Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 12, 2015

အနုပညာနဲ့ ပညာရေးဖက်ကို နှစ်ဖက်မျှအောင် ကြိုးစားနေရတဲ့အတွက် အနုပညာလှုပ်ရှားမှုတွေ နည်းသွားရင် နားလည်ပေးဖို့ ပရိသတ်ကို တောင်းဆိုလိုက်တဲ့ ခင်ရတနာဟိန်း


Miss Myanmar World 2014 မှာ First Runner Up ဆုကို ပိုင်ဆိုင်ရရှိခဲ့တဲ့ ခင်ရတနာဟိန်းက လက်တလောမှာတော့ ထိုင်းနိုင်ငံမှာ Social Science ဆိုတဲ့ Subject ကို အဓိက သင်ယူကာ ကျောင်းတက်နေရတဲ့အတွက်ကြောင့် အနုပညာလှုပ်ရှားမှုတွေနဲ့ အနည်းငယ်ဝေးကွာနေပါတယ်။ သူမ မြန်မာပြည် ပြန်ရောက်နေခိုက် သိချင်တာလေးတွေ မေးဖြစ်တဲ့အခါ "ဟိန်း အခုအနုပညာလှုပ်ရှားမှုတွေက အရင်ကထက် နည်းနည်းပါးပါးတော့ နည်းသွားတယ်။ ဘယ်လိုပြောရမလဲ။ ဟိန်းအခုကျောင်းကလဲ တစ်ဖက်က တက်နေရတယ်ဆိုတော့ အနုပညာနဲ့ ပညာရေးဖက်ကို နှစ်ဖက်မျှအောင် ကြိုးစားနေရတဲ့အတွက် အရင်ကလောက်တော့ သေချာ မလုပ်နိုင်တော့ဘူး။ အခုလက်ရှိ ဟိန်းလုပ်နေတာဆို အမ်တီဗီတွေ ရိုက်ဖြစ်တယ်။ ကြော်ငြာတွေရိုက်ဖြစ်တယ်။ များသောအားဖြင့် ထိုင်းနဲ့ဖက်စပ် ကြော်ငြာလေးတွေ ရိုက်ထားတယ်။ ကိုအောင်ရဲလင်းနဲ့ရိုက်ထားတဲ့ ကြော်ငြာလေးရှိတယ်။ ပြီးတော့ ကိုဘန်နီဖြိုးရဲ့ ချစ်ခွင့်မရှိဆိုတဲ့ သီချင်းလေးမှာ ပါဝင် သရုပ်ဆောင်ပေးထားတယ်။ ကိုဘန်နီဖြိုးက ဓာတ်ပုံဆရာ ၊ ဟိန်းက ကပေးရတယ်။ ကျောင်းကတော့ မြန်မာနိုင်ငံနဲ့မဝေးတဲ့ ဘန်ကောက်မှာ ကျောင်းတက်နေပါတယ်။ ဘာသာက Social Science ပါ။ ပြီးခဲ့တဲ့ အခေါက် စာနယ်ဇင်းပွဲတုန်းက မလာဖြစ်တာကို ပရိသတ်တွေအနေနဲ့ စိတ်မဆိုးပါနဲ့လို့။ နားလည်ပေးကြပါလို့။ ကျောင်းတစ်ဖက်ဖြစ်နေလို့ပါ။ ဒီနေ့လဲ ကျောင်းရှိတယ်။ ခွင့်ယူပြီးလာရတာပါ။ အဲ့ဒါကြောင့်ပရိသတ်တွေကို နှုတ်ဆက်တဲ့ အချိန်မှာနောက်ကျသွားတာပါ။"လို့ သူမက ပြောပြသွားပါတယ်။
Miss Myanmar World 2015 အတွက် ရွေးချယ်ပြီးဖြစ်တဲ့ အယောက် ( ၂၀ ) နဲ့ပတ်သက်ပြီးတော့လည်း  သူမက "ဟိန်းကြည့်ရသလောက် Experience တွေရှိကြတယ်။ မရှိလဲ ကြောက်စရာမလိုဘူး။ သူတို့ဖက်က အကုန်ပြန်သင်ပေးတယ်။ ခုနတုန်းက ဟိန်းအမေးအဖြေကို ကြည့်ရတုန်းက ဟိန်းဖြေခဲ့စဉ်က အမှားလေး တစ်ခုရှိတယ်။ ထင်ပါတယ်ဆိုတာ မဖြေရဘူး။ ခုနကလဲ စင်ပေါ်မှာ ထင်ပါတယ်ဆိုပြီး တော်တော်များများက ဖြေသွားတယ်။ အမှန်က ယုံကြည်ပါတယ်ဆိုပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိနဲ့ဖြေရမှာပါ။ Talent ပိုင်းမှာကျတော့ ကိုယ်နဲ့ အဆင်ပြေတဲ့ဟာကို ရွေးချယ်ပြီးပြသကြပါလို့မှာချင်ပါတယ်။ ကိုယ်စိတ်ဝင်စားတာ ကိုပဲ သေချာလေး ရွေးချယ်ပြီး ယှဉ်ပြိုင်ကြပါလို့မှာချင်တယ်။ မနှစ်ကပြိုင်ပွဲနဲ့ပတ်သက်ပြီး ပရိသတ်တွေက ဟိန်းကို အင်္ဂလိပ်စာ နဲနဲပါးပါးပြောတတ်တော့ အရမ်းအားပေးကြတယ်။ တကယ်တော့နိုင်နိုင်မနိုင်နိုင် အစွမ်းကုန်ကြိုးစားပြီးယှဉ်ပြိုင်ကြပါလို့လဲမှာချင်တယ်။ အနုပညာ မျိုးရိုးမရှိတဲ့ ဟိန်းအနေနဲ့ ခုလို ဒီနေရာကိုရောက်လာတဲ့အတွက် အရမ်းကို lucky ဖြစ်တယ်လို့ခံစားရပါတယ်။ နောက်ကမ်းလှမ်းလာရင်လဲ ဟိန်းလက်ခံသွားမှာပါ။ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး အင်္ဂလိပ်လို ဆိုရင်တော့ လက်ခံဖြစ်မယ်။ မြန်မာလိုဆိုရင် ဟိန်း အတွက် နည်းနည်း အခက်အခဲရှိတယ်။ ဟိန်းကတော့ နားလည်တယ်။ ပြန်ပြောတဲ့အခါမှာ သူများနားလည်အောင် သေချာ မပြောပြတတ်တဲ့ အခက်အခဲရှိတယ်။ လို့ပြောပြခဲ့ပါတယ်။
http://www.trend.com.mm/2015/05/05/yollywood-6512

No comments:

Post a Comment