Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 2, 2015

မေ၀ယ်သာနှင့်ပက်ကွီအိုတို့ပွဲစဉ်ကို အခပေးရုပ်သံလိုင်းအချို့တွင် တိုက်ရိုက်ထုတ်လွှင့်မည်


ရန်ကုန် -

ကမ္ဘာ့လက်ဝှေ့အကျော်အမော်နှစ်ဦးဖြစ်သည့် မေ၀ယ်သာနှင့် ပက်ကွီအိုတို့၏ သမိုင်းဝင်လက်ဝှေ့ပွဲစဉ်ကို SkyNet ရုပ်သံလိုင်းတွင် Fight Sport HD ရုပ်သံလိုင်း၊ 5 Network နှင့်MRTV-4 ရုပ်သံလိုင်းများတို့မှ Fight Sport Channel တို့တွင်တိုက်ရိုက်ပြသပေးသွားမည်ဖြစ်ကြောင်း ရုပ်သံလိုင်းများမှ သတင်းရရှိသည်။ SkyNet စက်မှ SkyNet Fight Sport HD ဝယ်ယူထားသော သူများသာ ကြည့်ရူ့နိုင်မည်ဖြစ်ပြီး SkyNet Fight Sport ရိုးရိုးရုပ်သံလိုင်းဝယ်ယူထားသူများအတွက် ကြည့်ရူ့ခွင့်ရရန် ကြိုးစားနေဆဲဖြစ်ကြောင်း SkyNet ရုပ်သံလိုင်း အားကစားချန်နယ်မန်နေဂျာ ကိုသစ္စာက ပြောသည်။

“သူလာတဲ့ရုပ်သံလိုင်းကိုက HD ဖြစ်နေတယ်။ SkyNet သမားတွေ အကုန်ကြည့်ရဖို့ဆိုရင် ချန်နယ်တစ်ခု ထပ်လုပ်ရမလို ဖြစ်နေတယ်။
အခုအထိတော့ Fight Sport HD သမားတွေအတွက်က ကြည့်ရမယ်။ ရိုးရိုးသမားတွေအတွက်က စီစဉ်ကြိုးစားနေတုန်းပဲ။
ပြောလို့မရသေးဘူး။ ကြိုးစားပြီး လုပ်နေပါတယ်”ဟု ကိုသစ္စာက မေလ၂ရက် နံနက်ပိုင်းက ပြောသည်။
“MRTV-4 ရော 5 Network ရော Fight Sport ပါတဲ့ လိုင်းက ပြသွားမှာပါ။ HD လိုင်းရော ရိုးရိုးလိုင်းမှာရော ပြသွားမှာပါ။
အဲဒီစက်တွေ နှစ်ခု ဝယ်တဲ့သူတွေကြည့်ရမှာပါ။မနက်၇နာရီခွဲကနေစပြီး ပြမယ်”ဟု MRTV-4
အာကစားလိုင်းမှ အားကစားအယ်ဒီတာ ကိုသော်မောင်မောင်က ပြောသည်။

SkyNet ရုပ်သံလိုင်းသည် အဆိုပါပွဲစဉ်အား ပြသရန် မေ၁ရက်ထိ သဘောတူညီမှု မရသေးသည့်အတွက် ပြသဖြစ်တော့မည်မဟုတ်ကြောင်း ဖြေကြားခဲ့သော်လည်း မေလ၂ရက် နံနက် ၃နာရီအချိန်မှသာ ပြသရန် သဘောတူညီမှုရရှိခြင်း ဖြစ်ကြောင်း 7Day Daily သို့ ပြန်လည်ပြင်ဆင်ဖြေကြားခဲ့သည်။
မေလ ၂ရက်( မြန်မာစံတော်ချိန် မေလ ၃ရက် နံနက်ပိုင်း)တွင် ယှဉ်ပြိုင်မည့် ယင်းပွဲစဉ်ကို အမေရိကန်နိုင်ငံ
လော့စ်အန်ဂျလိစ်မြို့ လာ့စ်ဗီးဂတ်စ်ရှိ MGM Grand Garden အားကစားရုံကြီး၌ ကျင်းပမည်ဖြစ်သည်။

မေ၀ယ်သာနှင့် ပက်ကွီအိုတို့ ပွဲမတိုင်မီ ပွဲစဉ်နှစ်ပွဲ ထိုးသတ်သွားမည်ဖြစ်သည်။ မေ၀ယ်သာနှင့်
ပက်ကွီအိုတို့သည် မြန်မာစံတော်ချိန် နံနက် ၁၀နာရီခွဲအချိန်တွင် ထိုးသတ်သွားမည်ဟု ခန့်မှန်းထားကြောင်း
ကိုသော်မောင်မောင်က ပြောသည်။

မေ၀ယ်သာနှင့်ပက်ကွီအိုတို့ နှစ်ဦး ယှဉ်ပြိုင်မည့် လက်ဝှေ့ပွဲမှာ သမိုင်းတွင် ၀င်ငွေအများဆုံးနှင့် ဆုကြေးအများဆုံးရရှိသည့်
ပွဲဖြစ်မည်ဖြစ်ကာ ၀င်ငွေပေါင်သန်း ၁၅၀(ဒေါ်လာသန်း ၃၀၀ကျော်)ကို အားကစားသမားနှစ်ဦး ခွဲဝေရရှိမည်ဖြစ်သည်။

အသက်(၃၈)နှစ်အရွယ်ရှိ မေ၀ယ်သာသည် ကမ္ဘာ့ချန်ပီယံ ဆု(၁၁)ကြိမ် ရရှိခဲ့ပြီး
ထိုးသတ်ခဲ့သမျှ ၄၇ပွဲစလုံး အနိုင်ရရှိထားကာ ယင်းအနက် ၂၆ပွဲသည် အလဲထိုး ပွဲများဖြစ်ခဲ့သည်။ အသက်(၃၆)နှစ်အရွယ်
ပက်ကွီအိုမှာမူ ၅၇ပွဲနိုင် ၅ပွဲရှုံး၊ နှစ်ပွဲသရေကျထားကာ အလဲထိုးနိုင်ပွဲ ၃၈ပွဲ ရှိခဲ့သည်။
7Day News Journal

No comments:

Post a Comment