Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 15, 2015

ရွေးကောက်ပွဲဝင်မည်ဟုပထမဆုံးပြောသော တပ်မတော်အရာရှိကြီး

Saturday, May 16, 2015 
ကာကွယ်ရေးဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က တာဝန် ပေးအပ်လျှင် ရွေးကောက်ပွဲတွင် ဝင်ရောက်ရွေးချယ်ခံရန်ရှိကြောင်းမေလ ၁၅ ရက်၌ ထုတ်ဖော် ပြောကြားလိုက်သည်။သို့သော် ကိုယ်စားပြုဝင် ရောက်ယှဉ်ပြိုင်မည့်ပါတီနှင့် မဲ ဆန္ဒနယ်ကိုမူ မပြောနိုင်သေး ကြောင်း ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က မေလ ၁၅ ရက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးအပြီး၌ သတင်းထောက်များနှင့်တွေ့ဆုံ စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ထို့အပြင် တပ်မတော်ထိပ် ပိုင်းခေါင်းဆောင်အချို့လည်း ရွေးကောက်ပွဲတွင် ဝင်ပြိုင်နိုင် ကြောင်း ၎င်းက ဆက်လက် ပြော သည်။

၂၀၁၅ ရွေးကောက်ပွဲကျင်းပ ရန် ခြောက်လသာလိုတော့ချိန် ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်မတော်ထိပ်ပိုင်းခေါင်း ဆောင်ကြီးများ၏နိုင်ငံရေးခြေ လှမ်းအပေါ် အားလုံးက စိတ်ဝင် စားစောင့်ကြည့်နေချိန်တွင် တပ် မတော်ထိပ်ပိုင်းခေါင်းဆောင်များ ရွေးကောက်ပွဲဝင်မည်ဖြစ် ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပထမဆုံး ထုတ်ဖော် ပြောကြားလာခြင်းလည်း ဖြစ် သည်။

‘‘တာဝန်ပေးတယ်ဆိုရင် ကိုယ်တို့လုပ်မှာပါ။ ဘာကြောင့် လဲဆိုတော့ ကိုယ်တို့အနေနဲ့ အ သက်အရွယ်အားဖြင့် လုပ်နိုင် သေးတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါတယ်။ ဒါကြောင့်မို့ လုပ်ဖြစ်မှာပါ’’ဟု ဒုတိယဗိုလ်ချုပ် ကြီးဝေလွင်က ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် မှာ နိုင်ငံရေးရာထူးယူထားသည့် တပ်မတော်သား ဒုဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်သည်။ ဗိုလ်သင်တန်း အပတ်စဉ်(၁၈)မှ ဖြစ်ပြီး ယခု ၂၀၁၅ မှာ ၎င်း၏အသက်(၆၀) ပြည့်သည့်နှစ်ဖြစ်သည်။ စစ်မှု ထမ်းစည်းမျဉ်းအရ အသက်(၆၀) မပြည့်မီ လေးလအလိုကတည်း က မိမိ၏အငြိမ်းစားဘဝအတွက် ပြင်ဆင်မှုများကို လစာပြည့်၊ မူလရာထူးနှင့်ပင် လုပ်နိုင်ခွင့်ရှိရာ ဗိုလ်ချုပ်ကြီးအနေဖြင့် နိုင်ငံရေး ဝါသနာပါပါက ရွေးကောက်ပွဲဝင် နိုင်ကြောင်း တပ်မတော်ထိပ်တန်း အရာရှိကြီးတစ်ဦးက ပြောကြား သည်။

‘‘ကာကွယ်ရေးဝန်ကြီးဒုဗိုလ် ချုပ်ကြီးဝေလွင်က DSA အပတ်စဉ် (၁၈)ကဖြစ်လို့ အခုဒီနှစ်က သူ့အ သက်(၆၀)ပြည့်တဲ့နှစ်လည်းဖြစ် တော့ ပင်စင်ယူပြီး နိုင်ငံရေးလုပ် မယ်ဆိုရင် လုပ်လို့ရတဲ့ အပိုင်းအ ခြားတော့ ဖြစ်နေတယ်’’ဟု နိုင်ငံ ရေးဆောင်းပါးရှင် ထက်ယံက ပြောသည်။

တပ်မတော်သားများအနေ ဖြင့် ကိုယ်စားလှယ်လောင်း ဝင် ရောက်ယှဉ်ပြိုင်ရန် ပါတီသို့ တင် သွင်းလာပါက လက်ခံစဉ်းစားရန် ရှိကြောင်း တပ်မတော်အစိုးရ ခေါင်းဆောင်အများစုဖြင့် ဖွဲ့စည်း ထားသည့် လက်ရှိအာဏာရပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက မကြာမီရက်ပိုင်းအတွင်း သတင်း မီဒီယာများအား ပြောကြားခဲ့ သည်။

သို့သော် ကာကွယ်ရေးဝန် ကြီးက တာဝန်ပေးလာပါက ရွေး ကောက်ပွဲဝင်ရန် ရှိကြောင်း ပြော ကြားမှုနှင့်ပတ်သက်၍ အသေး စိတ်မသိရှိကြောင်းနှင့် ရွေး ကောက်ပွဲဝင်ရန် ကာကွယ်ရေး ဝန်ကြီးအား မည်သူကမျှ တာဝန် ပေး၍မရကြောင်း ဦးဌေးဦးက 7 Day Daily သတင်းစာအား ပြောကြားသည်။

‘‘ဒါနဲ့ပတ်သက်လို့တော့ ကျွန်တော် မကြားမိသေးဘူး။ ဒါပေမဲ့ အရွေးခံဖို့ တာဝန်ပေး တယ်ဆိုတာနဲ့ပတ်သက်လို့ သူ ဘယ်ပါတီက ၀င်ပြိုင်မယ်ဆိုတာ မသိဘူး။ သူပြိုင်မယ့်ပါတီက တာဝန်ပေးရမှာပေါ့။ အဲဒီအချိန် မှာ ပါတီဝင်ဖြစ်နေဖို့လည်း လို တယ်။ ပါတီဝင်ဖြစ်ရင်တော့ ခုန၀န်ထမ်းကိစ္စတွေ ဘာမှမရှိရ တော့ဘူးပေါ့။ သူဒီလိုလုပ်ဖို့ကို ဘယ်သူမှ တာဝန်ပေးလို့ မရဘူး လေ။ ကျွန်တော်တို့ပါတီက ပြိုင် မယ်ဆိုရင်တောင် ဗဟိုအလုပ် အမှုဆောင်အဖွဲ့က တာဝန်ပေး မှရမှာ။ ကျွန်တော်ကိုယ်တိုင် လည်း ဒီအတိုင်းပဲ ၀င်ပြိုင်ခဲ့ရတာ’’ ဟု ၎င်းက ပြောကြားသည်။

သို့သော် ကာကွယ်ရေးဝန် ကြီးမှာ နိုင်ငံရေးရာထူး ယူထား သူဖြစ်ရာ သမ္မတက တာဝန်ပေး နိုင်ပြီး တပ်မတော်သားတစ်ဦး ဖြစ် သည့်အတွက် ကာကွယ်ရေး ဦးစီး ချုပ်ကလည်း တာဝန်ပေးနိုင် ကြောင်း တပ်မတော်အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောသည်။

ထို့ပြင် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်မှာ တပ်မတော်တွင်း ရော မွေးရပ်မြေတွင်ပါ လူချစ် လူခင်များပြီး သဘောထား ပျော့ပျောင်းသူဖြစ်၍ ပါတီတစ်ခု ခုကို ၀င်ရောက်ရန် မလိုဘဲ ၎င်း သာဆန္ဒရှိပါက တစ်သီးပုဂ္ဂလအ နေဖြင့်ပင် ရွေးကောက်ပွဲကို ၀င် ရောက်ယှဉ်ပြိုင်နိုင်သည့် ကျော ထောက်နောက်ခံကောင်းကောင်း ရှိနေကြောင်း ကာကွယ်ရေးဝန် ကြီးနှင့် နီးစပ်သူတစ်ဦးက ပြော သည်။

ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပမည့်နေ့ကို ရွေးကောက်ပွဲ မကျင်းပမီ သုံးလ ကြိုတင်ကြေညာမည်ဖြစ်ပြီး နိုင်ငံ ရေးပါတီများအနေဖြင့် ရွေး ကောက်ပွဲရက်မတိုင်မီ ရက်ပေါင်း၆၀ မဲဆွယ်စည်းရုံးနိုင်ကြောင်း ပြောကြားထားသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာတွင် ကျင်းပမည်ဟု ပြောကြားထားရာ ကာကွယ်ရေးဝန် ကြီးအနေဖြင့် ရွေးကောက်ပွဲဝင် မည်ဆိုပါက နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးမည့်ကာလတွင် စတင်၍ ရာထူးမှ အနားယူကာ နိုင်ငံရေးအလုပ်များ စတင်လုပ် နိုင်ဖွယ်ရှိကြောင်း တပ်မတော် အရာရှိကြီးဟောင်းတစ်ဦးက ပြောသည်။

‘‘၂၀၀၈ ဖွဲ့စည်းပုံအရတော့ ၁၀၀ ရာခိုင်နှုန်း အရပ်သားကိုယ် စားလှယ်တွေ မဖြစ်နိုင်သေးဘူး။ တပ်ရဲ့ပါဝင်မှု ရေချိန်မြင့်နေသေး တဲ့ သဘောပေါ့။ စစ်ဗိုလ်ချုပ်ကြီး ပဲဖြစ်ဖြစ်၊ အရပ်သားပဲဖြစ်ဖြစ် ဘယ်သူမဆို လွတ်လွတ်လပ်လပ် နဲ့ ရွေးကောက်ခံပိုင်ခွင့် ရှိပါ တယ်။ ဒါပေမဲ့ တာဝန်ပေးရင်ဆို တဲ့ အနေအထားကျတော့ ကိုယ့် စိတ်ဆန္ဒမဟုတ်ဘဲနဲ့ လွတ်လွတ် လပ်လပ် မရှိသေးဘူးဆိုတာကို ဖော်ပြရာရောက်တယ်။ ဒါပေမဲ့ ၂၀၁၀ လောက်တော့ လွယ်လွယ် ကူကူနိုင်မှာတော့ မဟုတ်တော့ ဘူး။ နိုင်ငံတကာကလည်း စောင့်ကြည့်နေတယ်။ ပြည်သူတွေကလည်း နိုင်ငံရေးရေချိန်မြင့်မားလာပြီ’’ ဟု ၈၈ မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေးက ပြောသည်။

ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် (ဓာတ်ပုံ−ငြိမ်းချမ်းနိုင်/အီးပီအေ)
7Day Daily

No comments:

Post a Comment