Tuesday, May 19, 2015
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ပျောက်ကွက်လု နီးပါးဖြစ်နေသော ရွှေရောင်အမျိုး အစား ဆာဖာငါးတစ်ကောင်အား မေ ၁ရရက်တွင် သင်ပုတ်ချောင်းထဲမှ တံငါသည်များမှ ဖမ်းဆီးရမိခဲ့ရာ အဆိုပါ ဆာဖာငါးအား စီးပွားရေး သမားများမှ စုပေါင်း၍ ကျပ် ၅၅ သိန်းပေးကာ ဝယ်ယူသွားခဲ့ကြောင်း သိရသည်။
အဆိုပါငါးမှာ ရှားပါးကာ ရွှေ ရောင်အဆင်းရှိပြီး ငါးပေ သုံးလက်မ အရွယ်ရှိကာ ၂၂ပိဿာခန့် အလေး ချိန်ရှိကြောင်းနှင့် မြန်မာပြည်တွင်း ငါးဈေးကွက်၌ ကျပ်သိန်း ၁၀၀ ကျော်ခန့်အထိ အနိမ့်ဆုံးဈေးရနိုင် ကြောင်း ငါးကုန်သည်များဆီမှ သိရ သည်။
''ဒါက စွန့်စားမှုတစ်ခုပဲ။ လွန် ခဲ့တဲ့ ၁ဝနှစ်လောက်က ကျွန်တော့်ရှေ့ မှာပဲ ဒီထက်ငယ်တဲ့ ဆာဖာငါးကို ကျပ်သိန်း ၂၀ဝနဲ့ အရောင်းအဝယ်ဖြစ် သွားတာ မြင်ဖူးတယ်။ ဒီလို ငါးမျိုး က ရခဲတယ်။ မျိုးတုံးသွားပြီလို့ ပြော လို့ရတယ်။ သူရဲ့ဆီဖောင်းက အဖိုး တန်တယ်။ ဒီငါးရဲ့ ဆီဖောင်းကြီးရင် ကြီးသလို ဈေးလဲ ကြီးသွားမှာဖြစ် တယ်''ဟု ငါးဝယ်ယူခဲ့သူ တစ်ဦးဖြစ် သူ ဦးစိန်သန်းမောင်က ပြောကြား သည်။
အဆိုပါငါးကို သင်ပုတ်ချောင်း ကျေးရွာမှ တံငါးသည်များမှ အနီး အနားရှိ ချောင်းအတွင်း ငါးရှာဖွေ နေစဉ် ငါးမှာ ရေထဲမှာ ရုတ်တရက် ပေါ်လာသဖြင့် လှေလှော်တတ်မဖြင့် ရိုက်ကာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
''ငါးတစ်ကောင်ကို ကျပ် ၅၅ သိန်း ပေးဝယ်တော့ အံ့ဩမိတယ်။ ဒါပေမဲ့ ငါးကိုမြင်တော့ ကျွန်မတစ် သက်တစ်ခါမှမမြင်ဘူးတဲ့ငါးမျိုးဖြစ် နေတယ်။ သေနေတာတောင် ငါးရဲ့ ကိုယ်ထည် ရွှေရောင်တဝင်းဝင်း တောက်နေတယ်။ အရှင်သာဆိုရင် ရေထဲမှာ ဘယ်လောက်လှမလဲဆို တာ တွေးကြည့်ရုံနဲ့တောင် သိနိုင် တယ်။ ဘုရားဇာတ်နိပါတ်တော်တွေ ထဲမှာပါတဲ့ ရွှေငါးဆိုတာ ဒါမျိုးဖြစ် နိုင်တယ်။ ကျွန်မကတော့ နှမြောမိ တယ်''ဟု မင်းပြားမြို့ဒေသခံ ဒေါ်စံ မေနုက ဆိုသည်။
လက်ရှိအချိန်တွင် အဆိုပါငါး ကို ရေခဲရိုက်ထားပြီး ဝယ်ယူထားသူ စီးပွားရေးသမားများမှာ ရခိုင်တစ် ပြည်နယ်လုံးရှိ ငါးကုန်သည်များအား ချိတ်ဆက်လျက်ရှိကာ ဈေးပိုပေးနိုင် သူကို ရောင်းချမည်ဖြစ်ကြောင်း သိ ရသည်။
ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
Yangon Media Group
Yangon Media Group
- ယူနန်ပြည်နယ်တွင် မြန်မာမတွေကိုဒေါ်လာ ၃၂၀၀ နဲ့ ရနိုင်ပါသည် ဟုကြော်ငြာထားမှုများရှိနေ
- နှစ်ငါးဆယ်ကျော်က စေတီဟောင်းတစ်ဆူ အမေရိကန်ပြည်ထောင်စုတွင်ရှာဖွေတွေ့ ရှိ
- မြောက်ကယ်ရိုလိုင်းနားမှာ မြန်မာမိသားစုတိုက်ခိုက်ခံရ
- သေဆုံးတရုတ်တစ်ဦးလျှင်ဒေါ်လာတစ်သောင်းပေးရန် မြန်မာအစိုးရကမ်းလှမ်း
- ဖြိုးဖြိုးအောင်ကိုလွှတ်
- ဆန္ဒပြတဲ့လူငယ်တွေကိုအကြမ်းဖက်ခြင်း သမ္မတဦးသိန်းစိန်ပေးထားသည့်ကတိအားလုံးနှင့်ဆန့် ကျင်နေ
- အစ္စလာမ်စာလုံးကားမှာကပ်လို့ ဖမ်းဆီးတရားစွဲ
- မြန်မာနှင့်လာအို ပြည့်တန်ဆာ ၆၀ ထိုင်းနိုင်ငံတွင်ဖမ်းဆီး
- ဦးဝီရသူကို ကမ္ဘာ့မီဒီယာများက အစွန်းရောက်ဘုန်းကြီးဟုသုံးနှုန်း
- ပဒေါင်အမျိုးသမီးများကို အားကျ၍ လည်ပင်းတွင်ကြေးကွင်းများ ၀တ်ဆင်ခဲ့သည့် အမေရိကန်အမျိုးသမီး
- တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက သယံဇာတတွေကို အလုအယက်ရယူနေ
- သပိတ်စစ်ကြောင်းရပ်ဆိုင်းရေး ကျောင်းသားများသဘောထားကွဲလွဲ
- မြန်မာနိုင်ငံသဘာဝရင်းမြစ်များဆုံးရှုံးမှုအတွက် ၄င်းတို့ တွင်တာဝန်မရှိဟု တရုတ်ငြင်းဆို
- မင်းလှမြို့ တွင် ၅၀၀၀ တန်အတု ၂၅ရွက်ကိုင်ဆောင်သူ ဖမ်းဆီးရမိ
- ကမ္ဘာ့ ဈေးအကြီးဆုံးဖိနပ် ၁၀ ရံထဲမှာပါဝင်တဲ့ မြန်မာပတ္တမြား ၆၄၂လုံး
- ကိုးကန့် တိုက်ပွဲ လေတပ်သုံးတိုက်ခိုက်
- တိုက်ပွဲများကြောင့် တပ်မတော်သား ၄၇ ဦးကျ၊ ၇၃ ဦးဒဏ်ရာရ
- ကျဆုံးအစိုးရစစ်သည်များ၏ ပညာရေးအတွက် ဦးတေဇ သိန်းတစ်ထောင်လှူမည်
- ရန်ကုန်မှာ ဘတ်စ်ကားပဲစီးသည့် ကနေဒါသံအမတ်ကြီး ကတော်
- မှော်ဝန်းသားဦးခင်ညွန့် နှင့်အင်တာဗျူး
- စွမ်းအားရှင်မရှိဟု သမ္မတပြောခွင့်ရပုဂ္ဂိုလ် ယတိပြတ်ငြင်းဆို
- မြန်မာစစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့  တရုတ်ဖိအားပေး
- စွမ်းအားရှင်ပြန်လာပြီလား
- ဖမ်းဆီးခံကျောင်းသား ၅ဦးကို သာယာဝတီပို့ ဆောင်
- ကိုးကန့် တိမ်းရှောင်တပ်ဖွဲ့ ကိုကူညီသည်ဆိုကာ ရာထူးချခံရသည့် တရုတ်ဗိုလ်မှူးချုပ်
- အမျိုးသားနှစ်ဦးနမ်းနေသည့်ဓာတ်ပုံ လူမှုကွန်ယက်ပေါ်တင်သူ တရားစွဲမည်ဟု မြတ်သူကျော်ဆို
မင်းပြား၌ ဖမ်းဆီးရမိသည့် ရွှေရောင်ဆာဖာငါးအား စီးပွားရေးသမားများက ကျပ် ၅၅ သိန်းပေး ဝယ်ယူhttp://www.themeltingpot4u.com/2015/05/blog-post_297.html
Posted by The Melting Pot 4 U on Tuesday, 19 May 2015
No comments:
Post a Comment