာ ၁၉ ရာစုအလယ်လောက်မှာ စတင်ခေတ်စားခဲ့ပေမဲ့ ၂၀၀၁ ရောက်မှ ပီစာမျော်စင်စောင်းသွားရခြင်းအကြောင်းအရင်းကိုသေချာဖေါ်ထုတ်နိုင်ခဲ့တယ်။ ဒါဟာဘာကိုပြောနေသလဲဆိုရင် geotechnical engineering ဘာသာရပ်မှာ formulate မလုပ်နိုင်တဲ့ mysterious တွေများစွာရှိနေပါသေးတယ် ။ ဘာမဆိုဖြစ်နိုင်ပါတယ် ။ Geotechnical engineer တွေ သတိမပြုမိတဲ့ မတွေးထားတဲ့ အချက်တွေသဘာဝမှာများစွာရှိနေပါသေးတယ်။
-
အဲ့ဒိတော့ ကျွန်တော်ကလည်း ရွှေတိဂုံနဲ့ ဒဂုံစီးတီးကို ပုံကြမ်းလေးဖေါ်ပြီးပြချင်ပါတယ်။ ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတာကတော့ ကျွန်တော်အပါအ၀င် ဘယ်သူမှပြောလို့မရနိုင်ပါဘူး ။ ပုံ (၃) ဟာ ဒဂုံစီးတီးမဆောက်ခင်ဖြစ်နိုင်ချေရှိတဲ့ ပုံကြမ်းဖြစ်ပြီးတော့ ပုံ(၄) ကတော့ သစ်ပင်များခုတ် ပြီး deep excavation များကြောင့် မြေအောက်ရေပြင်ကျဆင်းသွားခြင်းကြောင့်ဖြစ်နိုင်ချေ ရှိတဲ့ differential settlement ကိုဖေါ်ပြထားတာပါ ။ ဖြစ်နိုင်ခြေကိုတွက်ချက်ဖို့ဆိုတာလည်း developer ပေါ်မှာတာဝန်ရှိပါတယ်။ ဒါံ့ ပြင်ဆောက်နေဆဲကာလတွေမှာလည်း Groundwater monitoring sensor တွေ inclinometer တွေ load cell တွေကို ရွှေတိဂုံမှာတပ်ဆင် ပြီးမှန်မှန် monitor လုပ်ရမှာဖြစ်ပါတယ်။ technical term တွေပါသွားပြန်ပါပြီ ။ စာဖတ်သူများ ဖတ်ရှုရခက်မည်စိုးပါ၍ တချို့အသေးစိတ်အချက်အလက်တွေကို ချန်လှပ်ထားခဲ့ပါတယ်။ အသေးစိတ်သိလိုပါက ကွန်မန့်မှ ဖြစ်စေ ချက်ဘောက်မှဖြစ်စေ မေးမြန်းနိုင်ပါတယ်။ Bearing capacity failure ကိုတော့ နောက်နေ့မှာ ဆွေးနွေးပေးပါ့မယ် ။ တဖြည်းဖြည်းနဲ့ အရေးကြီးတဲ့ အပိုင်းကိုဖေါ်ပြသွားမှာပါ။
-
ထပ်ပြောပါမယ်။ ဖြစ်နိုင်ချေရှိတဲ့ failure ကို technical point of view ကနေ ထောက်ပြတာပါ။ မည်သူကိုမျှ ထိခိုက်စေခြင်းအလျဉ်းမရှိပါဘူး ။ တရားစွဲမယ်ဆိုတဲ့ ခြိမ်းချောက်မှု မျိုးကိုတော့ ဂရုမစိုက်လိုပါဘူး ။
P.S . နက်ဖန်တော့ Graduation Party ရှိနေလို့တရက်နားပါရစေ







Save Our Shwedagonပညာရှင်တစ်ဦးရေးသားထားတဲ့စာတမ်းတွေပါ။တန်ဖိုးရှိတဲ့စာတမ်းဖြစ်တာကြောင့် အားလုံးကိုပြန်လည်ဝေမျှပါတယ်။သမ...

Posted by The Melting Pot 4 U on Tuesday, 19 May 2015

No comments:

Post a Comment