Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 15, 2015

ဘန်ကောက်က ကေတီပယ်ရီရှိုးပွဲကို အသံဝင်တဲ့အထိ အားပေးခဲ့တဲ့ ဟန်သီ


ဘန်ကောက်တွင် ကြော်ငြာသွား ရောက်ရိုက်ကူးစဉ် ကေတီပယ်ရီ ၏ဖျော်ဖြေပွဲနှင့် ကြုံကြိုက်နေ သောကြောင့် သွားရောက်ကြည့် ရှုခဲ့ပြီး အသံဝင်သည်အထိ အား ပေးခဲ့ကြောင်း ဟန်သီက ပြော သည်။

‘‘အစကတော့ ကြည့်ဖို့ အစီအစဉ်မရှိဘူး။ ဒါပေမဲ့ ဘန် ကောက်မှာလည်း ရောက်နေ တယ်။ ဟန်သီကလည်း ကေတီ ပယ်ရီကို အရင်ကတည်းက ကြိုက်တယ်။ သူ့သီချင်းတွေလည်းရတော့ အရမ်းသွားချင်တယ်။ အဲဒါနဲ့ လက်မှတ်ကို မရရအောင် ဝယ်ပြီး သွားကြည့်ဖြစ်တာ’’ဟု ဟန်သီက ပြောသည်။

ကမ္ဘာကျော်အဆိုတော် ကေတီပယ်ရီသည် The Prismatic World Tour အမည်ဖြင့် ကမ္ဘာလှည့်ဖျော်ဖြေပွဲခရီးသွားရောက်လျက်ရှိပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မေလ ၁၄ ရက်ညက ဖျော်ဖြေပွဲပြုလုပ်ခဲ့သည်။

‘‘သူ့ကိုတွေ့တော့ အသံ တောင်ဝင်တယ်။ အရမ်းပျော်လို့၊ သူက လှလည်းလှတယ်။ တော်လည်းတော်တယ်။ သူ့ရဲ့ ပါဖောမန့်တွေကိုလည်း မျက်တောင် မခတ်ဘဲ ကြည့်ချင်တယ်။ နောက်ပြီး သူ့အနေနဲ့ Fun Serviceတွေ ပေးတာကလည်း အရမ်းကောင်း တော့ ဘယ်လိုနေလို့ နေရမှန်း တောင်မသိဘူး’’ဟု ကေတီပယ်ရီ ၏ဖျော်ဖြေပွဲနှင့်ပတ်သက်၍ ၎င်း၏ခံစားချက်ကို ပြောသည်။

ပွဲအစပိုင်းတွင် နောက်က ကြည့်နေသူများ မမြင်ရမည်စိုး၍ထိုင်၍ကြည့်​ရှုခဲ့သော်လည်း နောက်ပိုင်းတွင်မှု မတ်တတ်ရပ်၍ကကာ အားရပါးရ အားပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

‘‘ကေပေါ့ပ်တွေတော့ ကြည့် ဖူးတယ်။ ဒါပေမဲ့ အင်တာနေရှင် နယ် Europe (ဥရောပ)ဘက်က အဆိုတော်တွေထဲမှာတော့ ဒါ ပထမဆုံးပဲ’’ဟု ဟန်သီက ပြော သည်။

ဖျော်ဖြေမှုအစီအစဉ်များ ကောင်းသကဲ့သို့ တင်ဆက်မှုအစီအစဉ်များမှာလည်း ပရိသတ် များကို အံ့သြသွားစေသည့် တင် ဆက်မှုများ ပါဝင်ကြောင်း ၎င်းက ဆိုသည်။

မော်ဒယ် ဟန်သီသည် ဂျေ ဒိုးနပ်မုန့်ဆိုင်ကြော်ငြာရိုက်ကူး ရန် မေလ ၁၀ ရက်တွင် ဘန် ကောက်သို့ သွားရောက်ခဲ့ပြီး မေလ ၁၄ ရက် နေ့လယ်က မြန်မာ နိုင်ငံသို့ ပြန်လည် ရောက်ရှိလာ သည်။
http://7daydaily.com/story/37337

No comments:

Post a Comment